💚Part-28💚[Uni+Zaw]

Start from the beginning
                                    

Tineဘက်မှ စကားစတင်ပြောလိုက်တယ်

"ညီမတို့ အရေးတကြီး ပြောမယ်ဆိုတာ ဘာများလဲ"

ပင်ကီ-အကိုTarကို ခဏစောင့်လိုက်ကြရအောင်
ကျောင်းတွင်း သတင်းမို့လို့ အကုန်လူံး နားထောင်ရအောင်
လို့ပါ

Tee-ဒီနေ့က ကျောင်းပိတ်ရက်ကြီးလေ

'ဒါနဲ့လေ တခုပြောပြဖို့ မေ့နေတာ ပင်ကီတို့အဖွဲ့နဲ့
အကိုTineတို့ ခင်မင်သွားတဲ့နေ့ကစပြီး
Massengerမှာလည်း gpဖွဲ့ပြီး စကားတွေပြောဖြစ်
ကြတယ် အတင်းတွေလည်း တုတ်ကြတယ်

အကိုTineတို့နဲ့ စောစော မခင်ခဲ့ရတာကို တကယ်နောင်တ
ရနေတာ ဘာလို့လဲဆိုတော့ အကိုတို့အဖွဲ့နဲ့ စကားပြောရတာ
ကီးကိုက်တယ် အဓိက ကီးကိုက်ရခြင်း အကြောင်းကတော့
ညီမတို့က fujoshiဖြစ်နေခြင်းကြောင့်ပါပဲ
ဒါကြောင့်...ညီမတို့တွေ တော်တော်ခင်သွားကြတယ်

ကျောင်းမှာဆိုတာက အမြဲလိုလို စကားတွေထိုင်ပြေနေတာလည်း မကောင်းဘူးလေ အကိုTineတို့ကစီနီယာ ညီမတို့က
ဂျူနီယာတွေလည်း ဖြစ်တာကြောင့်ပါ

အဲ့ဒါကြောင့် ညီမတို့တွေအားလုံးပိတ်ရက်တိုင်းလိုလိုမှာ
အပြင်တနေရာ...အေးအေးဆေး‌ဆေး‌ planချလို့
ကောင်းတဲ့ နေရာမျိုး ရှာဖြစ်ကြတယ် စကားတွေထိုင်ပြောရင်း
ကုန်ဆုံးကြတယ်
ဟီးး..ဟုတ်ပါတယ်..ဒီနေ့က အဲ့နေ့မို့လို့ အားလုံးစုဝေးနေကြတာပါ'

ရိုစီ-အကိုTeeကလည်း ပင်ကီက ဘယ်သူဆိုတာကို
မေ့နေပြီလား

"ပင်ကီက ကျောင်း‌သားရေးရာရဲ့ ခေါင်းဆောင်ပါ
သူက အပြင်မှာသာ ပေါတောတော နေပေမယ့်
အလုပ်လုပ်တဲ့အခါမှာတော့ တည်ငြိမ်ပါတယ်"

Tine-ဟုတ်သားပဲ..မေ့နေတာ..ပင်ကီက ကျောင်းသားရေးရာ
ခေါင်းရှောင်လေ

ပင်ကီ-ဟာ..အကိုကလည်း..ခေါင်းဆောင်လောက်တော့
လုပ်ပါ

Tine-အမြဲခေါင်းရှောင်နေတာမဟုတ်ဘူးလား..ဟားဟား
နောက်တာပါ..ဟိုကောင်Tarကလည်း ရေသွားဝယ်တာလား
သူကိုယ်တိုင် ရေဖြစ်သွားတာလားမသိဘူး
ကြာလိုက်တာ

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now