ep13

11K 1K 15
                                    

unicode

ရှောင်ကျန့်စိတ်မကြည်နေ တော်တော်ကြီးကိုစိတ်မကြည်နေ။

ဘယ်နှယ့်မိန်းကလေးတစ်ယောက်နဲ့ပြိုင်လုနေတဲ့ မကောင်းတဲ့ကောင်ကြီးကျနေတာပဲငါကရှောင်ကျန့်အတွေးတွေနှင့်အတူဘေးတွင်စာကိုအာရုံစိုက်နားထောင်နေသောရိပေါကိုတစ်ချက်ကြည့်လိုက်သည်။တစ်ဆက်တည်းမှာပဲ ယုဖေးကိုပါကြည့်လိုက်သည်။ထင်သည့်အတိုင်းပါပဲ မယ်မင်းကြီးမက မျက်ထောင့်နီကြီးနဲ့ကြည့်နေလေရဲ့။ငါလေးဘာမှမလုပ်ပါဘူးနော်။ရှောင်ကျန့်လည်းဘေးကရိပေါကိုကြည့်လိုက်ပြီး

အဲ့ဒါဒင်းကြောင့် ဖြစ်နေတာ မိန်းကလေးတစ်ယောက်နဲ့ပြိုင်နေရတာ ဒင်းကြောင့် အမေ့အိမ်မှာအေးဆေးမနေရတာလဲ ဒင်းကြောင့် လူအာရုံစိုက်ခံရတာလည်း ဒင်းကြောင့် မာဖီးယားတစ်ဖွဲ့လုံးနဲ့ပက်သက်ရတာလဲ ဒင်းကြောင့် အကုန် ဒင်းကြောင့်ကြီးပဲ

ရှောင်ကျန့်မျက်နှာမသာမယာဖြစ်နေသည်ကိုသတိထားမိ၍ထင် ရိပေါကသူ့နားတိုးလာပြီး

ဘာဖြစ်နေတာလဲ

ဘာမှမဖြစ်ဘူး

မျက်နှာကမသာမယာနဲ့

အာ့တာငါ့ကိစ္စ

ရိပေါလည်းသူနဲ့ဆက်ပြောမနေတော့ပဲ စာသာပြန်အာရုံစိုက်လိုက်သည်။ရှောင်ကျန့်လည်း မျက်စောင်းပိတ်ထိုးလိုက်ပြီး စာကိုသာပြန်အာရုံစိုက်လိုက်တော့သည်။
...................
ရိပေါ လာပါပြီဗျာ မယ်မင်းကြီးမရဲ့ချွဲပြစ်ပြစ်အသံ ရှောင်ကျန့်စိတ်ပျက်သလိုမျက်လုံးကိုလည်လိုက်သည်။

ရိပေါ နင်အားလား

မအားဘူး ရိပေါကခပ်ပြတ်ပြတ်ပြောလိုက်ပြီးရှောင်ကျန့်လက်ကိုဆွဲပြီး သူမကိုရှောင်ထွက်သွားသည်။ဒါကိုလိုက်ပိတ်ပြီး

ရိပေါ  ငါတို့ကိစ္စအချို့လေးတွေပြောစရာရှိတယ်

ငါမရှိဘူး

ဒါပေမဲ့ငါရှိတယ်လေ

ဆောရီး ငါနားမထောင်ချင်ဘူး

ရိပေါကထပ်ရှောင်ထွက်မည်ပြုတော့ ရိပါလက်ကိုဆွဲကာတားပြီး

My boyfriend is a mafia boss (Completed)حيث تعيش القصص. اكتشف الآن