ကိုကို့မျက်နှာကလည်း တည်နေသည်မို့jiminကြောက်ရပါသည်။ စိတ်မပူစေချင်လို့ မလိမ်ချင်သော်လည်း ကိုကို့Jiminမလိမ်ရဲပါ။ Jiminလိမ်ရင် ကိုကိုကသိသည်။ ထိုအခါကိုကိုစိတ်ဆိုးမည်။ ကိုကိုစိတ်ဆိုးလို့ လစ်လျူရှုသည့်အခါ Jiminလေးမခံစားနိုင်ပါ။ ထို့ကြောင့် ကိုကို့ကိုမလိမ်ချင်ပါ။

"တစ်..တစ်လလောက်တော့ရှိပြီကိုကို ဘာ ဘာမှတော့မဖြစ်ပါဘူး ခဏပဲကိုက်တာ ဆေးသောက်လိုက်ရင်ပျောက်သွားရော"

"ဘာမှမဖြစ်လို့ပဲ အခုBabeမေ့လဲပြီမလား?ပြီးတော့ ခေါင်းကိုက်ပျောက်ဆေးတွေဆိုတာ ခဏခဏသောက်လိုကောင်းတာမဟုတ်ဘူး"

"ကိုကိုး...."

"ထားလိုက်ပါတော့ ဒီတစ်ခေါက်ကကိုယ်ပေါ့လို့...
ဒီတစ်ပတ်ပိတ်ရက် ကိုယ်နဲ့ဆေးရုံသွားမယ်ဟုတ်ပြီလား?ကိုယ်လာခေါ်မယ်"

"Nae.."

​ဤသို့ဖြင့် Jiminကိုဆေးခန်းကတခါတည်းခေါ်လာလိုက်ပြီး လမ်းတွင်သူကြိုက်တာလေးတွေဝယ်ကျွေးကာအိမ်လိုက်ပို့ပေးဖြစ်သည်။

"ကိုကိုဒီနေ့ကွန်ဒိုပြန်မှာ Ommaကတောင်ပေါ်ဝတ်ပြုဖို့သွားလို့ အိမ်ပြန်မလာဖြစ်ဘူး"

"ဟုတ်လား? ဒါဆိုကိုယ်ကွန်ဒိုကိုပဲပို့ပေးမယ်နော် Babeနေကောင်းတာလဲမဟုတ်ဘူး တစ်ယောက်တည်းဖြစ်ရဲ့လား?"

"ဖြစ်ပါတယ်ကိုကိုရဲ့ ခါတိုင်းလည်းOmmaမရှိရင်ကျွန်တော်တစ်ယောက်တည်းနေနေကြပဲကို"

"ဒါပေမဲ့အခုကBabeနေမှမကောင်းတာကွာ"

Jiminပြောပြီးသည်အထိ Yoongiမျက်နှာမှာစိုးရိမ်နေမှုတွေကအထင်းသား။ ထို့အတွက်လည်း Jiminကျေနပ်မိပါသည်။ ကမ္ဘာပေါ်တွင် မိမိလောက် ကိုကို့အချစ်ခံရသည့်လူသားမရှိနိုင်တော့။ မိမိရဲ့မျက်နှာရိပ်မျက်နှာကဲကအစ အလိုက်သိတတ်လွန်းသောကိုကိုရယ်ပါ။ ထို့သို့အတိုင်းထက်လွန်စွာ အချစ်ခံနေရသဖြင့်လည်းတခါတလေလူကလေပေါ်သို့တောင် မြောက်ချင်သလိုလိုဖြစ်ရပါသည်။

"မဖြစ်သေးပါဘူး ...Babeပြန်ရောက်ရင် သေချာနွေးနွေးထွေးထွေးနေပြီး တရေးလောက်အိပ်လိုက်ဦးနော် ကိုကိုညနေကျရင် ညအိပ်စောင့်ဖို့အဒေါ်ကြီးကိုလွှတ်လိုက်မယ် Babeတစ်ယောက်တည်းညကျရင် အဖျားတတ်နေမှာစိုးလို့"

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now