ep14

11K 939 23
                                    

unicode

ရှောင်ကျန့်မှာထိုနေ့ပြီးကတည်းက ရိပေါအားမျက်နှာချင်းမဆိုင်ရဲတော့ပေ။ရိပေါကတော့ခြားနားစွာ သူ့အားတအားပွတ်သီးပွတ်သပ်နိုင်လာသည်ဟုထင်မိသည်။တစ်အိမ်တည်းနေနေတော့လည်းကြာကြာရှောင်လို့ကမရ။ခုလည်းရှောင်ကျန့်  ညစာမစားဘူးဟုဆိုကာအခန်းထဲပိတ်နေနေပြီးနောက်ညလယ်လောက်မှဗိုက်ကဆာလာ၍ မီးဖိုချောင်ထဲဘာရှိလဲ လာရှာနေခြင်းပါပေ။အော် စကားမစပ် ခုအိမ်ရဲ့သန့်ရှင်းရေးရော မီးဖိုချောင်ကိုရော တာဝန်ယူထားတဲ့သူကတော့ အန်တီ ရင် ဖြစ်ပါတယ်။သူကရိပေါရှာလာတဲ့ သူပါ။အသက်၄၀ကျော်ရှိပြီး ဝဝပုပု အန်တီကြီးပါ။ဟင်းချက်ကတော့ ကောင်းသလားမမေးနဲ့။သူကကိုယ့်တူကိုယ့်သားလိုပဲ ကိုယ်တွေကိုဂရုစိုက်လို့ အဆင်ပြေပါတယ်။

ရေခဲသေတ္တာထဲမှာပလတ်စတစ်အုပ်ထားတဲ့ ဟင်းတွေကိုရှောင်ကျန့်ထုတ်လိုက်ပြီး ထမင်းကျန်သေးလား လှပ်ကြည့်လိုက်သည်။ထမင်းအနည်းငယ်ကျန်နေသေးသဖြင့် ပန်းကန်လုံးနှင့်ထည့်လိုက်သည်။ရှောင်ကျန့် ဟင်းနဲ့ထမင်းလေးခပ်ပြီးစားရန်ပြင်ဆင်နေချိန်မှာပဲ မီးဖိုချောင်တံခါးတွင် တံခါးဘောင်ကိုမှီ၍လက်ပိုက်ကြည့်နေသောရိပေါကိုမြင်လိုက်ရသည်။

အား ရိပေါ မင်းတစ်ရေးနိုးလာတာလား ဟားဟား

ရှောင်ကျန့်ခြောက်ကပ်ကပ်ရီလိုက်ပြီးသူမျက်လုံးတွေကဂနာမငြိမ်ပဲဖြစ်နေသည်။ရိပေါမိမိရှေ့တွင် မျက်လုံးဂနာမငြိမ်နေသည့် ယုန်ပေါက်လေးကိုကြည့်ပြီးရီချင်နေသည်။သူ့ကိုရှောင်နေမှန်းသိတာပေါ့။ရတဲ့အချိန်မှာ နီးနီးကပ်ကပ်နေပါသော်လည်း တစ်မျိုးမဟုတ်တစ်မျိုးလစ်ထွက်သွားသည်ကို ရိပေါသတိထားမိပါသည်။

ငါတို့စကားပြောရအောင်

Ar....ငါ ထမင်းစားလိုက်အုံးမယ်

အင်း ငါစောင့်နေမယ်

ရှောင်ကျန့်လည်းအချိန်ဆွဲကာစားနေလိုက်သော်လည်းရိပေါကအိပ်ချင်ဟန်မပြပဲသူ့အား မမှိတ်မသုန်ကြည့်နေသည်။ရှောင်ကျန့်စားပြီးသွားတော့ ထမင်းစားပွဲမှာပဲထိုင်လိုက်ပြီး

My boyfriend is a mafia boss (Completed)Where stories live. Discover now