LATTE -9-

170 25 0
                                    

တွေ့ဆုံခြင်းတွေတိုင်းအတွက်
ကံကြမ္မာက ဆုံးဖြတ်ချက်ချပြီးသားဖြစ်လိမ့်မယ်...

ငါတို့ကသာ သူ့ဖန်တီးမှုထဲမှာ ပိတ်လှောင်ခံခဲ့ရတာ... ။  ။

_____________________________________

ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ထူးခြားဆန်းကြယ်ဖြစ်ရပ်ဟူ၍ တစ်ခါမျှမကြုံခဲ့ဘူးပါ။လစဉ်ထွက်သည့် ထီပင်မပေါက်ဘူးခဲ့။ယခုတော့ ကျွန်တော့်မျက်စိရှေ့တွင် ထူးခြားမှုတစ်ခုက ရောက်ရှိလို့လာခဲ့ပြီ။ထိုထူးခြားမှုက သရဲတစ်ကောင်ဖြစ်နေခဲ့သည့်အတွက် စိတ်ရှုပ်စရာတစ်ခုအသွင် ပြောင်းသွားခဲ့သည်။

ထိုလူသည် ကျွန်တော့်ဆိုင်သို့ရောက်လာနေကျ Customer တစ်ဦးပင်ဖြစ်သည်။ထိုလူနှင့်ပတ်သတ်သမျှဟူ၍ Latte တစ်ခွက်နေ့စဉ်သောက်သည်မှအပ ဘာမှမသိရ။တိုက်ဆိုင်မှုရှိသွားသည့် အဖြစ်အပျက်တို့ကြောင့် အခြားcustomer များထက် အနည်းငယ်ပိုသိကျွမ်းသည်မှလွဲ၍ ပိုမိုသည့်ရင်းနှီးမှုမရှိသူတစ်ဦးပင်။

ယခုတော့ ထိုလူက မထင်မှတ်ထားသည့်အသွင်ဖြင့် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီဖြစ်သည်။

“ခင်ဗျားကျွန်တော့်ကို မြင်ရတယ်မလား...ကျွန်တော့်ကိုသိလား....ဘာတွေဖြစ်နေတာလဲဆိုတာ  ကျွန်တော့်ကိုပြောပြပါလား....”

သူ့အရှေ့တွင်ရပ်နေခဲ့သော ထိုလူဆီမှ စကားသံထပ်ထွက်လာခဲ့သောအခါ ဂျွန်သည် အသက်ရှူရပ်သွားတော့မည်ဟု ထင်ရသည့်အထိ တိတ်ဆိတ်သွားပေသည်။တကယ်တော့ သူထိတ်လန့်သွားတာဖြစ်သည်။သူ့ဘဝမှာ တစ်ခါမျှမကြုံခဲ့ဘူးသည့် ထူးခြားဆန်းကြယ်မှုကြီးကြောင့် ထိတ်လန့်သွားခြင်းပင်ဖြစ်လိမ့်မည်။

ဂျွန်သည် ထိုနေရာမှာပင် ကြက်သေသေနေခဲ့ပြီး အကြည့်တို့ကိုလည်း ထိုလူဆီမှ မလွှဲပစ်နိုင်ခဲ့ပါ။ထိုလူ၏ပုံရိပ်သည် သူရပ်ကြည့်နေစဉ်အတွင်းမှာပင် မှုန်ဝါးဝါးဖြစ်လာခဲ့သည်။ထိုခန္ဓာကိုယ်ကို ထိုးဖောက်၍ အနောက်ကပတ်ဝန်းကျင်ကို မြင်လာရသည်။သိပ်မကြာပါ ထိုလူ၏ပုံရိပ်သည် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

သတိလက်လွတ်ဖြစ်နေခဲ့သောဂျွန်သည် ရုတ်တရက်ပင် အိမ်ရှိရာဆီ ခြေကုန်သုတ်ပြေးလာခဲ့သည်။ဖြစ်ပျက်သွားသည့်အခြေအနေတို့ကို သူနားမလည်နိုင်သေး။အိမ်သို့ရောက်သည့်အခါ ခြံတံခါးကိုအမြန်ဖွင့်ပြီး အိမ်ထဲအထိပြေးဝင်ခဲ့သည်။အိမ်၏ပင်မတံခါးဖြစ်သည့် သစ်သားတံခါးချပ်ကို အသေအချာပြန်ပိတ်လိုက်ပြီးချိန်တွင် ဂျွန်သည် တံခါးချပ်ကိုမှီကာ သက်ပြင်းရှိုက်လိုက်မိ၏။သူ သရဲအခြောက်ခံခဲ့ရတာလား...။ထိုစဉ် ရုတ်တရက်ကြားလိုက်သည့် ခွေးအူသံတစ်ခုကြောင့် မေ့လျော့နေခဲ့သည် တစ်စုံတစ်ရာကို သတိရမိသွားခဲ့ပေသည်။

LATTE Where stories live. Discover now