16❇ ရှုယုရှန်း ရဲ့ညှင်းပန်းနှိုက်စက်မှု

5.7K 790 5
                                    

<Zawgyi>

ရှုယုရှန်း ရဲ့ညှင်းပန်းနှိုက်စက်မှု

"ငါတို့လက်တွေနဲ့ မလုပ်နိုင်ပေမဲ့ သူတို့ကို သင်ခန်းစာ တစ်ခုတော့ သင်ကြားပေးနိုင်သေးတယ်" လန်ဂျင်းဇီ ကပြောလိုက်ရင်း ရှုယုရှန်း ကိုကြည့်လိုက်သည်။ ဇောင်ယုဟွမ် က ရှုယုရှန်း ကိုကြည့်လိုက်ပြီး လန်ဂျင်းဇီ ရဲ့စကားကို ကြားလိုက်ချိန်တွင် ပြုံးလိုက်သည်။

သူမအပြုံးက ရှုယုရှန်း ကိုကြက်သီးထသွားစေသည်။ ရှုယုရှန်း ရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး လှည့်ပြီး ထွက်ပြေးဖို့ကိုသာ တွေးတောလိုက်သည်။

"သူတို့ကို ဟိုင်း လို့တောင် မပြောတော့ဘူးလား? သူက ဘယ်သူလဲ?" သူမသူငယ်ချင်းက သူလက်မောင်းကို ဆွဲလိုက်ပြီး လန်ဂျင်းဇီ ကိုသဘောကျစွာ ကြည့်လိုက်သည်။ ရှုယုရှန်း ကအနည်းငယ် စိုးရိမ်နေသောကြောင့် လျင်မြန်စွာဖြင့် ပြန်ဖြေလိုက်သည်။

"သူက ဇောင်ယုဟွမ် ရဲ့ဝမ်းကွဲပဲ!" ထို့နောက် သူမက အိမ်ထဲကို ဆက်လျှောက်သွားလိုက်သည်။ အခုတော့ လန်ဂျင်းဇီ ကအရှေ့တွင် ရှိနေခဲ့သည်။

"မစ္စတာဇောင် ကအိမ်မှာ မရှိဘူးလား?" လန်ဂျင်းဇီ ကမေးလိုက်ပြီး သူမလုပ်နေတာကို နှောင့်ယှက်လိုက်သည်။ ရှုယုရှန်း ကရွေးချယ်စရာ မရှိတော့ပဲ လှည့်လိုက်ကာ အပြုံးတစ်ပွင့်ကို တပ်ဆင်လိုက်ပြီး ဖြေလိုက်သည်။

"ဟိုင်း၊ အဖေက နောက်ရက်တွေလောက်အထိ နိုင်ငံခြားမှာ ရှိနေလိမ့်မယ်"

လန်ဂျင်းဇီ ကသူမကို အကြည့်တစ်ချက် ပို့လိုက်သည်။ သူက တည်ငြိမ်နေပေမဲ့ တချို့အကြောင်းတွေကြောင့် ရှုယုရှန်း ကခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရသည်။
ငွေဇွန်းနဲ့အတူ မွေးဖွားလာသူတိုင်းက ဒီလိုမျိုး ရန်လိုမှုတွေရှိနေတာက သဘာဝလားဆိုတာကို သူမဘာသာ မနာလိုစွာဖြင့် တွေးလိုက်သည်။

"မစ္စရှု က မိန်းကလေးရှု ကိုသင်ကြားမပေးခဲ့ဖူးလား?" လန်ဂျင်းဇီ ကယဉ်ကျေးစွာ မေးလိုက်သည်။

"ဘာလဲ?" ရှုယုရှန်း မျက်နှာက လောင်ကျွမ်းသွားသည်။ ဘာကြောင့်လဲဆိုတာကို သူမ မပြောနိုင်ပေမဲ့ သူက သူမကို သင်ခန်းစာတစ်ခု သင်ကြားပေးနေတယ်လို့ ခံစားနေရသည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Onde as histórias ganham vida. Descobre agora