ep 18

9.7K 853 4
                                    

Unicode

ရှောင်ကျန့်ရင်ဘတ်တွင်ဆွဲထားသော ဆွဲကြိုးလေးကိုငုံ့ကြည့်ပြီး ပြုံးလိုက်သည်။အင်္ကျီ ထဲကိုရိပေါပေးထားသောဆွဲကြိုးလေးထည့်လိုက်ပြီး ကျောင်းသွားရန်ပြင်လိုက်သည်။ယူပင်းကကျောင်းရှေ့တွင်စောင့်နေမည်ဟုဆ်ိုသော်လည်း မိမိကပြန်စောင့်နေရသောကြောင့်ရှောင်ကျန့်သိပ်မကြည်ချင်တော့။ ​

မလာသေးဘူးလား ယူပင်း အဲ့ကောင်တော့

ရှောင်ကျန့် နားတွင်တခြားကျောင်းသားကျောင်းသူများဖြတ်သွားသော်လည်း  ယူပင်းကတော့မရောက်လာသေး။ရှောင်ကျန့်  စောင့်နေစဥ်မှာပဲ ကားအနက်တစ်စီး ထိုးရပ်လာပြီး ထိုကားပေါ်မှယုဖေးဆင်းလာသည်။ရှောင်ကျန့်မသိချင်ယောင်သာဆောင်နေသော်လည်းယုဖေးကအဲ့လိုလုပ်ချင်ပုံမပေါ်ပေ။

ရှောင်ကျန့် နင်ဘယ်သူကိုစောင့်နေတာလဲ

ဘယ်သူ့ကိုစောင့်စောင့်

အဟင်း နင်ကိုကို့ ကိုမစောင့်ဖို့တော့အကြံပေးချင်တယ် သူကငါ့အပိုင်ဖြစ်နေပြီမို့

ဒီမိန်းမရူးနေတာတော့မဟုတ်ပါဘူးနော်

နင့်အပိုင်ဟုတ်လားမဟုတ်လားဂရုမစိုက်ဘူး ငါ့ကိုသက်သက်မဲ့လာပြောနေစရာလည်းမလိုဘူး

နင့်ကိုပြောပြချင်လွန်းလို့တော့မထင်နဲ့ ငါက ကိုယ့်နေရာကိုယ်မသိတဲ့သူတွေကို ကိုယ့်နေရာကိုယ်သိအောင်ပြောပြရုံပဲ

oh!ငါက အဲ့လူထဲမပါတာတော့သေချာတယ် ဘယ်သူကသာ ကိုယ့်နေရာကိုယ်မသိပဲ ငါ့ဆီလာလာပြီး နှောက်ယှက်တာပါလိမ့်

ရှောင်ကျန့် နင်ကမိန်းကလေးတစ်ယောက်ကိုနှုတ်သီးကောင်းလျှာပါးပြန်ပြောလိမ့်မယ်တော့မထင်ဘူး

အဲ့လိုပြောအောင်ဘယ်သူကဆွတာလည်း မင်းပြောသလိုငါကပြန်မပြောရင် မင်းကငါ့ကိုအနိုင်ရတယ်ထင်ပြီးဘဝင်လေ ဟပ်နေတော့မှာလေ

ခုလည်းငါနိုင်လိုက်တာပဲလေ မဟုတ်လား

မင်းဘာသာမင်းတစ်ဖတ်သက်သတ်မှတ်လိုက်တာပဲဟာ အစထဲကမင်းပဲငါ့ကိုလိုက်ပြိုင်နေခဲ့တာ ရှုံးခဲ့တာကမင်းပဲ မင်းအရင်ရှုံးခဲ့တာ

My boyfriend is a mafia boss (Completed)Where stories live. Discover now