83❇️ ‌သွေးသားမတော်စပ်ဘူး။

1.6K 301 4
                                    

Unicode

ဇောင်ယုဟွမ် ကသူ့ကို မျက်လုံးထဲတောင် ထည့်မနေဘူးဆိုတော့ သူ့အာရုံထဲ ထားဖို့လည်း မလိုတော့ဘူး။

လန်ဂျင်းဇီ ကရပ်လိုက်ပြီး ပြောလိုက်သည်။

“ဒိတ်ဖို့ သင့်တော်တဲ့လူကို မရွေးနိုင်ဘူး”

“ဟမ်?” ဇောင်ယုဟွမ် ကသူ့ကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။

သူမအစ်ကိုက ဒီလိုစကားမျိုးကို ပြောလာမယ်လို့ သူမ မတွေးထားမိပေ။

လန်ဂျင်းဇီ ရဲ့ပုံရိပ်က တကယ့်ကို ရိုးသားတာကြောင့် တခြားသူနဲ့ ချစ်တဲ့အကြောင်းတွေကို ပြောမှာမဟုတ်ပေ။

“ဒါဆို... ဟွမ်ဟွမ် ကမသင့်တော်တဲ့ တစ်ယောက်ကို ရွေးချယ်ရမှာလား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။

“မဟုတ်ဘူး။ သူတို့က ဘယ်လိုပဲ သင့်တော်နေပါစေ တခြားသူတွေကို မရွေးချယ်သင့်ဘူး” လန်ဂျင်းဇီ ကလေးနက်စွာ ပြောလိုက်သည်။

ဇောင်ယုဟွမ် ကပိုပြီးတော့တောင် အံ့ဩသွားသည်။ သို့သော် သူမ ဘယ်လောက်ပဲ အံ့ဩပါစေ သူမက ပုံမှန်အတိုင်း ထိုင်နေပြီး လန်ဂျင်းဇီ ရဲ့စကားတွေကို နာခံစွာဖြင့်သာ နားထောင်နေခဲ့သည်။

ဒါက အစ်ကိုက သူမကို ဂရုစိုက်ပေးတဲ့ နည်းလမ်းလား?

“ဟွမ်ဟွမ် သူ့ကို ဘယ်လောက် ချစ်လဲဆိုတဲ့အပေါ်ပဲ မူတည်သင့်တယ်။ ချစ်တာမရှိဘူးဆိုရင် ဆက်ဆံရေးက ကြာရှည်ခံမှာ မဟုတ်ဘူး”

ဇောင်ယုဟွမ် ကသူမအဒေါ် ဒင်ချွေ့ရွဲ့ ကိုတွေးမိသွားသည်။ သူမက လန်မိသားစုနဲ့ လက်ထပ်ချိန်တုန်းက သူမညီမငယ်ကို ဆန့်ကျင်ပြီး အဖိုးဒင် ရဲ့အာရုံကို ရချင်တာကြောင့် ဖြစ်သည်။

ထိုအချိန်က ဒင်ချွေ့ရွဲ့ အတွက်က သင့်တော်တာကို မတွေးခဲ့ပေ။ နောက်ပြီး ဒါက လန်ဂျင်းဇီ ရဲ့အနက်ရှိုင်းဆုံးကို နာကျင်စေတာပဲ။

ဇောင်ယုဟွမ် ကအလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

“အစ်ကိုမှန်တယ်”

သူမအသံက နူးညံ့နေပြီး လန်ဂျင်းဇီ ရဲ့အမူအရာကိုပါ နူးညံ့သွားစေသည်။ ဇောင်ယုဟွမ် ကရုတ်တရက် ပြုံးလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now