ပထမတော့ တစ်ချက်၊နှစ်ချက်နမ်းကာ စနောက်မည်ဟုတွေးထားသော်လည်း ​ရင်ခွင်အောက်မှ ဖြတ်ဖြတ်ခါလူးကာ အော်ဟစ်နေသည့်အသံလေးနဲ့ ရှက်သွေးဖြာကာ ဒေါသထွက်နေသည့် ညီ့ ပုံလေးကို အသည်းတယားယားနဲ့မို့ အားရပါးရနမ်းရှိုက်လိုက်မိပါသည်။ ကျွန်တော့်လက်ထဲက
လွတ်တာနဲ့ စိတ်ဆိုးမပြေသေးရင်တော့ နောက်နေ့အရေးပေါ်ခန်းထဲရောက်တော့မည်မှာသေချာသည်။ ဇွဲမလျော့ပါ။
စိတ်ဆိုးဒေါသထွက်တတ်​ခြင်းက ညီ့အကျင့်ဆိုလျှင်
မချော့တတ်သည့်တိုင် ချော့မော့ရမည်မှာ ကျွန်တော့်အလုပ်ပင်။

ဘယ်တစ်ပြန် ၊ညာတစ်ပြန် လေးချက်၊ငါးချက်လောက်
အားရပါးရကို တစ်ဝကြီး နမ်းပြီးမှ

"စိတ်ဆိုးပြေပါတော့ကွာ....
ညီ စကားမပြောတော့ ကိုယ်မနေတတ်လို့ပါ....."

"နမ်းထားတာ အလကားရမယ်ထင်နေလား.....
ပိုက်ဆံမတောင်းဘူး....ဒီတစ်ခါ လက်သီးနဲ့ပြန်ထိုးမယ်.....ခင်ဗျား....ခင်ဗျား.......... "

မျက်နှာကြီးတစ်ခုလုံး နီရဲကာနေပြီး ဒေါသရော၊ရှက်နေမှုရောက ရောထွေးကာ ကြိမ်းဝါးလိုက်သည်။ ဘဝမှာထားခဲ့ဖူးတဲ့ တစ်ယောက်တည်းရှိသော ရွာကရည်းစားကိုပင် မနမ်းခဲ့ဖူးသလို၊ အနမ်းခံရခြင်းမျိုးလည်းမရှိခဲ့ပေ။ ယခုက ပထမဆုံးသောအနမ်းကို နမ်းဖူးသည့် ကိုဉာဏ်က အခုလိုရယ်ကျဲကျဲနဲ့ ပိုးစိုးပက်စက် တရွှတ်ရွှတ်နမ်းကာ ချော့နေသည်။ ကျွန်တော့်ရည်းစားလဲမဟုတ်ပဲ နမ်းစရာလား။

"စိတ်ဆိုးပြေမယ်ဆို ကြိုက်သလောက်ထိုးပါ....
ကိုယ်မချော့တတ် ချော့တတ်နဲ့ချော့နေတာကို
လက်ခံပေးလေ ညီရာ......."

"စိတ်မဆိုးဘူး....."

ခင်ဗျားကိုသတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေတာ။
ပြီးတော့ ဘာကိုပျော်မှန်းမသိ ပြုံးချင်နေတဲ့ ကိုယ့်ကိုကိုယ်လဲ
နားမလည်ဖြစ်နေတာ ဘဲအိုကြီးရဲ့...'

ကိုဉာဏ် ခင်ဗျား ကျုပ်ကို သောကတွေပေးနေတာလား...?

မဆိုးဘူးသာပြောနေပြီး နှုတ်ခမ်းဆူကာ မျက်နှာကလည်းလွှဲထားသေးသည်။ ယခုဏထက်တော့ နည်းနည်းလျော့သွားသည့် မျက်နှာထားလေးကြောင့် ရင်မောနည်းနည်းသက်သာပါသည်။

He & Me - သူရယ် ကိုရယ် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin