Chapter (70+71+72+73+74)(Z+U)

Start from the beginning
                                    

Chapter (71) – ရေတွင်းထဲက ကောင်းကင်ဘုံကိုရှာဖွေခြင်းနေ့လည်ခင်း စူးရှသောနေရောင်အောက်ဝယ် အမျိုးသမီးနှင့် ကောင်လေးက Chen Ge ၏သရဲအိမ်ထဲ ဝင်ခွင့်ငြင်းခြင်းခံရပေမယ့် အပြင်မှာမတ်တပ်ရပ်နေဆဲဖြစ်သည်။"သရဲအိမ်ကိုလာချင်တာ သူ့ရဲ့ဆန္ဒလေးပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Chapter (71) – ရေတွင်းထဲက ကောင်းကင်ဘုံကိုရှာဖွေခြင်း

နေ့လည်ခင်း စူးရှသောနေရောင်အောက်ဝယ် အမျိုးသမီးနှင့် ကောင်လေးက Chen Ge ၏သရဲအိမ်ထဲ ဝင်ခွင့်ငြင်းခြင်းခံရပေမယ့် အပြင်မှာမတ်တပ်ရပ်နေဆဲဖြစ်သည်။

"သရဲအိမ်ကိုလာချင်တာ သူ့ရဲ့ဆန္ဒလေးပါ.. ကျေးဇူးပြုပြီး ခွင့်ပြုပေးပါလားရှင်.. ဘာမှမဖြစ်စေရဘူးလို့ ကတိပေးပါတယ်.."

အမျိုးသမီးက ယွမ် 100 တန်ငွေစက္ကူကိုထုတ်ကာ ပြောလိုက်သည်။

Chen Ge က လာဘ်ထိုးသည်ကိုငြင်းကာ ပြောလိုက်သည်။

"ခင်ဗျား ဘာကြောင့် အတင်းတောင်းဆိုနေရတာလဲ.. ဒီကလေးက 8နှစ်လောက်ပဲရှိသေးတယ်.. သရဲအိမ်ထဲကအပြင်အဆင်က ကလေးတွေအတွက် မသင့်တော်လို့ပါ.. သူ့တစ်ဘဝလုံးကို ခြောက်လှန့်နေမိမှာ စိုးရိမ်လို့ပါ.."

အမျိုးသမီကသူ့အမေးကိုမဖြေဘဲ ကောင်လေး၏ဆံပင်ကိုထိုးဖွပွတ်သပ်ရင်း ညင်သာစွာပြောလိုက်သည်။

"ဖန်းယွီ.. တို့တွေ တခြားနေရာ သွားကစားရအောင်.."

သူမစကားမဆုံးခင် ကောင်လေးက သူမ၏လက်ကို ဖယ်ချလိုက်သည်။ သူ့အသားကို မိသားစုဝင်တွေလာထိသည်ကိုပင် မနှစ်သက်ပေ။ သူက ဘယ်လောက်သွေးဆောင်ခံရပေမယ့် မလှုပ်ဘဲ သရဲအိမ်ရှေ့မှာမတ်တပ်ရပ်ပြီး Chen Ge ကိုစိုက်ကြည့်နေသည်။ သူ့မျက်ဝန်းထဲမှာ ကြောက်ရွံ့ရိပ်ကို လုံးဝမမြင်ရပေ။

"ဖန်းယွီလား.. မင်းက ဘာကြောင့် သရဲအိမ်ထဲ ဝင်ချင်တာလဲ.. အထဲမှာ မှောင်ပြီး ကြောက်စရာကောင်းတယ်ကွ.."

Chen Ge က ဒီကလေးကို စိတ်ဝင်စားသွားသည်။ သူ့ဘဝမှာ ဒီအရွယ်လေးနှင့် ဒီလောက်စပ်စုသောကလေးကို မတွေ့ဖူးပေ။ ဒါကြောင့် သူက ကလေးကို ညင်သာစွာမေးလိုက်သည်။

ကောင်လေးက အကြည့်လွှဲလိုက်ပြီး မြေပြင်က Chen Ge ၏ကိုယ်ကို စိုက်ကြည့်ကာ စကားတစ်ခွန်းမှ ပြန်မပြောပေ။

အမျိုးသမီးက Chen Ge စိတ်တိုမှာစိုးလို့ ဝင်ရှင်းပြလိုက်သည်။

"ဖန်းယွီက တခြားကလေးတွေနဲ့မတူဘူး.. သူက စကားပြောရတာ မကြိုက်ဘူး.. စိတ်မရှိပါနဲ့ရှင်.."

"ကိစ္စမရှိပါဘူးဗျာ.."

ဒီမိန်းမနှင့်ကလေးက အစောင့်တွေမဆွဲထုတ်မချင်း သွားမည့်ပုံမပေါ်ပေ။ ဒါပေမယ့် Chen Ge က အမျိုးသမီးနှင့် ကလေးအပေါ် မရက်စက်ချင်သောကြောင့် ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားတို့ကို သရဲအိမ်ထဲက သတ်မှတ်ထားတဲ့နေရာအပြင်ပိုင်းကိုပဲ အခမဲ့သွားကြည့်ခွင့်ပြုလိုက်မယ်.. ဘယ်လိုလဲ.."

"ကျေးဇူးတင်ပါတယ်ရှင်.."

"ဒါဆို ဒီသဘောတူစာရွက်မှာ လက်မှတ်ထိုးပေးပါ.. ပြီးတော့ သရဲအိမ်ထဲက တခြားပစ္စည်းတွေကို လျှောက်မကိုင်ပါနဲ့.."

Chen Ge က စာရွက်၂ရွက်ထုတ်ကာ ပေးလိုက်သည်။ ပုံမှန်ဆိုရင် အုပ်ထိန်းသူလက်မှတ်သာ လိုအပ်သည်။ ဒါပေမယ့် သူက ကောင်လေးဆီက သဘောတူလက်မှတ်ပါ ထပ်တောင်းလိုက်သည်။ ပြီးတော့ ဝိညာဉ်သတို့သမီးအခန်းဘက်ကို ဝင်ခွင့်ပြုလိုက်သည်။

Chen Ge က ဝင်ပေါက်ဝမှာ နောက်ခံသမိုင်းကြောင်းကို ရှင်းပြတော့ အမျိုးသမီးက စိတ်လှုပ်ရှားစွာ ပိုက်ဆံအိတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေမယ့် ကောင်လေးက ခေါင်းငုံ့ကာ ကြောက်ရမှန်းမသိပေ။

သစ်ခြောက်ပင်က လေထဲယိမ်းနွဲ့နေပြီး သူတို့ခြေထောက်အောက်က လူသေအတွက် မီးရှို့ပေးရသောငွေစက္ကူများ တဖျပ်ဖျပ်လွင့်နေသည်။ Chen Ge က 'ဝိညာဉ်သတို့သမီး' အခန်း၏တံခါးကို ဖွင့်ပြကာ အတွင်းခန်းအပြင်အဆင်ကို ပြလိုက်သည်။

"အတွင်းပိုင်းခန်းက ဒီလိုပါပဲ.. အထဲကိုမဝင်ကြပါနဲ့.. ဒီပန်းခြံက အသက်မပြည့်တဲ့ကလေးတွေကို ဝင်ခွင့်ကန့်သတ်ထားလို့ပါ.."

Chen Ge ၏စကားဆုံးတော့ လူကြီးနှစ်ယောက်မတားနိုင်ခင် ကောင်လေးက အခန်းထဲကို စွတ်ခနဲပြေးဝင်သွားတော့သည်။

"ဖန်းယွီ.."

အမျိုးသမီးက ကောင်လေးနောက်ကို လိုက်သွားခေါ်လိုက်သည်။ ကောင်လေးက 'ဝိညာဉ်သတို့သမီး' ခြံဝင်းထဲက ရေတွင်းတစ်ခုနားမှာ ကိုယ်ကိုကိုင်းညွတ်ကာ ရေတွင်းထဲမှာ တစ်ခုခုရှာသလို ငုံ့ကြည့်နေသည်။

"တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်ရှင်.."

အမျိုးသမီးက တောင်းပန်ရင်း ကောင်လေးကို ခြံဝင်းထဲကဆွဲထုတ်ဖို့ ဆွဲခေါ်တော့ ငြိမ်သက်ကာ ရှက်တတ်သောကလေးက တခြားလူလိုပြောင်းသွားတော့သည်။ သူက အမျိုးသမီး၏လက်ကို ကုတ်လိုက်ရာ လက်မောင်းတွင် သွေးစို့နေသောကုတ်ခြစ်ရာကြီး ပေါ်လာတော့သည်။

"ဒီကောင်လေးက စိတ်အပြောင်းအလဲ မြန်ပုံရတယ်.."

'ဝိညာဉ်သတို့သမီး' ခြံဝင်းထဲက ရေတွင်းက အကာအရံရေတွင်းဘောင် ရှိသောကြောင့် ထိုကလေးပြုတ်ကျမည်ကို Chen Ge မစိုးရိမ်ပါ။ ဒါပေမယ့် ဒီကလေးက ဘာကြောင့် ရေတွင်းကိုစိတ်ဝင်စားသည်ကို သိချင်နေသည်။

၃မိနစ်ကျော်ကြာတော့ ရေတွင်းထဲမှာ သူတွေ့ချင်တာမရှိသောကြောင့် ကောင်လေးက သက်ပြင်းရှိုက်ကာ ရေတွင်းဘောင်ဘေးက ခွာလိုက်သည်။ ဒီကလေးက သူ့အရွယ်ကလေးတွေနှင့် မတူဘဲ ကြောက်မက်ဖွယ်ရာများကို ပိုပြီးစိတ်လှုပ်ရှား သဘောကျပုံရသည်။

"ခင်ဗျားတို့က ခြံထဲတောင်ရောက်နေပြီဆိုတော့ တခြားဟာထပ်ကြည့်သွားလည်း ကိစ္စတော့မရှိတော့ပါဘူး.."

Chen Ge က ထိုကောင်လေးကို စိတ်ဝင်စားကာ ပြောလိုက်သည်။ ဒီကလေးက သူ့ရွယ်တူချင်းထဲမှာ သေးသွယ်ပုံရှိပေမယ့် ကြည်လင်သောရုပ်သွင်၊ သိမ်မွေ့သောကိုယ်နေဟန်၊ တောက်ပသောမျက်ဝန်းကြီးကြီးများရှိသည်။

"ဒီဝိညာဉ်သတို့သမီးခြံဝင်းကြီးက ရှေးတရုတ်ပြည်ကခြံဝင်းကြီးလို တည်ဆောက်ထားတာဖြစ်တယ်.. အရှေ့ဘက်နဲ့ အနောက်ဘက်အဆောင်က မျိုးဆက်သစ်လူငယ်တွေနေတဲ့ အဆောင်ဖြစ်တယ်.."

Chen Ge က တံခါးကိုတွန်းဖွင့်လိုက်တော့ တံခါးနောက်ကသရဲမက ရုတ်တရက်ခုန်ထွက်လာတော့ အမျိုးသမီးက ကြောက်လန့်စွာအော်ရင်း နောက်ကိုဆုတ်လိုက်သည်။

"စိတ်မပူပါနဲ့.. ဒါက သရုပ်ဆောင်နေတာပါ.. ရှောင်ဝမ်.. ခဏသွားနားလိုက်ဦး.."

"ဘော့စ်.. ရှင် နည်းနည်းတော့ ကြောက်ချင်ယောင်ဆောင်ပေးပါဦးလား.."

ရှောင်ဝမ်က ပြောရင်း သူမဝတ်စုံကိုမကာ အခန်းပြင်ကိုထွက်လာတော့ Chen Ge နောက်မှာကွယ်နေသည့် ကောင်လေးကို တွေ့သွားသည်။ ထိုကောင်လေးက ခေါင်းမော့ကာ ရှောင်ဝမ်ကို သေချာစိုက်ကြည့်နေသည်။

"ဟမ်.. ဘော့စ်.. ရှင် ဘာကြောင့် ကလေးလေးကို အထဲဝင်ခွင့်ပြုရတာလဲ.."

ရှောင်ဝမ်က အံ့အားသင့်စွာမေးလိုက်သည်။ ထိုအခါမှ Chen Ge က ဒီကလေးဘယ်လောက်ထူးဆန်းသည်ကို သိလိုက်ရသည်။ ရှောင်ဝမ်၏သတို့သမီးဝတ်စုံက သွေးလိုနီရဲကာ မျက်နှာက မသာမိတ်ကပ်လိမ်းထားသဖြင့် တကယ့်အလောင်းနှင့်တူနေသည်။ ဒါပေမယ့် ဒီကောင်လေးက လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ ရှောင်ဝမ့်နားတိုးကပ်ကာ သေချာကြည့်နေသေးသည်။

"ဒီကလေးက ကျွန်မကို သဘောကျနေပုံပဲ.."

ရှောင်ဝမ်က ပြုံးကာပြောလိုက်သည်။ ဒီကောင်လေးက ရှောင်ဝမ်ထွက်သွားသည်အထိ ငေးစိုက်ကြည့်နေခဲ့သည်။

"ကဲ.. ဒီနေ့ ဒီလောက်ကြည့်ရရင် တော်လောက်ပြီ.. တခြားခြံဝင်းတွေက ဒီလိုအပြင်အဆင်ချည်းပါပဲ.. ကျွန်တော်တို့ ထွက်ကြစို့.."

Chen Ge နှင့်အမျိုးသမီးက ထွက်ခဲ့ပေမယ့် ကောင်လေးက ခြံဝင်းထဲရပ်ကာ ဟိုဟိုသည်သည်ကြည့်ပြီး တခြားအရာကိုရှာဖွေနေသည်။

"ဖန်းယွီ.. သွားဖို့အချိန်ရောက်ပြီ.."

ကောင်လေးက အမျိုးသမီးကို လျစ်လျှူရှုကာ ရေတွင်းဆီသွားပြီး ထပ်ရှာပြန်သည်။

"ဒီကောင်လေးက မကြောက်ဘူးလား.. ခင်ဗျားက သူ့အမေလား.."

Chen Ge က အလျင်မလိုဘဲ အမျိုးသမီးကို စကားလှမ်းပြောလိုက်သည်။

"မဟုတ်ပါဘူး.. ကျွန်မက အဒေါ်ပါ.. ရှောင်ယွီက သူ့အရွယ်ကလေးတွေနဲ့မတူဘူး.. လွန်ခဲ့တဲ့နှစ်တချို့ သူ့မိဘတွေ အက်ဆီးဒန့်ဖြစ်ပြီးကတည်းက သူ ခုလိုဖြစ်သွားတော့တာပဲ.. ကျွန်မတို့က ဆရာဝန်မျိုးစုံပြပေမယ့် ဘာမှမထူးဘူး.."

"စိတ်ပိုင်းဆိုင်ရာပြဿနာလား.. စိတ်မရှိရင် သူ့မိဘတွေဘာဖြစ်သွားသလဲ ပြောပြပေးလို့ရမလား.."

Chen Ge က စပ်စုလိုက်သည်။

"ဖန်းယွီရဲ့မိဘတွေက မုယန်အထက်တန်းကျောင်းက ဆရာတွေပါ.. တစ်နေ့မှာ သူတို့က ဒီအတိုင်းပျောက်ကွယ်သွားပြီး လုံးဝရှာမတွေ့တော့ဘူး.. အဲ့ဒီအချိန်မှာ ရှောင်ယွီက ၅ နှစ်သားလေးပဲရှိသေးတယ်.. ဒါကြောင့် ကျွန်မလည်း ကလေးနားလည်အောင် မရှင်းပြတတ်တော့ သူ့မိဘတွေက ကောင်းကင်ဘုံထွက်သွားပြီလို့ ပြောပြထားခဲ့မိတယ်.."

"မုယန်အထက်တန်းကျောင်း ဟုတ်လား.."

Chen Ge က ရေရွတ်လိုက်မိသည်။

"ရှင် ဒီအကြောင်းတွေ ကြားဖူးတာလား.. အဲ့ဒီကျောင်းက ကောလာဟလတွေ အမျိုးမျိုးထွက်နေလို့ သူတို့ကို တခြားမှာအလုပ်ရှာဖို့ ကျွန်မပြောသေးတယ်.. ဒါပေမယ့် သူတို့က နားမထောင်ကြဘူးလေ.."

ထိုအမျိုးသမီးက အတိတ်ကိုသတိရပြီး ငိုချင်လာသည်။

"ရှောင်ယွီ.. အန်တီတို့ပြန်ကြစို့လေကွယ်.. နော်.."

ကောင်လေးက ခေါင်းမာစွာဖြင့် ရေတွင်းဘေးမှာရပ်နေသည်။ Chen Ge က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။

"ဟေး.. မင်း ရေတွင်းထဲမှာ ဘာရှာနေတာလဲ.. ဒီထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိလို့လား.."

ဖန်းယွီက ခေါင်းခါပြကာ အရိပ်ကျသည့်ရေတွင်းထောင့်မှာရပ်ကာ အောက်ကိုဆက်ပြီးကြည့်နေသည်။

"မင်း ရေတွင်းထဲမှာ ဘာရှာနေသလဲ ပြောပြလို့ရမလား.."

"ကျွန်တော် တစ်ခုခုရှာနေတာ.."

"ဘာရှာတာလဲ.."

"ကောင်းကင်ဘုံ.."

ကောင်လေးက ရေတွင်းထဲကို အကြာကြီးစိုက်ကြည့်ပြီးမှ ဖြေခဲ့သည်။

===========================

Chapter (72) – ဒုတိယအဆင့် ကစားကွင်း

"ရေတွင်းထဲမှာ ကောင်းကင်ဘုံရှိတာလား.."

Chen Ge က ကောင်လေးကိုကြည့်ရင်း တစ်ခုခုကိုသတိရလာသလို ခံစားရပြီး စိတ်လှုပ်ရှားလာခဲ့သည်။ သူက တစ်ဖက်ကိုလှည့်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ကံကောင်းပြီး အမျိုးသမီးက သတိမထားမိပေ။ Chen Ge ပြန်လှည့်လာတော့ ကလေးက အမျိုးသမီးကို တောက်ပစွာစိုက်ကြည့်နေသည်။ သူ့ပုံစံက မသာမိတ်ကပ်နှင့်ရှောင်ဝမ်ကို ကြည့်နေသလိုပင်။

"ဖန်းယွီ.. အိမ်ပြန်ချိန်ရောက်ပြီ.."

အမျိုးသမီးက ထပ်ပြောတော့ ကောင်လေးက ရေတွင်းဘေးကခွာပြီး ပြန်လိုက်ခဲ့သည်။ သရဲအိမ်အပြင်ကိုရောက်တော့ ကောင်လေးက ခေါင်းငုံ့ကာ နဂိုရှက်ကြောက်တတ်သောပုံ ပြန်ဖြစ်သွားသည်။ အမျိုးသမီးက ကျေးဇူးတင်စကားပြောကာ ပြန်သွားကြသည်။

Chen Ge က သရဲအိမ် အတက်လှေကားထစ်နားမှာ ထိုင်ချပြီး ဒီကလေးအကြောင်းကို စဉ်းစားနေသည်။ "ရေတွင်းထဲက ကောင်းကင်ဘုံကိုရှာဖွေခြင်း" ဒီကောင်လေးက ဥပမာစကားနဲ့ တင်စားသွားတာတော့ မဟုတ်လောက်ပေ..။ သူ့အဒေါ်က မိဘနှစ်ပါးပျောက်သွားတာကို အရမ်းဝမ်းမနည်းစေဖို့ လိမ်ပြောခဲ့တာက ကလေးအပေါ် မကောင်းသည့်အကျိုးသက်ရောက်မှု ဖြစ်စေပြီး ခုလိုဖြစ်သွားပုံရသည်။ သူမဖြစ်စေချင်သလိုမဖြစ်ဘဲ ကလေးစိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားစေခဲ့သည်။ Chen Ge အံ့သြတာက သူမေးတော့ ကောင်လေးက ချက်ချင်းဖြေလိုက်သည့်စကားကြောင့်ဖြစ်သည်။

သူ့မိဘတွေက ကောင်းကင်ဘုံကိုသွားသည်ဟု ဆိုထားပေမယ့် ကောင်းကင်ဘုံကို ဘာကြောင့်ရေတွင်းထဲမှာ လာရှာတာလဲ..။ သူ့မိဘတွေ ရေတွင်းထဲကျသေသွားတာကို သူကိုယ်တိုင်မြင်ခဲ့တာလား..။ ရေတွင်းထဲမှာ အလောင်းတွေရှိမလား..။ Chen Ge က ရဲမခေါ်သေးဘဲ စဉ်းစားနေသည်။

ဒီကောင်လေးမိဘတွေက မုယန်အထက်တန်းကျောင်းက ဆရာတွေ၊ သူ့ဖုန်းထဲက side mission က မုယန်အထက်တန်းကျောင်းနှင့် ပတ်သက်နေသည်။ ဒါက တိုက်ဆိုင်တာမဟုတ်ဘူးဆိုရင် ဒီကောင်လေးမိဘတွေ ပျောက်သွားတာက မုယန်အထက်တန်းကျောင်းနှင့် ပတ်သက်မှုရှိရမည်။ Chen Ge က ဖုန်းအနက်ကိုကြည့်မိတော့ message တစ်စောင်ဝင်နေသည်။

>>မှန်ကန်သောရွေးချယ်မှုကြောင့် ဆုလာဘ်ရလိုက်ပါပြီ.. ဂုဏ်ယူပါတယ်.. အစမ်းမစ်ရှင် - မုယန်အထက်တန်းကျောင်းကို ကစားလို့ရပါပြီ.. ဒီဟာက 'နောင်ဘဝ၏ကျောင်း' ဆိုသည့် ကြယ်၎ပွင့်အဆင့် ကစားပွဲ၏ side mission ဖြစ်သည်။ အခု ကြယ်၂ပွင့်အဆင့်ရှိတဲ့ 'မုယန်အထက်တန်းကျောင်း' ကို ကစားလို့ရပါပြီ..<<

>>မုယန်အထက်တန်းကျောင်းမှာ side mission ၄ခုရှိပါသည်။ ဒီ၎ခုကို အောင်မြင်ရင် မုယန်အထက်တန်းကျောင်း ကစားကွင်း ပွင့်လာမည်။<<

>>မစ်ရှင် - မုယန်အထက်တန်းကျောင်း<|

>>မစ်ရှင်တောင်းဆိုချက် - ထိုနေရာကို ည ၁၁ နာရီမတိုင်ခင် သွားပါ။ မနက်ထိအသက်ရှင်အောင်နေပါ။<<

>>မစ်ရှင်သဲလွန်စ - လူတိုင်းရင်ထဲမှာ ရှက်စရာဖြစ်ရပ်တွေကို လျှို့ဝှက်ထားပြီး တမလွန်ဘဝထိ ယူဆောင်သွားသည်။<<

>>ဒီမစ်ရှင်ကို လက်ခံမလား<<

>>သတိပေးချက် - ဒီမစ်ရှင်ကိုရွေးချယ်ခြင်းက ၂၄ နာရီသာအချိန်ရသည်။ ၂၄ နာရီကျော်လျှင် ဒီမစ်ရှင်က လုံးဝပိတ်သွားမည်။<<

Chen Ge က ဧည့်သည်လက်ခံလိုက်လို့ ရသည့်ဆုလာဘ်က ခုလို 2 star level game ကိုကစားရဖို့ side mission ပွင့်သွားမည်မှန်း မသိပေ။ ဒီမစ်ရှင်က 1 star level Fu An တိုက်ခန်းထက်မြင့်လို့ ပိုအန္တရာယ်များမှာ သေချာသည်။

Chen Ge က စာကို ထပ်ခါထပ်ခါဖတ်ကာ စဉ်းစားနေသည်။ Fu An တိုက်ခန်းမှာ တစ်ညတာနေပြီး လူသတ်သမားလက်က အသက်ရှင်အောင်ကြိုးစားရသည်။ ခုမစ်ရှင်က လူသတ်သမားထက် ပိုဆိုးတာပါရမည်။

အသက်ရှင်ဖို့လုပ်ရတာ ရိုးရှင်းသောတောင်းဆိုချက်ပေမယ့် ဒီဟာကိုရွေးချယ်ခွင့်က ၂၄ နာရီပဲရှိသည်။ တကယ်လို့ ဒါကိုလက်လျှော့လိုက်ရင် 4 star အဆင့် 'School of Afterlife' ဆိုတဲ့ကစားကွက်ကို လုံးဝလက်လွှတ်လိုက်ရလိမ့်မည်။ ဒီ 4 star game က မဖြစ်နိုင်ဟုထင်ပေမယ့် ခုလိုလမ်းစပွင့်လာတော့ Chen Ge လက်လွတ်မခံချင်ပေ။

Chen Ge က ဒါကိုငြင်းလိုက်ရင် game ၂ခုကို လက်လွှတ်လိုက်ရာ ကျမည်ဖြစ်ပြီး ကောင်းကျိုး၊ဆိုးကျိုးကို ချိန်ဆနေသည်။ တကယ်လို့ သူ့သရဲအိမ်ကို ဧည့်သည်ထပ်တလဲလဲ လာစေချင်ရင် သေချာပေါက် 4 star အဆင့်ထိမြှင့်မှရမည်။ ဒါကြောင့် ဒီလိုခြောက်လှန့်စရာ game ၂ခု တစ်ပြိုင်တည်းရောက်လာတော့ သူ တစ်ချက်တော့ စမ်းကြည့်သင့်သည်။ ဒီပန်းခြံက ပိတ်ဖို့ ၃လပဲလိုတော့တာဆိုတော့ သရဲအိမ်အတွက် ဒီမစ်ရှင်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်သည်။

ဒါကိုလက်ခံပြီးတော့ Chen Ge က အချိန်မဆွဲတော့ဘဲ မုယန်အထက်တန်းကျောင်းနှင့်ပတ်သက်တာ စုံစမ်းဖို့ ရှောင်ဝမ်ကိုခေါ်ကာ သရဲအိမ်ကိုကြည့်ထားဖို့ပြောပြီး ပန်းခြံဝကိုပြေးလာခဲ့သည်။ သူက လုံခြုံရေးတွေဆီကနေ တူဝရီးနှစ်ယောက်က ဘတ်စ်ကားပေါ်တက်သွားကြတာ သိလိုက်ရသည်။

"အမှတ် 14 Bus"

Chen Ge က Taxi ကိုခေါ်ကာ အမှတ် 14 Bus ကားရပ်မည့်ဘနောက်မှတ်တိုင်ကို သွားဖို့ပြောလိုက်သည်။

Taxi က Bus ကားထက်မြန်လို့ Chen Ge က ထိုမှတ်တိုင်ကိုကြိုရောက်ပြီး တစ်မိနစ်ကြာမှ Bus ကားက ဆိုက်လာသည်။ ကားထဲမှာ လူကြပ်နေပြီး အမျိုးသမီးကို ကလေးပွေ့လျက် ကားနောက်ပိုင်းမှာထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့က Chen Ge ကို သတိမထားမိပေ။ Chen Ge သာ သူတို့နောက်ကလိုက်ချောင်းတာသိလျှင် လန့်သွားလောက်သည်။ Chen Ge က အလျင်မလိုဘဲ ကားနောက်ကနေ Taxi ကိုလိုက်စေသည်။ Bus ကားက 7မှတ်တိုင်ကိုကျော်ပြီး နောက်ဆုံးမှတ်တိုင်ရောက်ခါနီးမှ အမျိုးသမီးက ကလေးနှင့်ဆင်းလာသည်။ သူတို့က လမ်းသွယ်လေးတစ်ခုထဲ လမ်းလျှောက်ဝင်သွားကြသည်။

သူတို့က ဒီလောက်ဝေးတဲ့နေရာမှာ နေကြတာလား။ ဒီကလေးကို ဆရာဝန်မျိုးစုံနဲ့ပြရလို့ ငွေကြေးအရမ်းကျပ်တည်းသွားတာဖြစ်ရမည်။

Chen Ge က သူတို့နောက်က တိတ်တဆိတ်လိုက်လာရင်း မကြာခင် အမျိုးသမီးနှင့်ကလေးက ရုတ်တရက်ရပ်သွားကြသည်။

သူတို့က ငါလိုက်လာတာ သိသွားလို့လား..။ ဒါမှမဟုတ် တစ်ခုခုကနေ ပုန်းချင်နေတာလား..။

==============================

Chapter (73) – အနီနှင့်အနက်

ဒီလမ်းတွေက ကောက်ကွေ့ကာ ဝင်္ကပါလိုရှုပ်ထွေးသောကြောင့် Chen Ge က နောက်ချန်မနေရဲဘဲ ထိုတူဝရီးနောက်က ထပ်ချပ်မကွာလိုက်ခဲ့သည်။ သူက လမ်းအဆုံးမှာ နှစ်ထပ်အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအဆောက်အဦး၏ ပတ်ဝန်းကျင်က ရေဆိုးမြောင်း၏အနံ့အသက်က ဆိုးဝါးလှပြီး မြင်မြင်ရာမှာ မည်းတူးညစ်ပတ်လို့နေသည်။ ပထမအိမ်ငှားများက ပြောင်းရွှေ့သွားကြောင်း ပိုစတာကပ်ထားတာ တွေ့လိုက်ရသည်။ Chen Ge က လှေကားအတိုင်း အပေါ်ကိုတက်လာတော့ အပေါ်ထပ်သာလျှင် အိမ်ငှားများရှိကြောင်း လျှော်ပြီးလှန်းထားသည့်အဝတ်များအရ သိလိုက်ရသည်။

ဒီတူဝရီးက ဒီလိုဆိုးရွားသည့်နေရာက အဆောက်အဦးဆီကို ဘာကြောင့်လာနေသလဲဆိုတာ တွေးနေမိသည်။ သူတို့သာ ဒီမှာနေထိုင်နေတာဆိုရင် သူတို့အခြေအနေက တကယ်ကိုဆိုးဝါးလို့နေလေပြီ။ ပန်းခြံထဲမှာ အမျိုးသမီးက သူ့တူသရဲအိမ်ထဲဝင်ရဖို့ ယွမ်ငွေ 100 တန်ကိုတောင် ရက်ရောစွာထုတ်ပေးခဲ့ပေမယ့် ကောင်လေးက အဒေါ်ဖြစ်သူကို သဘောကျပုံမပေါ်ပေ။ ဒါက ကလေးဆီက စိတ်ရောဂါကြောင့်လား၊ သူမကပဲ ကလေးအပေါ် ဆက်ဆံတာမကောင်းလို့လား။

Chen Ge က ပထမထပ်က ပွင့်နေသောတံခါးကို ခေါက်ကာ ခေါ်လိုက်သည်။

"တစ်ယောက်ယောက် ရှိပါသလား.."

"လာပြီ.."

ခြေသံနှင့်အတူ အတွင်းခန်းထဲကနေ အမျိုးသမီးထွက်လာသည်။ သူမက Chen Ge ကိုမြင်တော့ အံ့သြသွားသည်။

"ရှင် ဘာကြောင့် ဒီကိုရောက်နေတာလဲ.. သရဲအိမ်ထဲမှာ ကျွန်မတို့ တစ်ခုခုကို ဖျက်ဆီးခဲ့မိလို့လား.."

"မဟုတ်ပါဘူး.. ကျွန်တော်က ကောင်လေးအကြောင်းကို စိတ်ဝင်စားလို့ပါ.. သူ့ကို နည်းနည်းမေးစရာရှိလို့ပါ.. Jiu Jaing ဆေးကျောင်းမှာ ကျွန်တော့်မိတ်ဆွေတချို့ရှိပါတယ်.. တစ်ခုခု အကူညီပေးနိုင်မယ်ထင်လို့ပါ.."

"ကျေးဇူးတင်ပါတယ်.. ကျွန်မတို့ အဆင်ပြေပါတယ်ရှင်.."

အမျိုးသမီးက ယဉ်ကျေးစွာငြင်းလိုက်လို့ Chen Ge က ထပ်ရှင်းပြလိုက်သည်။

"ကျွန်တော်က လူဆိုးတစ်ယောက်မဟုတ်ပါဘူး.. ဒီမှာ ဖုန်းထဲကသတင်းကိုသာ ကြည့်လိုက်ပါ.."

Chen Ge က သူ့ဖုန်းထဲကနေ သတင်းကိုရှာပြီး အမျိုးသမီးဆီကမ်းပေးလိုက်သည်။ Fu An တိုက်ခန်းအမှုကို သူကူညီဖြေရှင်းထားကြောင်း သက်သေပြလိုက်သည်။

"ကြည့်.. ကျွန်တော်က မဖော်နိုင်တဲ့အမှုကို ကူညီဖြေရှင်းပေးနိုင်လို့ ဆုတံဆိပ်တောင်ရထားတယ်.."

" 'သဘာဝလွန်ဖြစ်ရပ်မှတ်တမ်းတင်သူ ပိတ်မိလို့ ရဲများက လာရောက်ကယ်ဆယ်ရခြင်း' သရဲအိမ်ပိုင်ရှင်က သေလုမျောပါး ကြုံတွေ့လိုက်ရတာလား.."

Chen Ge က သူမကိုဆက်ပြောလိုက်သည်။

"ခေါင်းစဉ်တွေကို ဂရုမစိုက်ပါနဲ့.. အထဲမှာ ကျွန်တော့်ပုံပါတယ်.."

အမျိုးသမီးက သံသယကင်းကာ ဖုန်းပြန်ပေးလိုက်သည်။

"အထဲကိုဝင်ထိုင်ပါဦးရှင်.."

အခန်းက ပေ ၃၀ ပတ်လည်လောက်တွင် ဧည့်ခန်း၊ ထမင်းစားခန်း လုပ်ထားပြီး အိပ်ယာများကို နံရံဘေးမှာကပ်ထားသည်။

"အခန်းက ရှုပ်ပွနေတာ တောင်းပန်ပါတယ်.. ကျွန်မတို့က ဧည့်သည်လာမယ်မထင်လို့ပါ.. တစ်ခုခုသောက်ဦးမလား.."

အမျိုးသမီးက စိတ်ပျက်စွာပြောလိုက်သည်။ သူမက ကောင်လေးနှင့်တူသော အရိပ်လက္ခဏာပေါ်နေသည်။

"ကိစ္စမရှိပါဘူး.. ကျွန်တော်က မေးခွန်းနည်းနည်းလောက် မေးချင်လို့ပါ.."

Chen Ge က ဖုန်းကိုထုတ်ကာ အသံသွင်းဖို့လုပ်လိုက်သည်။

"နှစ်တွေကြာပြီးမှ ဘာကြောင့် ခုမှလာမေးရတာလဲ.."

ဒါပေမယ့် အမျိုးသမီးက Chen Ge ရှေ့ကခုံမှာ ဝင်ထိုင်ကာ လွန်ခဲ့သော ၃နှစ်၊ မုယန်အထက်တန်းကျောင်းက အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။

လွန်ခဲ့သော ၃နှစ်က မုယန်အထက်တန်းကျောင်းက ပုံမှန်ကျောင်းတစ်ကျောင်းသာ ဖြစ်ခဲ့သည်။ ကောင်လေးရဲ့မိဘတွေက မိုးရွာတဲ့နေ့တစ်နေ့ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်တော့ သားလေးကိုမတွေ့တာ သတိထားမိတော့ မိုးရေထဲ တဖန်ပြန်လိုက်ရှာခဲ့ကြသည်။ ဒါပေမယ့်ကောင်လေးတစ်ယောက်ပဲ အိမ်ပြန်ရောက်လာခဲ့သည်။ မိဘနှစ်ပါးက ကောင်လေးကြောင့် ပျောက်သွားပုံပေါ်ကြောင်း အမျိုးသမီးက ပြောပြခဲ့သည်။ Chen Ge က အာရုံစိုက်ကာ ထိုဖြစ်ရပ်ကို စိတ်ထဲမှာ ပုံဖော်ကြည့်နေသည်။

ဖန်းယွီ၏မိဘနှစ်ပါးရုပ်အလောင်းကို ရေတွင်းထဲမှာကျသေနေတာတွေ့ရပြီး ထိုဖြစ်စဉ်တစ်ခုလုံးမှာ တစ်ဦးတည်းသောမျက်မြင်သက်သေက ကောင်လေးသာဖြစ်သည်။

Chen Ge က ဖုန်းအနက်ကိုထုတ်ပြီး ကြည့်တော့ 'တမလွန်ဘဝကကျောင်း' ဆိုသည့် မစ်ရှင်၏ side mission No.C - နက်ရှိုင်းသောရေတွင်း "မောင်နှမနှစ်ယောက် ကျောင်းထဲဝင်သွားတယ်၊ ဘယ်သူမှပြန်ထွက်မလာဘူး" ဆိုသည့်ဟာကို တွေ့လိုက်ရသည်။

ဖုန်းအနက်က သဲလွန်စကို မှားပေးမည်မဟုတ်ပေ။ ဒါဆို ဒီကလေးမိဘတွေက ဘာဖြစ်သွားတာလဲ။ ရေတွင်းထဲကျတာက ဒီကလေးမဟုတ်ဘဲ တခြားမောင်နှမနှစ်ဦး ဖြစ်ပုံရသည်။ Chen Ge က ဖုန်းအနက်ကိုချကာ မျက်ရည်ကျနေသောအမျိုးသမီးကို မေးလိုက်သည်။

"ဖန်းယွီက တစ်ဦးတည်းသောသားလား.. တခြားမောင်နှမတွေ မရှိဘူးလား.."

Chen Ge ၏အမူအယာကြောင့် အမျိုးသမီး၏အမူအယာ ပြောင်းသွားသည်။

"တကယ်လို့ ကျွန်မကလေးနှစ်ယောက်သာ တစ်ခုခုမဖြစ်ခဲ့ရင် ဖန်းယွီဆီမှာ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် ရှိနေလောက်ပြီ.."

"ခင်ဗျားရဲ့ ကလေးတွေလား.."

"သူတို့က အရမ်းငယ်သေးချိန်မှာ ဆုံးသွားကြတာပါ.."

အမျိုးသမီးက မထိန်းနိုင်တော့လို့ မီးဖိုဘက်ထထွက်သွားပြီး တိတ်တဆိတ် မျက်ရည်သုတ်နေသည်။ ဖန်းယွီဆီမှာ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် ရှိတာပေါ့။ ဒါပေမယ့် အရမ်းငယ်တဲ့ကလေးတွေက ဘာကြောင့် မုယန်အထက်တန်းကျောင်းကို သွားရမှာလဲ။ ဖုန်းအနက်ရဲ့ဖော်ပြချက်က မှားနေတာလား။ ဒီအမျိုးသမီးက လိမ်နေတာလား။ ဒီကလေးနှစ်ယောက်က ဘာကြောင့် ကျောင်းထဲက ပြန်မထွက်လာနိုင်တာလဲ။ ဖန်းယွီကပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား။

အမျိုးသမီးက အတော်ကြာတဲ့အထိ မီးဖိုထဲကထွက်မလာသောကြောင့် Chen Ge က ဖန်းယွီ၏အခန်းလေးထဲ ဝင်သွားလိုက်သည်။ ကလေးက စားပွဲမှာထိုင်ကာ တစ်စုံတစ်ခုကိုဆွဲနေသည်။ Chen Ge က အပေါ်ကစီးကြည့်တော့ အနီနဲ့အနက်ရောင်ကို ရေးခြယ်နေတာတွေ့လိုက်ရသည်။

"ရှောင်ယွီ.. မင်း ဘာပုံဆွဲနေတာလဲ.."

ကောင်လေးက လှည့်ကြည့်ကာ ဘာမှမပြောဘဲ ပုံကိုဆက်ဆွဲနေသည်။ ကြည့်နေရင်း ပုံပေါ်လာသည်။ အိမ်အမည်းတစ်လုံးနှင့် အနီရောင်လူပုံတွေဖြစ်သည်။ သူက ပုံဆွဲပြီး ထိုပုံကိုယူကာ ကြမ်းပေါ်ပစ်ချလိုက်သည်။ Chen Ge က ထိုပုံကိုကောက်ကာ သေချာလေ့လာပြီး အိတ်ကပ်ထဲထည့်လိုက်သည်။ ကောင်လေးက နောက်ထပ်ပုံအသစ်ကို ဆွဲနေပြန်သည်။ ထိုပုံသည်လည်း အနက်ရောင်အိမ်နှင့် အနီရောင်လူသားများသာဖြစ်သည်။

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now