≪ 104 ≫

1.3K 197 5
                                    

Unicode

#လီရုံ ကဖျော်ဖြေပွဲမှာ#

#လီဂျင်းယွမ် က Live မှာဝန်ခံသွားတယ်#

လီဂျင်းယွမ် ကထိပ်ဆုံးရှာဖွေမှုကို ရောက်ခဲ့ပေမဲ့ ဝေ့ကျဲ ကတော့ နည်းနည်းလေးတောင် မပျော်နိုင်ပေ။ လီဂျင်းယွမ် ရဲ့အကြောင်းအား လိုက်ကြည့်နေရင်း အသိစိတ်အား အနိုင်ကျင့်ခံနေရသလို ခံစားနေရသည်။

“ဖျော်ဖြေပွဲက သူ့လုပ်ဆောင်ချက်က ထိပ်ဆုံးပဲ၊ လုံးဝကို ပြောစရာကိုမရှိတာ! ဒါပေမဲ့ Live မှာရုတ်တရက်ကြီး ဝန်ခံလိမ့်မယ်လို့တော့ ထင်မထားဘူး! အိုင်ဒေါလ်တွေက သူတို့ဖန်တွေက အတွဲဖန်တွေကြီးပဲ မဟုတ်ဘူးဆိုတာ သိနေမယ်လို့ ငါထင်တယ်။ ငါတို့က ငွေတွေအကုန်ခံပြီး လီဂျင်းယွမ် ကိုပွဲဦးထွက်မှာ ထိပ်ဆုံးရောက်ဖို့ ထောက်ပံ့ပေးခဲ့တာကို အခုတော့ ရုတ်တရက်ကြီး လှည့်ထွက်သွားပြီး ဒိတ်တယ်။ အထူးသဖြင့် အဲ့လိုတော့ မလုပ်သင့်ဘူး... ဒါက လုံးဝကို ဘမ်းခံသင့်တယ်။ အဲ့အေးဂျင့်နဲ့ ကုမ္ပဏီက သေသွားကြပြီလား? ဒါကို ဂရုမစိုက်ကြဘူးလား?”

“အပေါ်က သတင်းတွေကို တွေ့ခဲ့လား? ဖျော်ဖြေပွဲမှာ နင်မမြင်ခဲ့ဘူးလား? လီရုံ ကိုလေ! ဒါကို ဘာကိုဆိုလိုလဲ? ဒါက လီဂျင်းယွမ် ကတကယ့်ကို လီမိသားစုက ဆိုတာပဲ! မကြာခင် သူပြန်ပြီး အမွေဆက်ခံရမှာ! ဒါဆို နင် သူ့ကို ဆက်ပြီးမထောက်ခံပေးရင်ကော?”

“+1+1+1! လီဂျင်းယွမ် ကခေါင်းအုန်းမှာပဲ အလှဆင်ထားတဲ့ ပစ္စည်းဆိုရင် သာမာန်ဖြစ်နိုင်ပေမဲ့ သူက သူ့အင်အားနဲ့ ပွဲဦးထွက်ခဲ့တာ။ သူ့ကို ပွဲဦးထွက်နိုင်အောင် နင်ငွေပေးခဲ့ရလို့လား? သူ့အယ်လ်ဘမ်နဲ့ ပိုစတာကို ငွေပေးပြီး ဝယ်ခဲ့ဖူးလား? တခြားအိုင်ဒေါလ်နဲ့ လီဂျင်းယွမ် ကိုလာမရောနဲ့!”

“အရင်က လီဂျင်းယွမ် ဘာလုပ်ခဲ့လဲဆိုတာ မမေ့နဲ့... သူအသက်ရှင်ဖို့ ဖန်တွေဆီက ငွေကိုမျှော်ကိုးနေဖို့ မလိုအပ်ဘူး။ သူက အရင်တည်းက ထိပ်ဆုံးမော်ဒယ်လ် ဖြစ်ပြီးသားပဲ၊ တွန့်ဆုတ်မှုမရှိပဲ ထွက်လို့ရတယ်။ ဒါက သူ့အသက်မွေးဝမ်းကြောင်းကို အတွေ့အကြုံအတွက်ပဲ လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲ။ နင် သူ့ကို မြှင့်တင်ပေးနေဖို့က သူ့အတွက် မလိုအပ်တဲ့အရာပဲ။ ဒါက လူထု့အမြင်ဖြစ်လာမှာ”

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now