82❇️ ချန်းဟွမ် ဖန်တွေတော့ငိုရပြီ။

1.6K 319 1
                                    

Unicode

လီဂျင်းယွမ် ကပြောလိုက်သည်။

“တခြားမေးခွန်းတွေ ရှိသေးလား?”

ထိုအချိန်တွင် ဝေ့ကျဲ ကရောက်လာပြီး သတင်းထောက်တွေကို ပြုံးကာပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်တို့ လေဆိပ်မှာ နည်းနည်း ကြာနေပြီ၊ လီဂျင်းယွမ် မှာတခြားအလုပ်ကိစ္စတွေ ရှိသေးလို့ပါ။ တခြားမေးခွန်းတွေ ရှိသေးရင် သူတို့ကို ချိန်းဆိုပြီး အင်တာဗျူးဖို့ ဘာကြောင့် မလုပ်ရတာလဲ...”

ဝေ့ကျဲ ကတစ်ချက်တည်း ပြောလိုက်ပြီး သတင်းထောက်တွေအား ငြင်းဆန်ဖို့ အချိန်တောင် မပေးပေ။ ထိုအချိန်တွင် လက်ထောက်တွေနဲ့ ကိုယ်ရံတော်တွေအား ဝေ့ကျဲ ကခေါ်လာပြီး သတင်းထောက်တွေကို ပြန်ခိုင်းလိုက်သည်။

သူတို့အပြုအမူက မကြမ်းတမ်းသော်လည်း သူတို့ရဲ့ရုတ်ချင်း လုပ်ဆောင်မှုက ပြင်းထန်သည်။

ဘယ်သူကမှ နှောင့်ယှက်မှုကို မကျေမနပ် မဖြစ်တာကြောင့် သူတို့က အနောက်ကိုသာ ဆုတ်လိုက်ကြပြီး ပါးစပ်ပိတ်လိုက်ကြကာ ဝေ့ကျဲ ညွှန်ကြားနေမှုကိုသာ နားထောင်နေခဲ့သည်။

ဒီနေရာတွင် ဖန်တွေအများကြီး ရှိနေတာကြောင့် ဖန်တွေက လီဂျင်ယွမ် ကိုဓာတ်ပုံရဖို့သာ ရွေးချယ်လိုက်ကြသည်။ ဒါ့ကြောင့် လီဂျင်းယွမ် ကသူ့ဖန်တွေအား စကားနည်းနည်း ပြောပြီးနောက် အစောင့်တွေနဲ့အတူ ထွက်သွားခဲ့သည်။

ပရိုဂရမ်သမားတွေ လေဆိပ်ကို ရောက်လာသည့် သတင်းက ချက်ချင်းပင် ရှာဖွေမှု ထိပ်ဆုံးရောက်သွားသည်။

《လေဆိပ်မှ ခံစားချက်များ : ချန်းဟွမ် ဖန်တွေတော့ ငိုရပြီလား?》

ကွန့်မန့်ပေးသူ 1 : “ဒါက... ဒါက နည်းနည်းလေး စိုးရိမ်နေရုံပါပဲ။ သူတို့ကြားမှာ ဘာဆက်သွယ်မှုမှ မရှိပါဘူး"

ကွန့်မန့်ပေးသူ 2 : “မစ္စဇောင် ကအင်တာနက် သုံးတယ်မလား? အတွဲဖန်တွေ ဆွေးနွေးထားတာတွေကို မြင်သွားလို့ သိသိသာသာ ခွာလိုက်တာပဲ”

ကွန့်မန့်ပေးသူ 3 : “… လူတိုင်းမှာ စိတ်ကြိုက်တွဲပေးကြတဲ့ အတွဲတွေရှိတယ်။ လူအစစ်တွေတောင် မဟုတ်ဘူး”

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now