LATTE -17(Unicode)

951 168 30
                                    


ယနေ့တွင်မူ လတ်တေး၏မျက်နှာသည် တစ်နေ့လုံးနီးပါး သုန်မှုန်နေခဲ့ပေသည်။အကြောင်းရင်းသည် မိုးလင်းကတည်းက ဂျွန့်အနားတွင် တွယ်ကပ်နေသည့် ကောင်းမွန်ထူးကြောင့်ပင်ဖြစ်သည်။

"ပေး ပေး ဒါလင် ....မောင်သွားချပေးမယ်.."

ဂျွန့်လက်ထဲမှ ကော်ဖီခွက်ကိုဆွဲကာ စားပွဲဝိုင်းတစ်ခုဆီ သွားချပေးနေသော ကောင်းမွန်ထူးကို ဆိုင်ထဲရှိအမျိုးသမီးတချို့မှ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြပေ၏။ဂျွန့်အပေါ်တွင် သုံးနှုန်းလိုက်သည့် အခေါ်အဝေါ်တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

"ကောင်း .....မင်းမပြန်သေးဘူးလား..."

"ထုံးစံအတိုင်း ပိတ်ရက်မှာ မင်းကိုကူညီမလို့လေ ဒါလင်ရဲ့ ..."

ကောင်တာထက်တွင် လက်ထောက်ရင်းပြောလာသည့် ကောင်းမွန်ထူး၏စကားကြောင့် ဂျွန်သည်လက်ထဲမှကော်ဖီခွက်ကိုပင် ယောင်ယမ်းကာ လွှတ်ချမိသည်။အဖြူရောင်ကြွေခွက်ကလေးက ကြမ်းပြင်နှင့်မိတ်ဆက်မိသောအခါ သူတို့နှစ်ဦး၏အတိတ်လိုပင် အစိတ်စိတ်အမွှာမွှာကြေမွသွားခဲ့ရ၏။

ရုတ်တရက်ထွက်ပေါ်လာသော ခွက်ကွဲသံကြောင့် ‌ကော်ဖီသောက်နေကြသူများက လှည့်ကြည့်လာသည့်အခါ ဂျွန်က အပြုံးတစ်ခုနှင့် တောင်းပန်လိုက်၏။

"အတိတ်က အတိတ်မှာကျန်ခဲ့ပြီ ကောင်း ..... လက်ရှိအခြေအနေထဲကို အတိတ်တွေ ဆွဲမခေါ်လာတော့တာကောင်းလိမ့်မယ်....."

ဂျွန်သည် ပါးစပ်ကပြောလိုက်ရင်း ငုတ်တုတ်ထိုင်ချကာ ခွက်အပိုင်းအစများကို ‌ကောက်ယူလိုက်သည်။

"အား"

ဂျွန့်နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည့် အော်သံတစ်ခုနှင့်အတူ လက်ချောင်းတို့မှ သွေးနီနီတို့စီးကျလာသည့်အခါ ခပ်လှမ်းလှမ်းတွင်သာရပ်နေခဲ့သော လတ်တေးက စိုးရိမ်ခြင်းတို့ဖြင့် ပြည့်နှက်နေသည့် အကြည့်တစ်ခုနှင့်အတူ အပြေးရောက်လာခဲ့ပေသည်။

"ဘယ်နားထိမိသွားသေးလဲ ...အရမ်းနာနေလား....."

လတ်တေး၏စကားကို ဂျွန်ကခေါင်းခါပြကာ ဖြေလိုက်စဉ်မှာပင် ကောင်းမွန်ထူးက နံဘေးသို့ ရောက်လာခဲ့ပြန်သည်။

LATTE Where stories live. Discover now