ep32

9.5K 767 23
                                    

Unicode

"ရိပေါ"

ရှောင်ကျန့်ယခုချိန်တွင်ဘာကိုမှမသိတော့။သူခေါင်းထဲတွင် ချာချာလည်နေပြီးမျက်လုံးများပြာဝေနေကာ ရိပေါဆီသွားဖို့ကိုသာသူသိတော့သည်။သူတို့ဆီပြေးလာနေသော  လူများကိုတွေ့သော်လည်းရှောင်ကျန့် စိတ်ထဲရိပေါဆီအရောက်သွားဖို့သာသိနေတော့သည်။

"ရိပေါ မင်းသေလို့မဖြစ်ဘူး မင်းဘာမှမဖြစ်ရဘူး!"

ရှောင်ကျန့်နာနေသောခြေထောက်ကိုလျစ်လျူရှုလိုက်ပြီး မရ ရအောင် ထကာ အော်ပြောလိုက်သည်။ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး သွားကာ ရိပေါကို သူ့ရင်ခွင်ထဲထည့်လိုက် သည်။

"ရိပေါ ရိပေါ! မင်းငါ့ကိုထားခဲ့လို့မဖြစ်ဘူး မင်းသေလို့မဖြစ်ဘူး! မင်းကိုချစ်တယ်လို့မပြောရသေးဘူး  မင်းပြောတော့အဖြေပြန်လာရင်တောင်းမယ်ဆို!ငါအခုပြောမယ်လေ ချစ်တယ်လို့"

ရှောင်ကျန့် ရိပေါ၏ရင်ဘတ်နား၌သွေးများထွက်နေသောနေရာကိုကြည့်ပြီးသွေးထွက်နေသောနေရာကိုဖိထားလိုက်သည်။မျက်ရည်များတသွင်သွင်စီးကျနေသောကြောင့် ရိပေါကိုလည်းဝေဝါးစွာသာမြင်နေရသည်။ရိပေါ ထပြီးငါ့ရဲ့မျက်ရည်တွေသုတ်ပေးအုံးလေ။အမေက သဘောမတူသေးဘူးလေ မင်းသဘောတူအောင်ထပြီးကြိုးစားအုံးလေ။မင်းပဲငါ့ကိုချစ်တယ်ဆို။ငါပြောတာကျနားမထောင်တော့ဘူးလား။ထိုစဥ်သူ့အနားသို့ဖန်ရှင်းရောက်လာပြီး ရိပေါ နှာခေါင်းနားသို့ လက်ကိုကပ်လိုက်ကာ

"သခင်လေး ကိုမြန်မြန်ဆေးရုံပို့ရမယ် သခင်လေးရှောင်ကျန့် ရိပေါကိုလွတ်ပေးပါနင့်မို့ရင် သွေးထွက်လွန်သွားလိမ့်မယ် သူအသက်ရှုနေသေးတယ်"

"ဟမ် အင်း အင်း ဆေးရုံ ဆေးရုံပို့ရမယ် "

ရှောင်ကျန့်ကလွှတ်ပေးလိုက်ပြီးသူပါထလိုက်ချင်သော်လည်းသူ့ခြေထောက်မှာ စိတ်သွားတိုင်းကိုယ်မပါနိုင်ပေ။မင်ယွီက ရိပေါကို ချီသွားပြီး ရှောင်ကျန့်ကိုတော့ မင်ချီက သယ်သွားသည်။ထို့နောက် create groupအပိုင်ဖြစ်သော ပိုင်လီ ဆေးရုံ သို့အမြန်မောင်းကြသည်။အမှုဖြစ်သွားသောနေရာကိုတော့ ကျန်သူများက အစ တစ်ခုမကျန်အကုန်ရှင်းပစ်လိုက်သည်။ယုကျန်းယာကိစ္စကိုတော့ ဖန်ရှင်းတစ်ယောက်ကျိုးချန်ပြောမှတော့ဖြစ်မည်။ကျန်ကိစ္စများကတော့ ကျိုးချန်တို့အပိုင်းသာ။

My boyfriend is a mafia boss (Completed)Where stories live. Discover now