~Prologue~

26.6K 1.4K 97
                                    

(Unicode)

"နွေးထွေးမှုတွေနဲ့ နှစ်သိမ့်မယ်။
နာကျင်ခြင်းတွေကို ဘေးပို့ထား။
ချိုမြမြစကားလုံးတွေနဲ့ သိမ်းသွင်းမယ်။
ကိုယ့်ရဲ့ ရက်စက်မှုတွေကို မင်းဥပေက္ခာပြုထားပေါ့ ဟန်နီ။
နာကျင်ခြင်းတွေနဲ့ နေသားကျစေရမယ်။
အနမ်းတွေကတော့ မလွတ်စေရပါဘူး။
ကိုယ်ဟာ မင်းအပိုင်ပါ။
မင်းဟာ ကိုယ့်ရဲ့ ကကြိုးရုပ်ဆိုတာ မမေ့နဲ့ပေါ့။
ကိုယ်ဟာ ကိုယ် မဟုတ်တဲ့ကိုယ်၊
ကိုယ်ဟာ ကိုယ့်အကြောင်းကိုယ်မသိတဲ့ကိုယ်၊
ကိုယ်ဟာ ဖြစ်တည်မှုအမှန်ကို မရှာနိုင်တဲ့ကိုယ်၊
ဒါတွေကို မင်းက နားလည်ပေးနိုင်ဖို့ ဆုတောင်းပါရဲ့။
အချစ်ရယ်...ကိုယ်ဟာ ကိုယ်မဟုတ်တော့ရင်တောင်၊
ကိုယ်ဟာ ကိုယ့်ဖြစ်တည်မှုပြောင်းလဲသွားရင်တောင်၊
မင်းကို ချစ်တာတော့ မပြောင်းလဲသွား‌ခဲ့ဘူး။

မုန်းမြဲမုန်းပါ။
နာကြည်းမြဲနာကြည်းပါ။
စိတ်ရှိတိုင်း ညှင်းပန်းပါ။
ငါနာကျင်အောင်လုပ်ပြီး ငါ့မျက်ရည်တွေကို ရှုစားပါ။
ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ရင်း
အချစ်တွေကို ပြဖို့ မေ့ခဲ့ကြတယ်မဟုတ်လား။

ဒါပေမဲ့.......
ဒါပေမဲ့.............
နောက်ဆုံးမှာ ငါသိခဲ့တာက...
ငါ့ဘဝမှာ အရူးမိုက်ဆုံးလုပ်ရပ်ကို ပြပါဆိုရင်
မင်းကိုယုံကြည်ပြီး ချစ်ခဲ့မိတာပဲ။
ငါဆုတောင်းတယ်။
ဘယ်သောအခါမှ ငါတို့မဆုံစည်းမိခဲ့ကြဖို့လေ။
ငါတို့ရဲ့ နောင်ဘဝ‌တွေက ပိုကောင်းတယ်ဆိုရင်တောင်လေ။"

ကကြိုးရုပ်လေးဟာ သူ့ကိုထိန်းချုပ်ခြယ်လှယ်နေတဲ့
ကြိုးတွေကို မုန်းတီးခဲ့တယ်။ အဲ့ဒီကြိုးတွေကနေ ရုန်းထွက်ချင်ခဲ့တယ်။ ဒါပေမဲ့....ဒါပေမဲ့.....သူမသိခဲ့တာက
သူ့ကိုခြယ်လှယ်နေတဲ့၊ သူ့ကို ထိန်းချုပ်ထားတဲ့ ကြိုးတွေကသာလျှင် သူ့ရဲ့ ရှင်သန်ခြင်းဆိုတာပါပဲ။ သူသိလိုက်ရတဲ့ အချိန်မှာတော့ ‌သူ့ပိုင်ရှင်လေးက မုန်းတီးစွာနဲ့ ကြိုးတွေကို ဖြတ်ချလိုက်လို့ ပုံလျက်သား လဲကျသွားခဲ့ပြီ။

###PUPPET###
###ကကြိုးရုပ် (သို့မဟုတ်) သုံးတော်ခံ###

ကြိုက်လားပြောကြပါ...
မကြိုက်ရင်ထိုင်ငိုမှာနော်! အဟင့်

.TBC.

#21.9.2020
#22:01
###################################

(Zawgyi)

"ေႏြးေထြးမႈေတြနဲ႕ ႏွစ္သိမ့္မယ္။
နာက်င္ျခင္းေတြကို ေဘးပို႔ထား။
ခ်ိဳျမျမစကားလုံးေတြနဲ႕ သိမ္းသြင္းမယ္။
ကိုယ့္ရဲ႕ ရက္စက္မႈေတြကို မင္းဥေပကၡာျပဳထားေပါ့ ဟန္နီ။
နာက်င္ျခင္းေတြနဲ႕ ေနသားက်ေစရမယ္။
အနမ္းေတြကေတာ့ မလြတ္ေစရပါဘူး။
ကိုယ္ဟာ မင္းအပိုင္ပါ။
မင္းဟာ ကိုယ့္ရဲ႕ ကႀကိဳး႐ုပ္ဆိုတာ မေမ့နဲ႕ေပါ့။
ကိုယ္ဟာ ကိုယ္ မဟုတ္တဲ့ကိုယ္၊
ကိုယ္ဟာ ကိုယ့္အေၾကာင္းကိုယ္မသိတဲ့ကိုယ္၊
ကိုယ္ဟာ ျဖစ္တည္မႈအမွန္ကို မရွာနိုင္တဲ့ကိုယ္၊
ဒါေတြကို မင္းက နားလည္ေပးနိုင္ဖို႔ ဆုေတာင္းပါရဲ႕။
အခ်စ္ရယ္...ကိုယ္ဟာ ကိုယ္မဟုတ္ေတာ့ရင္ေတာင္၊
ကိုယ္ဟာ ကိုယ့္ျဖစ္တည္မႈေျပာင္းလဲသြားရင္ေတာင္၊
မင္းကို ခ်စ္တာေတာ့ မေျပာင္းလဲသြား‌ခဲ့ဘူး။

မုန္းၿမဲမုန္းပါ။
နာၾကည္းၿမဲနာၾကည္းပါ။
စိတ္ရွိတိုင္း ညွင္းပန္းပါ။
ငါနာက်င္ေအာင္လုပ္ၿပီး ငါ့မ်က္ရည္ေတြကို ရႈစားပါ။
ငါတို႔က တစ္ေယာက္နဲ႕တစ္ေယာက္ ဖုံးကြယ္ရင္း
အခ်စ္ေတြကို ျပဖို႔ ေမ့ခဲ့ၾကတယ္မဟုတ္လား။

ဒါေပမဲ့.......
ဒါေပမဲ့.............
ေနာက္ဆုံးမွာ ငါသိခဲ့တာက...
ငါ့ဘဝမွာ အ႐ူးမိုက္ဆုံးလုပ္ရပ္ကို ျပပါဆိုရင္
မင္းကိုယုံၾကည္ၿပီး ခ်စ္ခဲ့မိတာပဲ။
ငါဆုေတာင္းတယ္။
ဘယ္ေသာအခါမွ ငါတို႔မဆုံစည္းမိခဲ့ၾကဖို႔ေလ။
ငါတို႔ရဲ႕ ေနာင္ဘဝ‌ေတြက ပိုေကာင္းတယ္ဆိုရင္ေတာင္ေလ။"

ကႀကိဳး႐ုပ္ေလးဟာ သူ႕ကိုထိန္းခ်ဳပ္ျခယ္လွယ္ေနတဲ့
ႀကိဳးေတြကို မုန္းတီးခဲ့တယ္။ အဲ့ဒီႀကိဳးေတြကေန ႐ုန္းထြက္ခ်င္ခဲ့တယ္။ ဒါေပမဲ့....ဒါေပမဲ့.....သူမသိခဲ့တာက
သူ႕ကိုျခယ္လွယ္ေနတဲ့၊ သူ႕ကို ထိန္းခ်ဳပ္ထားတဲ့ ႀကိဳးေတြကသာလွ်င္ သူ႕ရဲ႕ ရွင္သန္ျခင္းဆိုတာပါပဲ။ သူသိလိုက္ရတဲ့ အခ်ိန္မွာေတာ့ ‌သူ႕ပိုင္ရွင္ေလးက မုန္းတီးစြာနဲ႕ ႀကိဳးေတြကို ျဖတ္ခ်လိဳက္လို႔ ပုံလ်က္သား လဲက်သြားခဲ့ၿပီ။

###PUPPET###
###ကႀကိဳး႐ုပ္ (သို႔မဟုတ္) သုံးေတာ္ခံ###

ႀကိဳက္လားေျပာၾကပါ...
မႀကိဳက္ရင္ထိုင္ငိုမွာေနာ္! အဟင့္

.TBC.

#21.9.2020
#22:01

PUPPET ||COMPLETED||Where stories live. Discover now