98❇️ သဝန်တိုတာ။

1.7K 237 10
                                    

Unicode

“အို၊ ပရိုဂရမ်ဝန်ထမ်းက ဟွမ်ဟွမ့်ဆီ ဖုန်းခေါ်ခဲ့တယ်။ သူတို့ပြောတာက အပိုင်းငါးမှာ အက,ပြင်ထားတယ်တဲ့” ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးလိုက်ပြီး လီဂျင်ယွမ် ကိုပြောဖို့အတွက် လုပ်လိုက်သည်။

သူမက သူ့အတွက် လုပ်ပေးသင့်တဲ့အရာပင်။ ပထမအပိုင်းတွင် သူ့အကြွေးကို သူမအား ဘယ်သူမှ မပြောခဲ့ကြပေ။

လီဂျင်းယွမ် ကဒီအရာကို အချိန်အတော်ကြာတည်းက သိခဲ့ပေမဲ့ သူက အံ့ဩသွားသလို သရုပ်ဆောင်လိုက်ကာ ပြောလိုက်သည်။ “တကယ်? အရမ်းကောင်းတယ်!”

လီဂျင်းယွမ် ကသူ့ခံစားချက်တွေကို မကြာခဏ ထုတ်ဖော်ပြတက်သူမျိုး မဟုတ်တာကြောင့် သူစိတ်လှုပ်ရှားမှုက ဖုန်းကိုဖြတ်ပြီး ဇောင်ယုဟွမ် ကိုတောင် ခံစားမိစေသည်။

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ သူမ တကယ်ကို ဆန္ဒရှိခဲ့သည်။

ဒါပေမဲ့... ဘာပဲဖြစ်ဖြစ် သူတို့က သူမကို ထက်ပိုင်းပိုင်းပြီး တစ်ယောက်တစ်ဝက် ယူကြမှာတော့ မဟုတ်ဘူးမလား? ဒါဆို သည်းထိပ်ရင်ဖို ဇာတ်လမ်းကြီး ဖြစ်လာလိမ့်မယ်။

ဇောင်ယုဟွမ် ကခေါင်းခါလိုက်ပြီး သူမခေါင်းထဲမှ ထူးဆန်းသည့် အတွေးတွေကို ခါထုတ်လိုက်သည်။
မကြာမှီ အပိုင်း ၅ ရိုက်ကူးရေးကို ရောက်လာခဲ့သည်။

သူတို့ရောက်ချိန်တွင် ဇောင်ယုဟွမ် က ဒင်ချွေယွဲ့ ဆီမှထပ်ပြီး ဖုန်းလက်ခံရခဲ့သည်။ သူမက မေးလိုက်သည်။ “ဟွမ်ဟွမ်၊ အဲ့အကြောင်းကို တွေးပြီးပြီလား?”

“တွေးတယ်၊ ဘာအကြောင်းကိုလဲ?” ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။

ထိုအမေးကြောင့် ဒင်ချွေယွဲ့ ကသွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် သူမက ဇောင်ယုဟွမ် ဖုန်းချသွားမှာကို ကြောက်တာကြောင့် အသက်တောင်မရှူနိုင်ပဲ သူမစိတ်ကို ထိန်းလိုက်ရင်း ကြင်နာသည့် အပြုအမူရှိသူလို ပြောလိုက်သည်။ “ဂျင်းဟွာအုပ်စု အကြောင်းလေ”

ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုလှည့်ကြည့်လိုက်သည်။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူမအနားတွင် ထိုင်နေခဲ့ကြသည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Där berättelser lever. Upptäck nu