(( 7 ))

7.6K 752 24
                                    

|| Unicode ||


နိုးလာသည့်အသိကိုစတင်ခံစားမိတော့ နွေးထွေးမှုကိုဦးစွာခံစားမိသည်။ မမြင်ရသောအသိမှခံစားမိသည်က တစ်စုံတစ်ယောက်သူ့အနားတွင်ရှိသည်ဟူသောအသိ။

သူဖက်ထားသည့်အရာသည် လူတစ်ယောက်၏ခါးမှန်းTaehyungသိလိုက်သည်။ ထို့နောက် နှာခေါင်းထဲသို့ရောက်လာသည့်ကိုယ်နံသင်းသင်း တိတိကျကျပြောရပါလျှင် သစ်စိမ်းရေမွှေးနံ့သင်းသင်းလေးရောနေသော ကိုယ်သင်းရနံ့။

ဘယ်သူဆိုတာကို Taehyungသိနေပြီဖြစ်သည်။ သူ့အနားတွင် ညတိုင်းလိုလိုမအိပ်မချင်းစောင့်ပေးတတ်သည့်Jungkookကို သူလေးကောင်းစွာမှတ်မိနေပြီဖြစ်သည်။

အမှန်လည်းJungkookသည် Taehyungခုတင်ပေါ်တွင်ထိုင်လျက်ခေါင်းရင်းသို့မှီကာထိုင်လျက်အိပ်ပျော်နေခြင်းဖြစ်သည်။ ညကTaehyungမှာအဖျားတက်လိုက်ကျလိုက်ဖြစ်သဖြင့် ရေဘတ်ထတိုက်ပေး အင်္ကျီလဲပေးဆေးထိုးပေးဖြင့် တစ်ညသူလည်းကောင်းကောင်းမအိပ်ရသေး။ အဖျားရှိန်ကြောင့် ယောင်ကာငိုသေးသည်မို့ ချော့ရသေးသည်။

ခါတိုင်းလိုပင် သူ့လက်ကိုမလွှတ်ပေးသည်မို့ ပင်ပန်းကာအိပ်ချင်လှပြီဖြစ်သော်လည်း မလွှတ်ရက်။ ထို့ကြောင့် အဖျားနည်းနည်းကျကာအိပ်မောကျသွားမှ Taehyungကုတင်ပေါ်ဝင်ထိုင်လိုက်ရင်း လူနာစောင့်ပေးရင်း တစ်အောင့်ကြာတော့သူလဲအိပ်ပျော်သွားခြင်းဖြစ်သည်။

အဖျားမရှိတော့သော်လည်း လူကနုံးချိနေသေးသည်။ ဘယ်ချိန်ရှိနေပြီသူမသိ။ ထလဲမထနိုင်။ ဆက်လည်းမလှဲနေချင်တော့။ Jungkookကိုင်ထားသည့် လက်လေးကိုအသာလွှတ်ပြီးသူထဖို့ကြိုးစားလိုက်သည်။ သို့သော် သူထလို့လှုပ်သွားလျှင်Jungkookနိုးသွားမှာလဲစိုးရိမ်သည်။ သူဘယ်လောက်ထိညကဖျားထားလည်း သူသိသည်မလို့တစ်ညလုံးအိပ်ကောင်းခြင်းမရမည့်Jungkookကိုတွေးမိတော့ အားနာသလိုသနားရသည်။

အခုလည်းအသက်ရှုသံပြင်းပြင်းကိုကြားရရုံဖြင့် Jungkookအိပ်ပျော်နေမှန်းTaehyungသိပါသည်။ ထို့ကြောင့်သူငြိမ်ငြိမ်လေးနေရန်သာဆုံးဖြတ်လိုက်သည်။ အရေးထဲသူ့ရင်ဘတ်လေးပေါ်လက်လေးတင်ကာ ကလေးချော့သိပ်သလိုအိပ်နေသည့်Jungkookကြောင့် ရင်ထဲကဖိုသီဖတ်သီနဲ့ ဘာဖြစ်လာမှန်းမသိ။ ခြုံထားဆဲဖြစ်သည့်စောင်လေးကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တော့သည်။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Opowieści tętniące życiem. Odkryj je teraz