Chapter (53+54+55) ( Zawgyi+unicode )

Start from the beginning
                                    

"ငါပဲ စိတ်ကူးယဉ်နေမိတာလား.. တစ်ခုခုက ငါ့ကို အထဲကိုရောက်အောင် တွန်းပို့နေသလိုပဲ.. ပြီးတော့ ငါက နောက်ကိုပြန်လှည့်ပြီး လျှောက်လာတော့ မမြင်ရတဲ့အားတစ်ခုက ငါ့ကို ပိတ်ဆို့ထားသလိုပဲ.."

Chen Ge က သူ့ပုခုံးကိုစမ်းကြည့်တော့ ဘာမှမတွေ့ရပေ။ မီးရောင်နှင့် နောက်ကိုကြည့်တော့လည်း ဘာသရဲတစ္ဆေမှ မတွေ့ရပေ။

သူမက ဒီမှာရောက်နှင့်နေပြီလား။ ငါ သူမကို မမြင်ရတာလား။ ငါ့ဘေးမှာ ရပ်နေတာလား။

Chen Ge က ကြက်သီးမွှေးညင်းထလာပြီး လက်ထဲကတူနှင့် အနောက်ကို လွှဲရိုက်လိုက်မည်ဟု တွေးလိုက်သည်။ ဒါပေမယ့် ကျန်းယာ့ရဲ့ဝိညာဉ်သာ ရှိနေရင် ဒီလုပ်ရပ်က သူမကို စိတ်ဆိုးစေမှာပဲဟု တွေးလိုက်မိသည်။

သူက သရဲအိမ်လေးရဲ့ ပိုင်ရှင်ဖြစ်ပြီး ခုက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ကျောင်းမျှသာဖြစ်သည်။ အမျက်ဒေါသကြီးသည့်ဝိညာဉ်ကို ဒေါသထွက်အောင်လုပ်ရင် သူ့နိဂုံးက မကောင်းနိုင်ဟု တွေးလိုက်မိသည်။

"ဘာပဲဖြစ်ဖြစ် ငါအရင်သွားသင့်တယ်.."

Chen Ge က ကျောပိုးအိတ်ကို လွယ်လိုက်ပြီး လက်တစ်ဖက်က ဖုန်းမီးရောင်နှင့်ထိုးကာ ကျန်လက်တစ်ဖက်က တူကိုကိုင်ပြီး ကျောင်းထဲ ဆက်လျှောက်လာသည်။ ကောင်းကင်က မိုးရွာတော့မလို လျှပ်စီးတွေလက်လာခဲ့သည်။

"အကဖိနပ်ရှိနိုင်တဲ့နေရာက ဒီကျောင်းရဲ့ အကခန်းမရဲ့ အမျိုးသမီးအဝတ်အစားလဲတဲ့ အခန်းနဲ့ ကျန်းယာ့ရဲ့ အိပ်ခန်းပဲဖြစ်ရမယ်.. ငါ ဒီနှစ်နေရာကို အဓိကသွားရှာရမယ်.."

Chen Ge က အနီးဆုံးအဆောက်အဦးကို ဦးတည်လာခဲ့သည်။ ဒီကျောင်းဝင်းထဲက သစ်ပင်တွေက ယိမ်းထိုးနေပြီး မြက်တွေက သူ့ခါးထိအောင် ရှည်လျားစွာပေါက်နေသည်။ ကျောင်းဝင်းထဲမှာ လူရုပ်ထုများစွာရှိပြီး ညအမှောင်ထဲမှာ ချောက်ချားစရာဖြစ်နေသည်။

"ဒါ မိန်းကလေးဆောင်လား.."

ဒီအဆောက်အဦးက ၄ ထပ်ပါရှိပြီး စွန့်ပစ်ထားတာကြာမြင့်နေပုံရသည်။ အဆောက်အဦးအဝင်ဝက မှန်တံခါးကို သော့ခတ်ထားပုံရသည်။ Chen Ge က မှန်တံခါးနားကို သေချာကုန်းကြည့်လိုက်သည်။

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now