Chapter (53+54+55) ( Zawgyi+unicode )

Start from the beginning
                                    

တကယ်လို့ သူ့မှာအချိန်ရသေးတယ်ဆိုရင် လမ်းဘေးမှာပုန်းပြီး သူ့နောက်က ဘယ်သူလိုက်လာသလဲဆိုတာ သိအောင် စောင့်ချင်ပေမယ့် အခုတော့ အချိန် ၈ မိနစ်ပဲကျန်တော့လို့ ကျောင်းထဲဝင်ခဲ့သည်။ ဒီကျောင်းပတ်ဝန်းကျင်အနေအထားကို သူသိအောင် လှည့်ပတ်ကြည့်ဖို့လိုသည်။ ဒါမှ သူ့အတွက် အားသာချက်တစ်ခုခု ရှိလိမ့်မည်။

ဒီအကယ်ဒမီကျောင်းက ခြောက်သွေ့သောနေရာမှာရှိပြီး လမ်းမီးမရှိဘဲ သစ်ပင်နှင့် ချုံဖုတ်များ ဖုံးလွှမ်းနေပြီး ကျောင်းရှေ့ကဖြတ်သွားသည့် ကားလမ်းတစ်ခုသာရှိသည်။ Chen Ge က ဖုန်းကဓာတ်မီးကိုဖွင့်ပြီး ကျောင်းဂိတ်တံခါးဆီရောက်ဖို့ မီတာ ၁၀၀ ကျော် လမ်းလျှောက်လာရသည်။ ဂိတ်တံခါးက သံချေးတက်နေသည့် ချိန်းကြိုးနှင့်ခတ်ထားပြီး တွန်းဖွင့်လို့မရလောက်အောင် ခိုင်ခံ့နေသည်။ သံတံခါးကိုကျော်ပြီး အမှောင်ထုထဲကကျောင်းကို လှမ်းကြည့်လိုက်သည်။

"ငါဘယ်လိုဝင်ရမှာလဲ.."

Chen Ge က ကျောပိုးအိတ်ကို တံခါးကိုကျော်ပြီး အထဲကို လှမ်းပစ်သွင်းလိုက်သည်။ သူက နောက်ကိုနည်းနည်းဆုတ်ကာ အရှိန်ယူပြေးပြီး အုတ်နံရံပေါ်ခိုတက်ပြီး ကျောင်းဝင်းထဲ ခုန်ချလိုက်သည်။ ကျောင်းဝင်းက သိပ်မကြီးပေ။ တစ်ချက်ကြည့်တာနဲ့ အားလုံးကိုမြင်နိုင်သည်။ အဆောက်အဦးမြင့်မြင့်တချို့ရှိပြီး ကျောင်းဆိုင်းဘုတ်ကိုတော့ ဖြုတ်ထားတာကြာလေပြီ။ Chen Ge က ဒီကျောင်းနာမည်ကိုမသိဘဲ မြို့ထဲကလို Jiu Jaing အကယ်ဒမီကျောင်းဟုသာ သိသည်။

ခြုံတွေက လမ်းတွေပေါ်မှာပေါက်နေပြီး ဖြတ်သွားတဲ့ Chen Ge ၏ခြေထောက်ကို ခြစ်မိကာ နာကျင်စေသည်။

"ငါသတ်မှတ်ထားတဲ့အချိန် ဒီကျောင်းထဲရောက်လာပြီး အခု အကဖိနပ်ကို လိုက်ရှာရတော့မယ်.."

Chen Ge က ကျောပိုးအိတ်ထဲက တူကိုထုတ်ကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ အေးစက်သော သံထည်အထိအတွေ့က Chen Ge ကို နည်းနည်းစိတ်အေးသွားစေသည်။

Chen Ge က ဖုန်းကမီးရောင်ကို အားကိုးပြီး ကျောင်းထဲဝင်လာခဲ့သည်။ သူက ကျောင်း၏အတွင်းပိုင်းကို မဝင်ခင် Chen Ge တစ်ခုကို သတိထားလိုက်မိသည်။ သူက လမ်းလျှောက်နေရာကရပ်လိုက်ပြီး နောက်ပြန်လှည့်လာခဲ့သည်။

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now