Part - 45 (Unicode)

Start from the beginning
                                    

"ကျေးဇူးတင်ပါတယ် ငါ့ညီမတွေရေ......"

ရယ်ပြနေသည့် ညီမတွေနောက်မှ တွေ့လိုက်ရသည့် ညီတွေက အိတ်တွေကိုသယ်လာကြပြီး တစ်ဖက်အခန်းတွင်အကုန်ထည့်နေလေတော့သည်။

"ကိုကြီးဉာဏ်သုကြီးရေ ကြာညိုနဲ့နွဲ့ရင် တို့ကိုကလေးပေးပြီး မဏ္ဍပ်ကိုလွှတ်လိုက်တဲ့ ကိုကြီးတို့ကိုနားကြတဲ့လေ....."

"အေး....ငါ့ညီလေးတွေ နောက်မှတွေ့မယ်....."

"ဟာ....စိတ်ချ.... ညကျ ဖဲရိုက်ကြရအောင်........
ညနေ ထန်းတောသွားကြမယ် ဘယ်လိုလဲ......."

အိပ်ယာခြေရင်းကိုပြေးလာကာ အနားကပ်ပြောလာသည့် ညီဖြစ်သူကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူကလာ်း အသံကိုခပ်အုပ်အုပ်ပြောရခြင်းမှာ သူ့အမနွဲ့ရင်ပြန်တိုင်မည်ဆိုး၍နေမည်။

"ကိုကြီးညီသု ကိုဉာဏ်ကြီးကသဘောတူလိုက်ပြီ
ညနေနော်......"

ခေါင်းတဆတ်ဆတ်ငြိမ့်နေသည့် ညီကလည်းပြုံးလို့ပင်။
အံ့သြရသည်က ကျွန်တော့်အနားမှာပဲရှိနေသည့် ညီက ဘယအ်ချိန်က ကျွန်တော့်ဝမ်းကွဲညီအကိုတွေနဲ့ အဖော်စပ်ကာ ထန်းတောသွားရန် ကြိုပွိုင့်ထားလိုက်သည်လဲ။

"ဧည့်သည်ညီလေး.....အဖွားက ဟိုဘက်ကိုလာခဲ့ပါတဲ့.....
ခေါ်ခိုင်းလိုက်တယ်............"

"ဗျာ....ကျွန်တော့်ကို....."

လက်ငြိုးကို ကိုယ့်ဘက်ကိုထိုးကာ ထိုပြောလာသည့် ကိုကို့အကိုလား။ ကို့ကို့ညီလား မသိသည့်ကောင်လေးနှစ်ယောက်ကို မေးလိုက်မိပါသည်။

"ဒီမှာကဧည့်သည်ဆိုလို့ ခင်ဗျားပဲရှိတာလေ....
ကျန်တာက မိသားစုတွေကြီးပဲ........"

ထိုစကားကြောင့် ကိုကို့ကိုကြည့်လိုက်မိရာ ညီသူ့လက်ကို
ကိုင်ကာ ဘာတွေလုပ်နေကြသည်မသိ ကျွန်တော့်အပေါ်ကိုနည်းနည်းလေးပင် ဂရုမစိုက်ပေ။ထိုနေရာကနေ အကြည့်တို့ကမခွာသေးပါပဲ နှုတ်မှရေရွတ်မိလိုက်ပါသည်။

"ဧည့်သည်.........."

ညီတစ်ယောက်လက်ဆွဲအိတ်ကိုသွားယူရာကနေ ထရံကိုကိုင်လိုက်ပြီး ထရံကသစ်သားစနဲ့ရှလာသည်ဟုဆိုသည်။
လက်ကိုဆွဲယူကာကြည့်လိုက်မိတော့ အသားထဲစိုက်နေသည့် သစ်သားစလေးပင်။ ဆွဲထူတ်လျှင်ရသည်မို့ဆွဲလိုက်ရာ တစ်ဝက်က အသားထဲဝင်နေသည်။ ဘာတွေပြောနေကြသည်တော့မသိ ငယ့်အသံကြားတော့ မော့ကြည့်လိုက်မိသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now