53❇️ ရှိုးပွဲသို့

2.6K 460 19
                                    

<Unicode>

ရှိုးပွဲသို့

Group chat ဖွင့်ပြီးနောက် ဇောင်ယုဟွမ် ကဖုန်းကို ဘေးဖယ်ထားလိုက်ပြီး ထပ်မကြည့်‌ေတာ့‌ေပ။ တူကို ကောက်ယူလိုက်ပြီး သူမရှေ့မှ ချိုမြိန်ဖွယ် အစားအစာတွေကို စားလိုက်သည်။

ရန်ဆန်း ရဲ့အစ်မသည် group chat ကနေလျင်မြန်စွာဖြင့် လီဂျင်းယွမ် ကိုစကားပြောလာခဲ့သည်။ အစ်မရန် စပြောသည့် စကားကတော့ ရင်းနှီးဖော်ရွေသည့် စကားဖြစ်သည်။

[ရန်ဆန်း လုပ်ခဲ့တာကို အစ်မ မသိခဲ့ဘူး၊ အစ်မတို့က ရှိုးပွဲမှာ လီဂျင်းယွမ် တစ်ယောက်တည်းကိုပဲ မဖိတ်ချင်ခဲ့ဘူး။ လီဂျင်းယွမ် နဲ့အတူ ဇောင်ယုဟွမ် ကိုလည်း ဖိတ်ချင်ခဲ့တာ။ ရှိုးပွဲမှာ ဖျော်ဖြေရေးက လူတွေထက် တခြားအပိုင်းက လူတွေပါ ဖိတ်ခေါ်ဖို့ စီစဉ်ထားခဲ့တယ်]

အစ်မရန်သည် ရှည်လျားသော စာကိုပို့လိုက်ပေမဲ့ လီဂျင်းယွမ် ကတော့ အကြောင်းအရာတစ်ခုလုံးကို ပြီးအောင် မဖတ်နိုင်‌ေပ။

ဇောင်ယုဟွမ် တင်ထားသည့်ပုံကို အချိန်အနည်းငယ် စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ [အဲ့လို အကြံဉာဏ်မျိုးကို ကျွန်တော် သဘောကျတယ်။ အဲ့ဒါက စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်]

အခြားတစ်ဖက်မှ စာရိုက်နေတာက အချိန်အနည်းငယ် ရပ်သွားသည်။ ထို့နောက် ပြန်ပို့လာခဲ့သည်။ [ကျေးဇူးအများကြီးတင်ပါတယ်! လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့ဆီကို အနီရောင် လက်ဆောင်ကြီးတွေကြိ ပို့ပေးလိုက်မယ်! ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!]

လီဂျင်းယွမ် နဲ့အစ်မရန် တို့စကားပြောတာ အနည်းငယ် ကြာပြီးနောက် သူ့ဖုန်းအား ဘေးကိုချလိုက်သည်။ ရန်ဆန်း အစ်မနဲ့ စကားပြောတာ ပြီးသွားပြီးနောက် ဇောင်ယုဟွမ် မော့ကြည့်လိုက်ပြီး သူ့ကိုမေးလိုက်သည်။ "ဘယ်လိုလဲ?"

လီဂျင်းယွမ် ကသူလုပ်နေတာတွေကို ရပ်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းပါတယ်"

"ကောင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖိတ်ကြားချက်တွေကို ဂျင်းယွမ် စိတ်မဝင်စားရင် လက်မခံနဲ့"

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Wo Geschichten leben. Entdecke jetzt