(( 8 ))

7K 779 53
                                    




// Unicode //

Taehyungကိုရေမိုးချိုးအဝတ်အစားထုတ်ပေးပြီးပေးပြီး ကုတင်လေးပေါ်တွင်ထိုင်စေသည်။ ခေါင်းသုတ်ပေးဖို့တဘတ်ယူပြီးအသွား အခန်းထဲဝင်လာသည့်Min Yoongiကအသံတော့မပေး။ မျက်နှာရိပ်ဖြင့်သူသုတ်ပေးမည်ပြောတာကြောင့် ထိုသူလက်ထဲသာတဘတ်ပေးထားခဲ့၍ ထွက်လာခဲ့ရသည်။ ကုတင်ပေါ်ကမလှုပ်မယှက်ထိုင်နေသည် ကြွေရုပ်လေးကတော့ဘာမှမသိ။

ရေမိုးချိုးပြီးသည်အထိ ညနေပိုင်းကJeonသင်ပေးထားသည့်သံစဉ်နဲ့လက်ကွက်တွေကခေါင်းထဲကမထွက်သေး။ မျက်စိထဲမြင်ယောင်ကာ စိတ်ထဲမှအလွတ်ကျက်မှတ်နေမိသည်။

ထိုစဉ်ခေါင်းပေါ်ရောက်လာသည့်တဘတ်နှင့်အတူ ရလိုက်ရသည့်ရင်းရင်းနှီးနှီးကိုယ့်နံ့ပိုင်ရှင်ကြောင့် ပျော်သွားတဲ့စိတ်လေးကရင်ထဲမှာလှိုုက်ခနဲ။

"Hyung!!"

ခေါ်သံလေးနဲ့အတူ ခါးကိုဖက်လာသည့်Taehyungieကြောင့် Yoongiခေါင်းလေးကိုအလိုက်သင့်ပြန်ဖတ်ပေးထားလိုက်သည်။

"မနေ့ကဘယ်ရောက်သွားတာလဲ? ကျွန်တော်စောင့်နေတာကို "

"အင်း Hyungအလုပ်ကိစ္စလေးရှိလို့ပါ TaeTaeအတွက် ခေါက်ဆွဲအေးဝယ်လာတယ်သိလား?"

"တကယ်?"

"အင်း...ခေါင်းမြန်မြန်သုတ်ပြီးသွားစားမယ်"

သူခေါင်းသုတ်ပေးတော့ မျက်လုံးလေးပြူးကာငြိမ်ငြိမ်လေးထိုင်နေပြန်သည်။ Taehyungရဲ့လှပတဲ့မျက်ဝန်းတောက်တောက်လေးတွေကိုမြင်တိုင်း ဆုံးရှုံးသွားတဲ့အမြင်အာရုံတွေအတွက်နောင်တကလဲအခါထပ်ထပ်အခါအခါ။

သူအိမ်ပြန်လာရင် သူဝယ်လာမည့်မုန့်မျိုးစုံကိုစောင့်ကြိုတတ်သည့်ညီငယ်လေး သူနဲ့တအိမ်လုံးပတ်ပြေးကာဆော့တတ်သည့်ကလေးငယ် သူနဲ့ဂိမ်းတူတူဆော့ခဲ့တဲ​့Taehyungieရဲ့ပုံရိပ်စစ်တွေပျော်ရွှင်မှုတွေဟာ မျက်မမြင်ဘဝသို့ရောက်ခဲ့ရပြီဖြစ်၍ ထပ်မရရှိနိုင်တော့။ အဲ့လိုတစ်သက်လုံးဘယ်တော့မှ သူအဖြစ်ခံမည်မဟုတ်။ Hyung မင်းအတွက်မျက်ကြည်လွှာအလှုရှင်အတတ်နိုင်ဆုံးမြန်မြန်ရှာပေးမယ်Tae Tae။

"Hyung"

"အင်း"

"Jiminကိုသတိရတယ်"

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Opowieści tętniące życiem. Odkryj je teraz