LATTE-18-(Z)

375 29 15
                                    


"အဲ့မိန်းမနဲ့မင်းနဲ့က ဘာတွေလဲ ဒါလင်"

အေးစက်ပြီးပြတ်သားသည့် စကားသံတစ်ခုက ကောင်းမွန်ထူး၏နှုတ်ခမ်းမှ ထွက်လာသည့်အခါ ဂျွန်သည် သိသိသာသာပင် ရင်လေးသလိုခံစားလိုက်ရသည်။

"မိတ်ဆွေတွေပါ"

ကြက်သားကို မုန်လာဥနီ၊ငရုတ်ပွ၊ခရမ်းချဉ်သီးစသည်တို့နှင့် ရောမွှေကာကြော်နေသောဂျွန်က ဒယ်အိုးအတွင်း ဇွန်းကြီးကြီးဖြင့် မွှေနေလျက်ကပင် ကောင်းမွန်ထူး၏စကားကို ပြန်ဖြေလိုက်၏။အနောက်သို့ လှည့်မကြည့်မိသော်လည်း မျက်မှောင်ကျုံ့နေမည့် မျက်နှာအမူအယာတစ်ခုကိုမူ ခန့်မှန်းပုံဖော်၍ရနေပါသည်။

"မိတ်ဆွေတွေ ဟုတ်လား....နှစ်ယောက်သား ပူးကပ်နေပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကြည်ကြည်နူးနူးရယ်နေတာကရော...အဲ့ကိစ္စကို မောင်ဘယ်လိုနားလည်ရမလဲ.."

အနည်းငယ်ပိုကျယ်လာသော ကောင်းမွန်ထူး၏စကားသံကြောင့် ဂျွန်သည် လက်ထဲမှ ဇွန်းကိုချကာ Gas ကိုပိတ်လိုက်သည်။ဒီအခြေအနေက အေးအေးဆေးဆေးဟင်းချက်နေနိုင်မည့် အခြေအနေမဟုတ်တာကို သူသိနေသောကြောင့်ပင်။

"သူက ပါကာရဲ့တူမလေ ....ငါတို့က ဟိုးအရင်ထဲက ရင်းနှီးလာကြတာမို့ပါ"

ဂျွန်သည် ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကာ မီးဖိုကိုကျောပေးရင်း ကောင်းမွန်ထူးနှင့် မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် နေရာယူလိုက်သည်။အရှေ့တည်တည်သို့ မျက်နှာမူလိုက်သောအခါ တင်းမာလွန်းလှသည့်မျက်လုံးတစ်စုံက သူ့ကိုစိုက်ကြည့်နေခဲ့ပေ၏။

"အဲ့ဒီအဖိုးကြီးပါကာရဲ့ တူမဖြစ်နေတာနဲ့ပဲ မင်းတို့က ဒီလိုမျိုးတရုန်းရုန်းနဲ့ ဖြစ်ချင်တိုင်းဖြစ်လို့ရနေပြီလားဒါလင်...."

"စောက်ရေးမပါတာတွေကွာ....ထမင်းပဲ အေးဆေးစားရအောင်ပါ...ငါမင်းနဲ့ ပြဿနာမဖြစ်ချင်ဘူး မောင်"

သူအရမ်းစိတ်ရှုပ်လာပြီဖြစ်သည်။ကောင်းမွန်ထူး၏ အချစ်ကြီးသလောက် မနာလိုဝန်တိုစိတ်ကြီးတတ်မှုအကြောင်းကိုလည်း သူ့ဖက်ကနောကျေအောင် သိခဲ့ပြီးဖြစ်သောကြောင့် ပြဿနာကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ချင်တာပင်။

LATTE Where stories live. Discover now