Extra 2

7.9K 504 18
                                    

Unicode

ရှောင်ကျန့် စိတ်လှုပ်ရှားမှုကြောင့်လက်တွေအချင်းချင်းဆုပ်နယ်နေမိသည်။မှန်ထဲတွင်ပေါ်နေသောကိုယ့်ပုံရိပ်ကိုပြန်ကြည့်ရင်း ပြုံးမိလိုက်သည်။အဖြူရောင်ဝတ်စုံလေးနှင့်မိတ်ကပ်အနည်းငယ်လိမ်းကာပြင်ဆင်ထားသောကိုယ့်ကိုယ်ကိုကြည့်ပြီး အရင်လက ကိစ္စများကိုပြန်စဥ်းစားမိသည်။ရှောင်ကျန့်က သူ့ကိုလက်မထပ်လည်းကိစ္စမရှိဟုရိပေါကိုပြောသော်လည်း ရိပေါကမရပေ။ထိုပြောသောနေ့တွင်ပဲ ရှောင်ကျန့်အမေဆီချက်ချင်းခေါ်ချသွားပြီး လက်ထပ်ဖို့ရန်တိုင်ပင်တော့သည်။တစ်လအတွင်း လက်ထပ်မည်ဟုရိပေါကဆုံးဖြတ်လိုက်သဖြင့် ဒီတလောအတွင်းနှစ်ယောက်လုံးအားလပ်ချိန်တောင်မရှိပေ။သို့သော်တော်တော်များများကို ရိပေါကသာ စီစဥ်သွားသဖြင့် ရှောင်ကျန့်သိပ်မပင်ပန်းလိုက်။မင်္ဂလာပွဲကို ရှောင်ကျန့်စိတ်တိုင်းကျ forest wedding လုပ်ထားသည်။
မင်္ဂလာဆောင်အဝင်ဝတွင် ရှောင်ကျန့်နှင့်ရိပေါrelationshipတစ်လျှောက်ရိုက်ခဲ့သောပုံများကိုချိတ်ထားသည်။ထိုအနားလေးတွင်ပဲ ပုလင်းလေးဖြင့် သတို့သားနှစ်ယောက်အားပြောလိုသောစကားများကိုထည့်ပေးရန် စာတိုက်ပုံးလေးလုပ်ထားပေးသည်။ဤသစ်တောသည်ရိပေါတို့အပိုင်ထဲမှတစ်ခုဖြစ်သည်။ရှောင်ကျန့်နှင့်ရိပေါတို့သည် ရိုးရိုးရှင်းရှင်းလေးကိုသဘောကျသည့်အတွက်  သိပ်အလှဆင်စရာမလိုလိုက်ပေ။

မိမိတို့မင်္ဂလာပွဲကို သူငယ်ချင်းတော်တော်များများ လာကြသည့်အပြင် အစ်ကိုလျှို့ဟိုက်ခွမ်းတို့ကပါ နိုင်ငံခြားကနေ ပြန်လာခဲ့ကြသည်။အခန်းထဲတွင်အတွေးနယ်ချဲ့နေရင်း တံခါးခေါက်သံကြောင့်အနောက်ကိုလှည့်ကာကြည့်လိုက်သည်။တံခါးကြားထဲမှ ယူပင်းခေါင်းလေးထွက်လာပြီး  အနောက်မှဖန်ရှင်းကဝင်လာသည်။

"သခင်လေး အကုန်အဆင်သင့်ဖြစ်ပါပြီတဲ့"

ရှောင်ကျန့်သက်ပြင်းကြီးတစ်ချက်ချလိုက်ပြီးခေါင်းညိမ့်ပြလိုက်သည်။အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ပြီး အပြင်ဘက်တွင်စောင့်နေသောအကိုလျှို့ဟိုက်ခွမ်း၏လက်မောင်းကိုချိတ်လိုက်ပြီး  ရှောင်ကျန့်အသင့်ပြင်လိုက်သည်။မင်္ဂလာပွဲစပြီဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေသော ရှောင်ကျန့်ကိုလျှို့ဟိုက်ခွမ်းကလက်တစ်ချက်ကိုင်ပြီးအားပေးလိုက်သည်။A thousand years သီချင်းသံလေးနှင့်အတူ ရှောင်ကျန့်နှင့်လျှို့ဟိုက်ခွမ်း သည်လျှောက်လမ်းလေးအတိုင်း လျှောက်သွားလိုက်၏။စိတ်မလှုပ်ရှားချင်ယောင်ဆောင်ချင်သော်လည်း လူအများက ရှောင်ကျန့်ကိုဝိုင်းကြည့်ကြနေသည်မို့  တုန်နေမိသည်။မိမိတုန်နေသည်ကိုသတိထားမိသော အစ်ကိုလျှို့ဟိုက်ခွမ်းမှ စိတ်မလှုပ်ရှားရန် တိုးတိုးလေးပြောလာသည်။
ရှောင်ကျန့် စိတ်လှုပ်ရှားမှုကိုဖျောက်ရန် မိမိရှေ့တွင်ရပ်နေသော ဝမ်ရိပေါကိုကြည့်လိုက်သည်။ထိုသူပြုံးနေသည်။ပြီးတော့... ငိုနေတာလား။
ရှောင်ကျန့် မျက်လုံးအနည်းငယ်ပြူးသွားမိသည်။

My boyfriend is a mafia boss (Completed)Where stories live. Discover now