9❇ နန်အိမ်တော်စားသောက်ပွဲ

6.6K 983 20
                                    

<Zawgyi>

နန်အိမ်တော်စားသောက်ပွဲ

နေ့လည်စာ စားပြီးနောက် လူတိုင်းက ကျောင်းဆီကို ပြန်သွားကြသည်။ နောက်နေ့ အနည်းငယ်တွင် လူတိုင်းက အတူတူ နေ့လည်စာ စားကြပြီး အိမ်ကို အတူတူ ပြန်ကြသည်။ နေ့ရက်တွေက တည်ငြိမ်စွာနဲ့ ပျော်ရွှင်စွာဖြင့် ဖြတ်ကျော်သွားခဲ့သည်။

မကြာခင်တွင် နန်အိမ်တော်ရဲ့ စားသောက်ပွဲက ရောက်ရှိလာခဲ့သည်။ နန်ရဲ့မူလအစီစဉ်က စားသောက်ပွဲကို သီးသန့်ကျင်းပဖို့ ဖြစ်ပေမဲ့ စီနီယာ မစ္စတာနန် နဲ့ ဇောင်ချီ တို့အတူ နေ့လည်စာ စားပြီးနောက်တွင် စိတ်ပြောင်းသွားခဲ့ပြီး သူ့ဇနီး နဲ့ ရှုယုရှန်း တို့ဆီကိုလည်း ဖိတ်ကြားခဲ့သည်။

စီနီယာ မစ္စနန် ကမည်သည့် ပါတီကိုမှ စိတ်မဝင်စားသောကြောင့် ပွဲတော်ကို သီးသန့်လုပ်ချင်ခဲ့ပေမဲ့ အခုတော့ စိတ်ပြောင်းခဲ့ပြီး ရှုယုရှန်း ကိုဖိတ်ကြားချက်တွင် မထင်ရှားစွာဖြင့် ဖိတ်ကြားခဲ့သည်။

သဘာဝကျစွာပင် ရှုယုရှန်း ကဝမ်းနည်းနေမှုကနေ ပျော်ရွှင်မှုကို ပြောင်းလဲသွားခဲ့သည်။ ရက်သတ္တပတ် အကုန်က ရောက်လာချိန်တွင် သူမက မိတ်ကပ်ကို အကောင်းဆုံး ပြင်ဆင်ပြီး အကောင်းဆုံး အဝတ်အစားတွေကို ဝတ်ဆင်ကာ သူမအမေနဲ့အတူ စားသောက်ပွဲကို အရင်ဆုံး ထွက်လာခဲ့သည်။

တဖက်တွင် ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အတွက် သင့်တော်သည့် အဝတ်အစား ဝတ်ဆင်ဖို့အတွက် အချိန်ကုန်နေပြီးနောက်မှ အတူတူ အိမ်တော်ကနေ ထွက်လာခဲ့ကြသည်။ ချမ်းသာသည့် မိသားစု တစ်ဝက်လောက်က နန်စားသောက်ပွဲကို တတ်ရောက်ခဲ့ကြသည်။

ရှုယုရှန်း ကအဝတ်အစားအတွက် အချိန်အများကြီး ဖြုန်းခဲ့တာတောင် တခြားသူတွေကြားတွင် သူမက ဖီးနစ်အယောင်ဆောင်ထားတာနဲ့ တူနေသည်။ ရှုယုရှန်း ကအရင်တုန်းက ဒီလိုနေရာမျိုးကို တခါမှ မသွားဖူးခဲ့တာကြောင့် ရှုရန်ဟွေ့ အနောက်ကနေသာ နီးနီးကပ်ကပ် လိုက်နေခဲ့ပြီး သူမဆီကနေ အဝေးကို မသွားရဲပေ။

ရှုယုရှန်း ကပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ချမ်းသာသည့် သခင်လေးနဲ့ သခင်မလေးတွေ စကားပြောနေကြသည့် အုပ်စုကို တွေ့လိုက်ရသည်။ သူတို့အားလုံးက တစ်ယောက်နဲ့ တစ်ယောက် သိပြီး ကြီးပြင်းလာကြပြီး သူတို့က အဖွဲ့ဖြစ်နေကြသည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now