ep30

8.8K 742 17
                                    

Unicode

"သခင်လေး အကုန်အသင့်ဖြစ်ပြီမို့ ဘယ်ချိန်စမှာပါလဲ"

"နေဦး ယုကျန်းယာ ရုန်းပါစေအုံး  ခု သူလူတစ်ယောက်ရှာနေတယ်ပြောတယ် ဘယ်သူလဲသိပြီလား"

"ခုထိတော့မသိသေးပါဘူးသခင်လေး"

"မာဟုန်ဝေကရော"

"အပေးအယူလုပ်ဖို့ပြောနေပါတယ် သခင်လေး"

"ထင်တဲ့အတိုင်း မာဟုန်ဝေတစ်ယောက်စိတ်မပျက်စေဘူးပဲ  ခုချိန်မှာသူဝန်ခံသည်ဖြစ်စေမဝန်ခံသည်ဖြစ်စေ အရေးမကြီးတော့ပါဘူး  အပေးအယူလက်ခံလိုက် ပြီးရင် အဆုံးသတ်လိုက်တော့ အဆုံးမသတ်ခင် သေတယ် ဆိုတာဘယ်လောက်ကောင်းတဲ့အရာလဲဆိုတာ သိအောင်လုပ်ပြလိုက် ငါအလွတ်မပေးနိုင်ဘူး  ငါဆိုလိုတာကိုနားလည်တယ်မလား"

"ဟုတ်ကဲ့သခင်လေး"

"ဒီနေ့ည night devil  ကိုသွားရအောင် ကျိုးချန်ကိုပါချိတ်ထား နောက်ထပ် ဖန်ရှင်း မင်းရှောင်ကျန့်ဆီကိုသွားပြီး သေချာစောင့်ကြပ်ထားပါ ဒီနေ့ညဘာအလွဲအချော်မှမရှိစေချင်ဘူး"

"ဟုတ်ကဲ့သခင်လေး"

"ကောင်းပြီ  မင်ယွီ မင်ချီ ဒီနေ့ အသံတိတ်သေနတ်ကိုပဲသုံးစေချင်တယ် သုံးမယ့်ပစ္စည်းတွေကို အကုန်သေချာစစ်ထားပါ  မင်းတို့ကိုယ်တိုင်သေချာစစ်ဖို့ငါပြောချင်တယ်"

"စိတ်ချပါသခင်လေး "

မင်ယွီနှင့်မင်ချီထွက်သွားပြီးနောက်ပိုင်း အခန်းထဲ၌ရိပေါနှင့်ဖန်ရှင်းသာကျန်ခဲ့သည်။

"ဖန်ရှင်း အဖွဲ့၂ကိုခေါ်သွားပြီး ရှောင်ကျန့်က်ုသေချာစောင့်ကြည့်ထားပါ လုံးဝ မျက်ခြေမပျက်စေနဲ့ ငါ့အမေလိုထပ်ဖြစ်မှာစိုးတယ်"

"စိတ်ချပါသခင်လေး ကျွန်တော် အစွမ်းကုန်စောင့်ရှောက်သွားမှာပါ"

"အင်း  အော် ရှောင်ကျန့်အမေကိုပါတစ်ခါတည်းစောင့်ရှောက်ပါ"

"စိတ်ချပါ သခင်လေးလုံးဝစိတ်မပူပါနဲ့ ဒီည ကိစ္စကိုသာ အာရုံစိုက်ထားပါ သခင်လေးစိတ်လွင့်နေလို့မဖြစ်ဘူး"

"ဟုတ်ပါပြီ ဖန်ရှင်း ဒီတစ်လောအတွင်း
မင်းလုပ်ပေးကြိုးစားပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်"

My boyfriend is a mafia boss (Completed)Where stories live. Discover now