ချစ်မိရင် နာကျင်ရပါ၏။ ယောကျာ်း
တွေကမကောင်းပါ။ ကျွန်တော့်ကိုသာကြည့် ကိုဇေ့လိုချစ်တတ်သူကို ပလစ်ရက်တဲ့ ဂေါ်လီ့သား။ ရူးသွားလေပါပြီ။"ညီသုလေး......မင်း ရဲ့ ကိုဇေကြီး အိပ်နေတုန်း
သွားနှိုးမလား...."ခေါင်းငြိမ့်ပြပြီး အပေါ်ထပ်သို့တက်ကာ ကိုဇေ့ အခန်းရှေ့ရောက်တော့ တံခါးခေါက်ရန်ပြင်စဥ် လက်တွန့်ရလေပြီ။
'တွေ့လား...အချစ်နဲ့ဆိုတာကြီးလဲရောက်လာရော
စည်းတွေ ဘောင်တွေနဲ့ဖြစ်ကုန်ရော.....'သက်ပြင်းကိုချပြီး ဘာမှမရှိခဲ့၊မဖြစ်ခဲ့သလိုတွေးလျက်
တံခါးခေါက်လိုက်သည်။ညက စိတ်အလိုလိုက်ကာ ညီ့အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ရန်ပြင်စဥ် အော်မြည်လာသည့်ဖုန်းသံနှင့်အတူ ရှောင်လွှဲသွားသည် ညီ့ အကြောင်းကို အိမ်ရောက်စဥ်တည်းကတွေးနေမိသည်။ ကျွန်တော်မှားသွားသည်လားလဲ မပြောတတ်ပေ။ ညီစိတ်ဆိုးသွားသည်လားလဲမသိတာ့ချေ။ လှည့်ထွက်သွားလေသည့် ညီက ကားကိုမောင်းကာ အိမ်ပြန်သွားသည်။ ဘယ်သူခေါ်သည့်ဖုန်းလဲတော့မသိသော်လည်း
ညီ့ စိတ်ကိုတော့ ကျွန်တော်သိလိုက်ပြီး ရင်ထဲဘာတွေဖြစ်နေကာ ဘယ်သူရှိနေပြီလဲဆိုတာပါ သိလာလေပြီ။'မင်းပင်ပန်းတော့မယ် ညီရယ်........'
လေပူတစ်ချက်မှုတ်ထုတ်ကာအသက်ကိုခပ်ဖွဖွရှူရင်း....
"ကိုယ်မင်းရဲ့မျက်ရည်တွေသုတ်ပေးနိုင်ဖို့ အနားမှာတော့ရှိချင်ပါတယ်....... ညီသာ ခွင့်ပြုမယ်ဆိုရင်ပေါ့......"
အခန်းထဲ၌ညီခေါက်ပေးထားသည့် ကြယ်ဗူးအပြာနုရောင်လေးကို ငေးကာ ခပ်ဆွေးဆွေးလေးဆိုမိသည်။
'ဒေါက်...ဒေါက်...'
"လော့မချထားဘူး မမ......"
"ဟယ်လို....."
ခန်းတံခါးလေးဖွင့်ကာ ခေါင်းလေးထွက်လာပြီး တာ့တာလုပ်ပြနေသည့် ညီ့ကိုတွေ့လိုက်ရသည်မို့ ခေတ္တမျှကြောင်သွားကာ ရယ်လိုက်မိပါသည်။
"ထတော့လေဗျာ....လမ်းလျှောက်ကြမယ်လေ
ကျွန်တော်တစ်ယောက်တည်းပျင်းတယ်...."
Part - 29
Mulai dari awal