ep19

10.2K 922 6
                                    

unicode

လမင်းကြီးကထိန်ထိန်သာနေပြီးလေ​တဝှေ့ဝှေ့ဖြင့်တိုက်ခတ်နေသည့် ညချမ်းသည်အလွန်ပင်ငြိမ်သက်အေးဆေးနေသည်။ဝရံတာတွင် ရပ်နေရင်း ရိပေါထိုအလှတရားများကိုခံစားနေသည်။

မအိပ်သေးဘူးလား

အနောက်ကအသံကြောင့်ရိပေါလှည့်ကြည့်လိုက်သည်။ကျီယဲ့က လက်တွင်ကော်ဖီခွက်ကိုင်လာရင်းရိပေါဆီလျှောက်လာသည်။

အင်း အိပ်မပျော်လို့

ဟူး....မနက်ဖြန်ကျရင် ဘာတွေဖြစ်မလဲမသိတော့ဘူး

ခင်ဗျားကိုဒီတိုက်ပွဲထဲဆွဲထည့်ရလို့စိတ်မကောင်းပါဘူး

မဟုတ်တာ ဒါကငါ့ရဲ့ဆန္ဒပါငါသူတို့ကိုဖြိုခွဲချင်နေတာကြာပြီ ဒါပေမဲ့ငါ့ဆီမှာဘာမှမှမရှိတော့တာ ငါကိုယ်ငါထူမတ်ဖို့တောင် အချိန်ယူခဲ့ရတာ ခုတော့ ငါအဆင်သင့်သွားတာပေါ့

ခင်ဗျား မကြောက်ဘူးလား

အမှန်ပြောရရင် ကြောက်တယ် ငါအရမ်းကြောက်တယ်အထူးသဖြင့် ငါရဲ့ချစ်ရတဲ့သူကိုတစ်ယောက်တည်းထားခဲ့ရမှာကိုပေါ့ ကျီယဲ့ကသူ့ချစ်သူကိုတွေးမိသွားသည်လားမပြောတတ်။သူစကားပြောနေရင်းပြုံးနေသည်။

ကျွန်တော့်မှာလည်းကျွန်တော်အသက်တမျှချစ်ရတဲ့သူရှိတယ်

ငါမင်းရဲ့ခံစားချက်ကိုခံစားမိပါတယ် ငါ့ရဲ့ချစ်သူလည်းငါ့ဘဝကမသန့်စင်မှန်းသိသိရက်နဲ့တောင်ချစ်ပေးခဲ့တယ် ငါသူနဲ့တွေ့ရတာအဆိုးထဲကအကောင်းပေါ့

ခုကိစ္စကိုသူသိလား

အင်း သူသိတယ် သူကသူ မကူညီပေးနိုင်လို့တောင်စိတ်မကောင်းဖြစ်နေတာ

ခင်ဗျား ဝမ်ချောင်ကိုလိုချင်လား

ဟင်

ဝမ်ချောင်

ရိပေါကကျီယဲ့ဘက်သို့လှည့်၍ထပ်ပြောလိုက်သည်။

ခင်ဗျားဘဝကိုဖျက်ဆီးခဲ့တဲ့သူကို ပြန်လက်စားချေခွင့်ကျွန်တော်ပေးမယ်

ကျီယဲ့မှာအံ့သြမှုကြောင့်မျက်လုံးများပြူးဝိုင်းကာရိပေါကိုကြည့်နေသည်။

My boyfriend is a mafia boss (Completed)حيث تعيش القصص. اكتشف الآن