LATTE-23 (Unicode)

763 149 12
                                    

ဒီနေ့တော့ ဂျွန်သည် ကော်ဖီဆိုင်လေးထဲသို့ စောစောစီးစီးရောက်နေရသည်။အကြောင်းရင်းသည် မနေ့က သန့်ရှင်းရေးပင်မလုပ်ပဲ ဆိုင်ကိုအလျင်အမြန်ပိတ်ကာ ထွက်လာခဲ့ရသောကြောင့်ပင်။ဂျွန်က ရှိသမျှစားပွဲဝိုင်းတွေကို ဖုန်သုတ်ပြီး ကြမ်းပြင်ကို အမှိုက်တစ်စပင်မကျန်ရအောင် တံမြက်စည်းလှည်းနေလေသည်။လတ်တေးမှာကား ထုံးစံအတိုင်း သစ်သားကောင်တာထက်မှာ ခြေထောက်တွဲလောင်းချကာ ထိုင်ရင်း ဆိုင်သန့်ရှင်းရေးလုပ်ငန်းစဥ်အစအဆုံးကိုငေးကြည့်နေခဲ့၏။မနက်ဆယ်နာရီကို ခြောက်မိနစ်တိတိစွန်းသွားသည့်အခါ၌ ဆိုင်ရှေ့က ဆိုင်းဘုတ်လေးကို တစ်ဖက်သို့လှည့်လိုက်နိုင်ခဲ့ပါသည်။

ဆိုင်ဖွင့်ပြီး တစ်နာရီနီးပါးကြာသည်အထိ စျေးဝယ်သူက နှစ်ဦးသာရှိသေးသည်။ပုံမှန်ဖောက်သည်ဖြစ်နေသည့် ရုံးဝန်ထမ်းတချို့ပင်။ထိုသူတို့က ဂျွန်က အပြုံးချိုချိုနှင့် ဝန်ဆောင်မှုပေးနေစဥ်တလျှောက်လုံး လတ်တေးက ထိုင်ရာကမထပဲ ကြည့်နေ၏။ဆိုင်ထဲတွင် ဘယ်သူမှမရှိတော့သည့်အခါ ဂျွန်သည် လတ်တေးဖက်သို့လှည့်ကာ မျက်ခုံးကိုပင့်ပြရင်းနှုတ်ဆက်လိုက်သည်။ထို့နောက် လတ်တေးထိုင်နေသောကောင်တာ၏ အံဆွဲထဲမှာထည့်ထားသည့်  ဖတ်လက်စစာအုပ်ကိုဖွင့်လိုက်သည်။

စာမျက်နှာတစ်ခုပင်မပြည့်သေး။ရုတ်တရက်မြည်လာသည့် ဆိုင်တံခါးဝကခြူသံကြောင့် ဂျွန်က အလိုလိုမတ်တပ်ရပ်မိသွားသည်။တံခါးဝမှာရပ်နေသူကိုမြင်သည့်အခါ ဂျွန့်ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းကာရပ်တန့်သွားသည်။မျက်နှာမှာလည်း အံ့သြနေသလိုပင်။

တစ်ဖက်လူ၏ အပြုံးတစ်ခုတပ်ဆင်ထားသော မျက်နှာက ဂျွန့်ကိုဖြေလျှော့ပေးလိုက်သည်ထင်သည်။ဂျွန်၏မျက်နှာတွင်လည်း အပြုံးတစ်ခုထင်ဟပ်လာပြီး တဖြည်းဖြည်းနှင့် ပိုမိုပီပြင်လာခဲ့သည်။

“ကေသရီ”

ဂျွန်နှုတ်ဖျားက အသံထွက်လာပြီးနောက် လူကလည်း ထိုအမျိုးသမီးနားကို အပြေးရောက်သွားပေသည်။လတ်တေးသည် မနေနိုင်စွာပင် ကောင်တာထက်မှခုန်ဆင်းကာ မသိမသာတိုးကပ်လာမိ၏။အညိုရောင်ဆံပင်အခွေအလိပ်နှင့် မျက်နှာကိုလှပစွာပြင်ဆင်ထားသော ပန်းပွင့်ရောင်စုံပါသည့် အနက်ရောင်ဂါဝန်ရှည်နှင့်ထိုအမျိုးသမီးက ဂျွန့်ကို ဖက်ကာ အနောက်တိုင်းဟန်အပြည့်နှင့် နှုတ်ဆက်နေပေသည်။လတ်တေးသည် ထိုမြင်ကွင်းကို မသိမသာပင် အကြည့်လွှဲမိလိုက်သည်။

LATTE Where stories live. Discover now