(( 9 ))

6.8K 737 16
                                    

|| Unicode ||


မွန်းကြပ်နေသောစိတ်တို့ကြောင့် Hoseokတစ်ယောက် ဧည့်ခန်းတွင်ထိုင်ကာတစ်ယောက်တည်းသောက်နေမိပြန်သည်။

တကယ်တော့ သူ့အမှားတွေသာဖြစ်ခဲ့သည်ထင်သည်။ သာယာနေသောဘဝငယ်တို့ကို မုန်တိုင်းထန်စေခဲ့သူကလည်းသူ။ ပွင့်သစ်စပန်းအဖူးအငုံလေးတွေကို အညှာချိုးဖျက်စီးမိခဲ့သူကလည်းသူပင်ဖြစ်နေခဲ့သည်ပဲ။

'အချစ်'

လူကိုပျော်ရွှင်အေးချမ်းစေသလို အဆိပ်အတောက်ဖြစ်စေပြီးထိခိုက်ပျက်စီးစေတဲ့လက်နက်တစ်ခု။ သူဘာလိုများ မချစ်သင့်တဲ့သူကိုချစ်မိပြီး မလုပ်သင့်တာတွေလုပ်ခဲ့မိပါလိမ့်? 

သူ့ကြောင့်သာမဟုတ်ရင် Jiminieလည်းအခုချိန်မှာချစ်ရတဲ့သူနဲ့ပျော်ရွှင်နေပြီး Taehyungလည်းအရင်လိုအေးချမ်းပျော်ရွှင်နေတဲ့ လူသားကလေးပဲဖြစ်နေမလား?

သူကတော့အေးအေးဆေးဆေးနေရပြီး ကျန်တဲ့သူတွေကရောအေးဆေးပါ့မလား? Yoongiအိပ်ပျော်နေသည့်အခန်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရင်း သက်ပြင်းတစ်ခုချမိပြန်သည်။

Min Yoongi...သူ့ဘဝတွင်မနာလိုရသော ပထဆုံးလူသားတစ်ယောက်။ သို့သော်ထိုလူကိုမုန်းသလားဆိုတော့ မမုန်းပါ။ ကိုယ်ချစ်ရသူရဲ့ဆိုင်သူဖြစ်နေခဲ့သည့်Min Yoongiကိုသူမမုန်းခဲ့။ ကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်အောင် ကြိုးစားခဲ့ရုံလေးသာပါ။ သို့သော် သူ့အချစ်ရဲ့စွမ်းအင်ဟာ အဆိပ်အတောက်ဖြစ်ခဲ့သည်ထင်။

အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင် သူ့အမှားတွေကိုပြင်ဆင်ခွင့်ရချင်မိတယ်။

'တီ တီ တီ'

ထိုစဉ်တိုက်ခန်းတံခါးရဲ့လျို့ဝှက်နံပါတ်ရိုက်သံကြားမိသည်မို့ လူကမတ်တပ်ထရပ်မိသား။ မျှော်နေသူမလို့ အပေါက်နားသွားကာစောင့်နေလိုက်သည်။

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ ဆံပင်ပန်းရောင်ဆိုးထားသည့်ခေါင်းလုံးလုံးပိုင်ရှင်လေးကို အပြုံးနွမ်းလျလျလေးဖြင့်ဆီးကြိုလိုက်ရင်း။

"သူအခန်းထဲမှာရှိတယ် အိပ်နေပြီ ဝင်သွားလိုက်လေ"

ထို့နောက်သူသောက်ထားသည့် ဘီယာဘူးခွံတွေကိုသိမ်းရင်းမီးဖိုခန်းဘက်ထွက်လာတော့ Soobinဆီကဖုန်းဝင်လာသည်။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now