"သားရေ...ညီမလေးကို ကျောင်းသွားကြိုတော့လေ
နောက်ကျနေဦးမယ်... "
မီးဖိုခန်းထဲကနေ ကျောင်းသွားကြိုဖို့သတိပေးနေတဲ့
မေမေ့အသံကြောင့် ကျက်လက်စ စာအုပ်တွေကို
ခေါက်ရင်း အောက်ဆင်းလာလိုက်သည်...
"စက်ဘီးနဲ့သွားကြိုမလို့လား သား... "
ကျွန်တော့်ရဲ့ လက်စွဲတော် ဂျပန်စက်ဘီးအပြာရောင်လေးကို
ထုတ်တာမြင်တော့ လှမ်းမေးလာတဲ့ မေမေ့ကို ခေါင်းငြိမ့်ရင်း
ပြုံးပြလိုက်သည်...
"ဟုတ် မေမေ ဒါဆိုသားသွားကြိုလိုက်ဦးမယ်နော်... "
"ခနလေးနေဦးသား ဟိုကောင်လေးကိုပါ ကြိုမလာနဲ့နော်
သူ့ဟာသူပြန်လာလိမ့်မယ် အဲ့ကလေးက စကားပြောရတာ
အဆင်မပြေဘူး... "
မေမေပြောတဲ့ ဟိုကလေးဆိုတာ ခြံစောင့်ဦးထွန်းရဲ့
သား မြူငွေ့လေးကို ပြောခြင်းပင်..
"မေမေကလဲ.. မြူငွေ့လေးက လိမ်မာပါတယ် ဦးထွန်းမှ
သွားမကြိုနိုင်တာ အဲ့ဒါကြောင့် သားတစ်ခါထဲ ကြိုလာလိုက်
မယ်နော်... "
"တိမ်ယံပျိုး!!! မေမေက မကြိုနဲ့ဆို မကြိုနဲ့ပေါ့
မေမေ့စကားကိုနားထောင်စမ်း သွား.. ညီမလေးကိုကြိုပြီး
မြန်မြန်ပြန်လာခဲ့... "
"ဟုတ် မေမေ... "
မေမေ့စိတ်ကိုသိသောကြောင့် ဘာမှပြန်မပြောတော့ပဲ
ခေါင်းငုံ့ခြင်းအလုပ်ကို ကျေပွန်စွာထမ်းဆောင်ရင်း
ထွက်လာလိုက်တော့သည်...
ခြံဝကနေ လှမ်းကြည့်နေတဲ့ ဦးထွန်းကို အားနာနာနှင့်ပင်
ပြုံးပြမိသည်... ခက်ပါတယ် မေမေရယ် ဘာလို့အပြစ်မရှိတဲ့
ကလေးကို မုန်းနေရတာလဲ....
ဆယ်မိနစ်လောက် စက်ဘီးနင်းပြီး တွေ့လိုက်ရတဲ့ အစိုးရကျောင်းလေးအရှေ့မှာတော့ ကိုယ့်နည်းတူ
သားသမီး မောင်နှမများကို လာကြိုကြတဲ့ လူများက
နေရာအနှံ့မှာပြည့်လို့နေသည်....
ကိုယ်စောင့်နေကျ နေရာလေးမှာ စက်ဘီးဒေါက်ထောက်ရပ်ရင်း ကလေးတွေထွက်လာမဲ့
ကျောင်းပေါက်ဝလေးကိုသာ လှမ်းကြည့်နေလိုက်သည်...
နောက်ငါးမိနစ်နေရင် ကျောင်းဆင်းကြတော့မှာမို့ ကလေးများက ကျောင်းပေါက်ဝမှာ အသီးသီးရပ်နေတဲ့ လူများကို ကြည့်ရင်းပြုံးပျော်နေကြသည်...
YOU ARE READING
Reflection.. (Completed)
RomanceUnicode ကျွန်တော်ချစ်တဲ့ သူက ကျွန်တော့်လို ဘုန်းကံမြင့်တဲ့ ယောကျာ်းတစ်ယောက်မို့ ကျွန်တော် တန်ဖိုးထားတယ် ... @ မြူငွေ့ခိုး .... ထပ်ပြီးတော့ အများအမြင်ကို မကြည့်တော့ဘူး မောင်... ငါ့ရဲ့ ပါရမီဖြည့်ဖက် မောင့်ကိုပဲ တစ်သက်လုံး ကြည့်သွားတော့မှာ .... @ တိ...
