ep23

9.6K 842 8
                                    

unicode

ရှောင်ကျန့် ညကရိပေါနှင့်စကားပြောပြီးတော်တော်နှင့်အိပ်မပျော်၍ မနက်ကျမထနိုင်တော့ပေ။မှန်ထဲကြည့်လိုက်တော့ ဖောင်းအစ်၍ နီရဲနေသောမျက်လုံးများ။ပြီးနောက်ခေါင်းကပါအဆစ်ကိုက်နေသေးသည်။မျက်နှာသစ်ပြီးအမေ့အခန်းရှေ့သွားလိုက်တော့ တံခါးသည်ပိတ်မြဲပိတ်ထားဆဲ။အမေ့အခန်းတံခါးခေါက်၍ခေါ်ရန်စဥ်းစားလိုက်သော်လည်း အသားလွတ်သွားခေါ်လျှင်မဖွင့်ပေးမည်စိုး၍မနက်စာပြင်ပြီးမှအစားစားဖို့ပြောရင်းခေါ်ရန်လုပ်လိုက်သည်။ထို့ကြောင့်ခေါက်ရန်ပြင်နေသောလက်ကိုရုတ်၍ မီးဖိုချောင်ထဲသွားကာ မနက်စာပြင်လိုက်သည်။မနက်စာပြင်ပြီးသောအခါ အမေ့အခန်းတံခါးကိုခေါက်၍ ထမင်းစားရန်ခေါ်လိုက်သည်။

အမေ မနက်စာထစားအုံးလေ ဘာမှမစားပဲနေရင် တခုခုဖြစ်နေအုံးမယ်
အမေ !

ရှောင်ကျန့်တောက်လျှောက်ခေါ်ရင်း တံခါးပါခေါက်သည်။သို့သော်အခန်းထဲမှဘာမှမကြားရပေ။ထို့ကြောင့်ရှောင်ကျန့် စိတ်ထဲလန့်သွားပြီး အော်ခေါ်တော့သည်။

အမေ! အမေ !အမေ တံခါးဖွင့်အုံး အမေ

ဘာသံမှမကြားရသောကြောင့် ရှောင်ကျန့်ပြာသွားသည်။အထဲမှ ချက်ချထားသောကြောင့် ရှောင်ကျန့်မည်သို့လုပ်ရမည်လဲမသိတော့။ကြံရမရတော့သောရှောင်ကျန့်မှာတံခါးကိုကိုယ်လုံးနှင့်တိုက်ပြီးဖွင့်တော့သည်။တုတ်တုတ်မှမလှုပ်လာသော တံခါးကြောင့် ရှောင်ကျန့်ပို၍စိတ်ပူလာသည်။ဒီလောက်ဖြစ်နေတာတောင်အမေက လာမဖွင့်ပေးဘူးဆိုတော့ တစ်ခုခုဖြစ်နေပြီထင်တယ်။
ရှောင်ကျန့် မိမိအခန်းထဲအပြေးသွား၍ရိပေါဆီ ဖုန်းဆက်လိုက်သည်။သူခုချိန်စိတ်ထဲတွေးမိသည်မှာရိပေါသာရှိတော့သည်။ဖုန်းချက်ချင်းကိုင်လာသော ရိပေါ​ကိုရှောင်ကျန့်တရစပ်ဖြစ်ပျက်နေသည်များကိုပြောတော့သည်။ပြောရင်းမျက်ရည်ကအလိုလိုကျလာသည်။သူ့ကြောင့်ဖြစ်နေရတာ ဒီကိစ္စတွေကသူကြောင့်သာ။အမေတစ်ခုခုဖြစ်သွားရင် ရှောင်ကျန့်သူ့ကိုသူခွင့်လွှတ်မိမယ်မထင်ဘူး။ရှောင်ကျန့်ဖုန်းချချပြီးချင်း အမေ့အခန်းကိုခန္ဓာကိုယ်နှင့်ပစ်တိုက်ကာ ဖွင့်သော်လည်း ပုံစံပင်မပျက်သွားသောတံခါးကြောင့် ရှောင်ကျန့် ပို၍စိတ်ပူလာပြီး ငိုပဲငိုချင်လာတော့သည်။ရုတ်တရပ် တံခါးကိုတိုက်ရန်ပြင်နေသောမိမိခန္ဓာကိုယ်မှာနွေးထွေးနေသော ရင်ခွင်တစ်ခုထဲရောက်သွားပြီးနဖူးလေးပါတဆတ်တည်းနွေးသွားသည်။ရင်းနှီးနေသော ကိုယ်သင်းနံ့ကြောင့်စိတ်အေးသွားသော်လည်း အမေ့ကိုပူပန်စိတ်ကပိုနေသောကြောင့် ရုန်းကာ တံခါးကိုဖွင့်ရန် စိတ်စောနေခဲ့သည်။

My boyfriend is a mafia boss (Completed)Where stories live. Discover now