(( 16 ))

6.6K 695 56
                                    

Unicode

မနက်စာစားပွဲလေးသည် လူစုံတက်စုံဖြစ်နေသည်မလို့ တစ်အိမ်လုံးတက်ကြွစည်ကားလျက်ရှိသည်။  အဒေါ်ကြီးနှင့် Yoongiရဲ့အမေကဟင်းရည်အိုးနှင့် ဟင်းတွေစားပွဲသို့ချနေသည်။ Yoongiနှင့် Yeonjunကတော့ စားပွဲတွင်ကြိုရောက်ကာ နေရာအသင့်ယူထားပြီဖြစ်သည်။

Yoongiမျက်နှာကတော့ သုန်သုန်မှုန်မှုန်ရယ်သာ။ အရယ်အပြုံးလဲမရှိ။ အမေကိုလည်းအိမ်လာလည်နေလို့ ကြိုဆိုနေတဲ့မျက်နှာထားလဲမရှိ။ ဝတ္တရားအရသာ စားပွဲတွင်မျက်နှာသေနှင့် ဝင်ထိုင်နေရသည်။

ဟင်းရည်ပန်းကန်လေးတွေကို တစ်ယောက်စီရဲ့နေရာရှေ့တွင်ချပေးလိုက်ရင်း Taehyungကိုမတွေ့တော့ အမေကမေးလာသည်။

"Taeလေးရောမနိုးသေးဘူးလား Yoongi တစ်ခါတည်းမခေါ်ခဲ့ဘူးလား?"

"မသိဘူးသူ့အခန်းဘက်မရောက်ခဲ့ဘူး ခဏနေJungkookလာလိမ့်မယ်"

"Jungkook? "

Ommaကမသိသလိုနှင့်မေးတော့ သူကပြန်မဖြေ။ Ommaပဲအဲ့စင်တာနဲ့လှမ်းချိတ်ပြီးTaehyungအတွက်လူလွှတ်လိုက်တာမလား? ဘာလို့မသိတဲ့ပုံနဲ့လာမေးနေတာလဲ??

သူပြန်မဖြေတော့ ဘေးကမနေတတ်တော့သည့်အဒေါ်ကြီးကပဲအားနာနာနှင့် ဝင်ဖြေပေးရတော့သည်။

"အဲ့ဆရာလေးက Tae Taeလေးအတွက်သူဌေးကတော်ပြောထားတဲ့စင်တာကကျန်းမာရေးဝန်းထမ်းပါ"

Yoongiအမေက ဘာမှတော့ထပ်မပြောတော့။ သူမစိတ်ထဲအသည်းအသန်စဉ်းစားနေတာ ကလေးနှစ်ယောက်ကလက်ထပ်ပြီးပြီကို အခန်းခွဲအိပ်လေသလား?? ငယ်ငယ်ကတည်းကညီအစ်ကိုအရင်းတွေလိုသံယောစဉ်တွေနဲ့ ကြီးပြင်းလာခဲ့ကြသည်မလို့ နောက်ဆုံးတော့လဲ သူမတို့ရဲ့အစီအစဉ်အတိုင်းဖြစ်လာခဲ့ကြသည်မလား? ထို့ကြောင့် ထိုကိစ္စတွေအထိတော့သူမလည်းလိုက်မပြောချင်တော့။

Jungkookကမနက်ပိုင်းဆို အစောကြီးပြန်ရောက်လာတတ်သည်မလို့ အခုလည်းအပျင်းလေးကိုထုံးစံအတိုင်းမျက်နှာသစ်သွားတိုက် အင်္ကျီလဲခြင်းအမှုပြုပေးနေသည်။

အင်္ကျီလဲသည်အထိကို မျက်လုံးကမပွင့်ချင်သေး။ ခုတင်ပေါ်တွင်ငုပ်တုပ်လေးထိုင်ငိုက်သည်ကအသည်းယားစရာ။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ