Vol 1: Chapter 10

Zacznij od początku
                                    

ဘာလို့ ဝတ္ထုထဲက ဂိုဏ်းချုပ်ကြီးတွေရဲ့ သမီးအလှပဂေးလေးတွေက အရည်အချင်းရှိပြီး  လက်မထပ်ရသေးတဲ့ single လေးတွေပဲလဲ ?

ဆုန်းရှောင်ဟူ သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ကာ စိတ်ဓာတ်ကျစွာဖြင့် ပြောလာသည်။

" စစ်ဆေးပွဲပထမအချီတောင် ပြီးသွားပြီလား ? ကျွန်တော် နောက်ကျသွားပြီပဲ။ "

ဖုန်းလော် သည် ပြုံးလိုက်ရင်း

" ဒါက ကိစ္စမရှိပါဘူး။ ကျွန်မ အခုချက်ချင်း စစ်ဆေးပွဲ ဖြေလို့ရအောင် လုပ်ပေးလို့ ရတယ်။ ကျွန်မရဲ့ ဆရာတူအကိုတွေကို ရှင်းပြလိုက်ရင် အဆင်ပြေသွားမှာပါ။ စိတ်ပူစရာ မလိုပါဘူး။ "

ဆုန်းရှောင်ဟူ ၏ နှုတ်ခမ်းတွင် အပြုံးကြီးကြီးတစ်ခု ချက်ချင်းပေါ်လာကာ

" ကျေးဇူး အရမ်းတင်ပါတယ် ! "

ဟု ဆိုလာ၏။

ဘေးနားတွင် ရပ်နေရင်းပင် လင်းရှ သည် ထို ကောင်ကလေးနှင့် ကောင်မလေး အတွဲ၏ ရိုးသားဖြူစင်လှသည့် ဆက်ဆံရေးကို ကြည့်ရင်း ရင်ထဲမှ သက်ပြင်းချမိပေသည်:

တ်ာလောက်ပါပြီ။ ဒီကလေးလေးတွေကတော့

ဖုန်းလော် မှ ဆုန်းရှောင်ဟူ ကို ခေါ်သွားသည်ကို ကြည့်ရင်း လင်းရှ သည် အပြုံးတစ်ခုနှင့်အတူ ယုဇီကျွေး အား

" အင်း၊ ဖုန်းလော် က တကယ် စိတ်ထားကောင်းတာပဲ။ မင်းတို့တွေက နောင်ဆို သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်တယ်။ "

ဤ ဗီလိန်လေး၏ အချစ်ပေါ်ထားသည့် ထူးဆန်းသည့် အမြင်မှာ သူ၏ မိဘများထံမှ အရင်းခံလာခြင်း ဖြစ်သည်။ ထို့ကြောင့် တက်ကြွ လန်းဆန်းကာ ချစ်စဖွယ်ကောင်းသည့် ဖုန်းလော် လို မိန်းကလေးမျိုးနှင့် သူငယ်ချင်းဖြစ်ကာ ရင်းရင်းနှီးနှီး နေကြပါလျှင် ထို အမြင်ကို အချိန်တိုအတွင်း ပြုပြင်နိုင်ဖို့ အခွင့်အရေးများလေသည်။

သို့သော်လည်း ယုဇီကျွေး သည် မျက်မှောင်ကြုတ်ပြီး မျက်ခုံးများ တွန့်သွားကာ တခြားဖက်သို့ လှည့်သွားတော့သည်။ သူ၏ အမူအရာကို ကြည့်ပြီး ဘာသာပြန်ရမည်ဆိုပါက စကားလုံးလေးလုံးကိုသာ အတိုချုံ့ ပြောနိုင်ပေသည်:

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Opowieści tętniące życiem. Odkryj je teraz