"ဟီး......"

ပါးပြင်ပေါ်ကျရောက်လာသည့် အနမ်းတစ်ချက်နှင့် နားနားကပ်ကာ ရယ်သွားသည့် အလှိုင်းတစ်ချက်ကြောင့်
အိမ်ရာဝင်းထဲမောင်းနေသည့်လမ်းမှာပဲ ဘရိတ်ကိုစောင့်ကာ နင်းမိသွားလေသည်။ ရင်တွေတလှပ်လှပ်နဲ့ ရင်တကယ့်ကို
ခုန်သွားမိသည်။ ကားတစ်ကယ်ကိုမမောင်းနိုင်တော့ချေ။

"ကျွန်တော်အခုမှရည်းစားရတာ မသေချင်သေးဘူးနော်...."

"အား.....ချစ်လိုက်တာ ညီရာ....."

လက်ကိုလွှတ်ကာ သူ့ဘက်သို့ဆွဲလှည့်ပြီး အတင်းကာရောသိုင်းဖက်လာသည့်ကိုဉာဏ်ကြောင့် ငြိမ်ငြိမ်လေးနေလိုက်ပြီး ပြန်လည်သိုင်းဖက်ကာ ပခုံးပေါ်မေးတင်လိုက်မိသည်။
နှစ်ယောက်လုံးပျော်နေကြသည်ကတော့ အသေအချာပင်။
တဒုတ်ဒုတ်နဲ့ခုန်နေသည့် ရင်ခုန်သံက ကိုဉာဏ့်ဆီကလာခြင်းပေ။ ကျွန်တော့်ထက်ကို ရင်ခုန်မြန်နေသည့် ဘဲချိုကြီး
အသက်ကြီးလာ၍ ကျန်းမာရေးထိခိုက် ချို့ယွင်းနေပြီထင်သည်။

"ကိုဉာဏ် နှလုံးရောဂါဖြစ်နေပြီထင်တယ်....
ရင်တွေအရမ်းခုန်နေတယ်.....ကျွန်တော်အခုမှ ပူပူနွေးနွေးရည်းစားရတာနော်....ချက်ချင်းလျောသွားတယ်ဆိုပြီးတော့တော့ ဂေါ်မနေချင်ဘူး......."

ဖက်တွယ်ထားသည်ကို ပခုံးပေါ်မေးတင်လို့ တဟားဟားရယ်ကာ ကျွန်တော့်ကိုစနောက်နေလေသည့် ညီကြောင့် အပျော်တို့က တစ်ခုပေါ်တစ်ခုဆင့်၍ ပြုံးနေမိသည်ကလဲ သွားများပင်စကားပြောတတ်လျှင် အအေးပတ်နေပြီဟု ပြောနိုင်လောက်အောင်ပင်။ အိမ်ရောက်ခါနီးနေပြီ။
ညီ့ ကိုလဲ ပြန်လည်ကာ စနောက်ချင်သည်မို့ ရင်ခွင်ထဲမှထုတ်လိုက်ကာ မျက်ဝန်းချင်းဆုံစေလိုက်သည်။

ရွှန်းရွှန်းစားစားကြီးကို ညို့ငင်ဖမ်းစားကြည်ပြာရယ်ဝေသောအကြည့်တို့နဲ့ ချစ်ခြင်း၊မြတ်နိုးခြင်း တို့ကို သဒ္ဒါတရားထက်သန်စွာ ပိုပိုသာသာပေါင်းထည့်လို့ မျက်ဝန်းကိုစိုက်ကြည့်ကာ ပြုံးနေသည်ကလည်း လုံးဝကို ခန့်ညားနေသည်။
ထိုအကြည့်တို့ကိုတကယ်ရင်မဆိုင်ရဲပေ။
နှုတ်ခမ်းကိုကိုက်ကာ မျက်ဝန်းကိုဟိုဘက်၊ဒီဘက်ကြည့်လို့
ခေါင်းငုံ့လိုက်မိသည်။ ဒီတစ်ခါ ပရမ်းပတာနဲ့ ပေါက်ထွက်မတတ်ခုန်နေတာ ကျွန်တော့်နှလုံးသားပင်။ ဘုတ်ခနဲပြုတ်ကျ၊ ထွက်ကျလာမှာကိုပင် စိုးရိမ်သွားရသည်။

He & Me - သူရယ် ကိုရယ် (Completed)Donde viven las historias. Descúbrelo ahora