Part - 50(Unicode)

Start from the beginning
                                    

"ကိုဉာဏ်......မီး....မီးတွေ.....မီးတွေ........
ဖေဖေ...........သားကို........."

ခေါင်းကိုကိုင်ကာ ရပ်နေရင်း ရေရွတ်နေသည့်
စကားတို့မဆုံးသေး လဲကျသွားသည့် ညီသု ကြမ်းပြင်ပေါ်တွင် ခွေခွေလေးပင်။

"မြေးငယ်လေး.....သားငယ်လေး....လုပ်ကြပါဦး........ "

သတင်းကြားကြားချင်းပဲ အန်တီလေးတစ်ယောက်စျေးဝယ်
နေရာကနေ ဆေးရုံသို့ပြေးလာစဥ် ညီသုလဲကျသွားကာ အမေအော်ငိုနေတော့သည်။ အန်တီအေးလည်းငိုလို့ ကျန်တဲ့လူတွေကတော့ ညီသုကိုချီမကျကာ အခန်းတစ်ခုထဲသို့ ဆရာဝန်ခေါ်ရာလိုက်သွားကြလေသည်။

"ဦးဂေါ်လီကို ဖုန်းဆက်ရအောင်.....ဘာတွေဖြစ်တာလဲ အမေ...... ဆေးရုံလိုက်လာဆိုလို့သာ လာရတာ ပြောပါဦး..."

ဘာအကြောင်းမှမသိရပါပဲ ယောင်တောင်တောင်လေးနဲ့သာ အန်တီလေးနောက်သို့ပြေးလိုက်ရသည်။ ဆေးရုံဝင်းကြီးထဲဝင်လိုက်သည့် ကားကြောင့် ဘယ်သူဘာဖြစ်သည်မသိ။ အခန်းတစ်ခုရှေ့ရောက်တော့ သွေးတွေ ပေကျံနေသည့် အကျီနဲ့ ညီသုကလဲကျလို့ အဖွားတို့တွေကလည်း ငိုနေပြီး Smithကတော့ ညီသုကို ေပွ့ချီကာ ခေါ်သွားသည်။
အန်တီလေးနဲ့အဖွားပြောနေသည့်စကားများကို နားထောင်နေရင်းမှာပဲ နားထဲသံရည်ပူတွေလောင်းခံလိုက်ရသလို
ပူထူသွားကာ ရင်ထဲစို့ကျပ်ပြီး ဝမ်းနည်းစိတ်တို့ ရင်ဝသို့ရောက်လာကာ မျက်ရည်များဝဲပြီး ငိုချမိတော့သည်။
အသက်ရှူကလည်းမဝတော့။

"ဗျာ........ကိုကို.........."

အန်တီလေးနဲ့ အဖွားနှစ်ယောက်အကြည့်ကို ဂရုမစိုက်နိုင်တော့ပေ။ ရင်ဘတ်ကိုဖိကာ ခွဲစိတ်ခန်းဆိုသည့်အခန်းရှေ့ကို
လျှောက်သွားပြီး တံခါးကိုဖွင့်ကြည့်မိသည်။ မောပန်းလာသည့် စိတ်ကနောက်ဆုံး ပြိုလဲလေပြီ။

"ဟဲ့.....နန္ဒမိုးနေ.......အော်.....လုပ်ကြပါဦးဟ........."

ဆေးရုံဝန်းကြီးထဲ ဉာဏ်သုအဖွား၏အော်သံနှင့်အတူ သူနာပြုများအပြေးရောက်လာကာ နန္ဒမိုးနေကိုလဲ ယခုဏ ညီသုဝင်သွားသည့်အခန်းထဲသို့ခေါ်သွားလေသည်။
ဆိုင်းဘုတ်ကြီးကလဲ အခန်းထောင့်တစ်နေရာတွင် ခန့်ခန့်ညားညားချိတ်လို့ထားသည်။ အဂ်လိပ်အက္ခရာဖြင့် အဖြူရောင်ဘုတ်ပြားပေါ် အနီရောင်စကားလုံးများတို့က ထင်းရင်းစွာ တောက်ပနေသည်က Emergency Room ဟူ၍ပင်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now