'ဒီကောင်လေး မဟုတ်သေးပါဘူး......'

ညီသုလက်ကိုစောင့်ဆွဲကာ ဧည့်ခန်းဆိုဖာမှထသွားသည့် ဉာဏ်သုကိုကြည့်နေသည့် အဖွားဖြစ်သူက ရင်ထဲ၌တီးတိုးစကားကိုဆိုသည်။

'ညီသုလေးကို တစ်နေ့တော့
မင်းချစ်သွားမှာပါ ဉာဏ်သုရယ်....'

........

လက်ကိုအတင်းဆွဲကာ အခန်းထဲသို့ရှေ့ကဝင်ပြီး တံခါးကိုစောင့်ကာပိတ်ချသည်။ လူကိုလဲ အတင်းဆွဲကာ ကုတင်ပေါ်သို့ အရုပ်ကိုပစ်တသယင်လိုက်သလိုပင် ကိုယ့်မှာ့ပုံ့ပုံ့လေးနဲ့ထိုင်ပြီး ကိုဉာဏ့်ကိုမော့ကြည့်လိုက်သည်။
ခေါင်းတေကိုကုတ်ကာ သက်ပြင်းအရှည်ကြီးချသည်။
ဘေးနားကမွေ့ယာသို့ တင်ပါးကိုပစ်တင်ကာထိုင်သည်။

"ညီ......"

ဘာစကားမှမပြောခေါ်သံကို ခေါင်းစောင်းကာကြည့်လေသည်မို့ ကိုယ်ပဲဆက်ပြောရလေသည်။

"ကိုယ်အခုပြောတာ ညီ့အတွက်နော်....."

မေးဆတ်ပြသည်က ဖြတ်ဖြတ်ပြီးရိုက်ချင်စရာပင်။
သူကပေါ့ပေါ့လေးတွေးလေသည်လား။ ဒါက မဟုတ်သေးဘူးလေ။

"ကျွန်တော်တာဝန်ယူပေးထားတဲ့ အလုပ်တာဝန်ကို ကျေအောင်လုပ်နေတာ ကိုဉာဏ်......"

"ဒါက မဂ်လာဆောင်ရတာလေ.....
အပျော်ဆော့နေတာမဟုတ်ဘူး....ညီသု....
ပြီးတော့ မင်းရဲ့သိက္ခာ.....(ကျွတ် တစ်ချက်သပ်ကာ)
မဟုတ်သေးဘူးလေကွာ....."

"ကျွန်တော့်မှာအဖေရယ်၊ သူငယ်ချင်းနှစ်ယောက်ရယ်ပဲရှိတယ်..... "

ထိုသို့ပြောပြီးနောက် ကျွန်တော့်ကိုကြည့်နေရာက အကြည့်လွှဲသွားသည့် ညီသုကို ငေးကာကြည့်နေလိုက်သည်။

"ခင်ဗျားကမိသားစု အသိုင်းအဝိုင်းကြီးတယ်၊
အမွေတွေလိုချင်တယ်ဆို၊ ချစ်ရသူနဲ့ရွှေလက်တွဲချင်တယ်ဆို.... ခုကိစ္စမှာ သဘောမတူရင် အဘွားရဲ့သံသယက ပိုကြီးသွားမယ်....စုံစမ်းလို့ ကိစ္စပိုကြီးပြီး အရှည်အရှည်တွေဖြစ်လာခဲ့ရင် ခင်ဗျားချစ်သူနဲ့ခင်ဗျားပိုဝေးမှာနော်........
အဘွားက တကယ်လုပ်မှာထင်ရသလို ခင်ဗျားချစ်သူရဲ့အဖေကလဲ ခင်ဗျားပိုက်ဆံရှိနေလို့ ခင်ဗျားတို့တွဲနေတာကြည့်နေသေးတာ.... ကုန်းကောက်စရာမရှိကြည့် မျိုးနဲ့ရိုးနဲ့ရန်ဖက်တွေက သူ့တို့ဘက်နဲ့သဘောတူမလား......."

He & Me - သူရယ် ကိုရယ် (Completed)Место, где живут истории. Откройте их для себя