36❇ ဒါကညီမလေးရှိတဲ့ ခံစားချက်ဖြစ်မယ်

3.4K 553 4
                                    

<Unicode>

ဒါကညီမလေးရှိတဲ့ ခံစားချက်ဖြစ်မယ်

ဇောင်ယုဟွမ် က ချန်းမင်းရီ ဆီက ဖုန်းဝင်လာချိန်တွင် လန်ဂျင်းဇီ ရဲ့ဖုန်းကို ချလိုက်သည်။

"ငါ့သူငယ်ချင်းက မင်းကို လာခေါ်လိမ့်မယ်။ ငါတို့ လေဆိပ်မှာ ဆုံပြီး ဆစ်ဒနီကို တိုက်ရိုက်သွားကြမယ်"

ချန်းမင်းရီ ကတဖက်မှ ပြောလိုက်သည်။ ဇောင်ယုဟွမ် ကထိုရည်ရွယ်ချက်မှာ ရှုရန်ဟွေ့ နဲ့သူမ သမီးနဲ့ မတွေ့ဖို့ဆိုတာကို သိခဲ့သည်။

"အိုကေ" ဇောင်ယုဟွမ် ပြန်ဖြေလိုက်သည်။ ချက်ချင်းပင် အချိန်တချို့ ဖယ်လိုက်ပြီး သူမအိတ်တွေကို ထုပ်ပိုးလိုက်သည်။

သူမနဲ့အတူ အများကြီး မသယ်သွားပဲ အိတ်တစ်လုံးသာ ထည့်သွားခဲ့သည်။ ဒါကြောင့် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့ အတူရှိမဲ့ နေ့တွေက လွဲသွားခဲ့သည်။

အနည်းဆုံးတော့ သူတို့ အနားမှာရှိနေချိန်တွင် သူမအထုပ်တွေကို ထည့်စရာမလိုပေ။ ဇောင်ယုဟွမ် ကဒီလိုမျိုး မဆက်စပ်တဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်သည်။

ထုတ်ပိုးပြီးချိန်တွင် အောက်ထပ်ကို ဦးတည်သွားလိုက်ပြီး ကားထဲကို ဝင်လိုက်သည်။ ချန်းမင်းရီ ရဲ့သူငယ်ချင်းက လေဆိပ်အထိ မောင်းပို့ခဲ့ပြီး အနီးနားက ဟိုတယ်ကိုတောင် စစ်ဆေးဖို့ ကူညီပေးခဲ့သည်။

"အခုထွက်သွားရမှာတောင် ကြောက်တယ်" အမျိုးသားက အနည်းငယ် ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ အဆင်ပြေပါတယ်။ ဒါက အတော်လေး အဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ်" ဇောင်ယုဟွမ် ကသူ့ကို ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

သုံးလိုက်တာက ချန်းမင်းရီ ရဲ့ခရစ်ဒစ်ကဒ် ဖြစ်နိုင်ပြီး တချို့ဝန်ထမ်းတွေက မနက်ခင်းတွင် လက်ဖက်ရည်ကို ပို့ပေးခဲ့ကြသည်။ ဇောင်ယုဟွမ် ကသတင်းတွေနဲ့ WeChat ကို VIP ဆိုက်မှကြည့်ခဲ့သည်။

ဇောင်မှာ ဖြစ်ပျက်ခဲ့တာတွေက သတင်းအသေးအမွှားလေး မဟုတ်နိုင်ပေ။ ရှုရန်ဟွေ့ ကဒီအကြောင်းနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်ကို ထုတ်ပြောခဲ့တာ မဖြစ်နိုင်ပေ။ ရန်ဆန်း က WeChat တွင် ပျော်ရွှင်စွာ ပြောခဲ့သည်။ ဇောင်ယုဟွမ် ကိုတောင် မေးခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now