ep8

13.1K 1.2K 37
                                    

Unicode

ရှောင်ကျန့်မနေ့ကရိပေါအိမ်၌ပင်အိပ်ခဲ့ရ၍ကျောင်းဝတ်စုံကိုလည်းရိပေါထံမှငှားဝတ်ခဲ့ရသောကြောင့် အင်္ကျီကသူနှင့်ကြီးနေသည်။(ဒီထဲမှာရိပေါကိုအရပ်ပေးရှည်ပေးလိုက်ကြစို့)ထို့ကြောင့်သူ၏ဘောင်းဘီများကိုလိပ်တင်ထားရပြီးလက်ပါခေါက်တင်ထားရသည်။ကျောင်းထဲဝင်ဝင်ချင်း ရိပေါနှင့်ရှောင်ကျန့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြ၍ရှောင်ကျန့်စိတ်မသန့်သလိုဖြစ်နေသည်။ထို့ကြောင့်ဘေး၌ရှိသောရိပေါကို

ရိပေါ သူတို့ငါတို့ကိုကြည့်ကြည့်နေကြတယ်ရော ဘာများဖြစ်ထားလို့လဲမသိဘူး မင်းတခုခုသိထားလား

မသိဘူး

မနေ့ကမနားတမ်းစကားပြောခဲ့သလောက်ဒီနေ့ကျတော့အရင်လိုရေခဲတုံးပြန်ဖြစ်သွားသောရိပေါကိုကြည့်ပြီးရှောင်ကျန့်နှာခေါင်းရှုံ့မိသည်။
သူတို့နှစ်ယောက်အခန်းထဲဝင်လာတော့ ယူပင်းကသူ့ဆီဒုန်းဆိုင်းပြေးလာပြီး

ရှောင်ကျန့်  သူကဘေးကရိပေါကိုတစ်ချက်ကြည့်လိုက်ပြီး

မင်းရိပေါနဲ့အတူကျောင်းလာတာလား

နှစ်ကိုယ်တည်းကြားရုံပြောလိုက်သောလည်းရိပေါကြားမှသေချာပါသည်။ရှောင်ကျန့်နှင့်ရိပေါရပ်နေသည်က သိပ်မကွာသည်ကို။ရှောင်ကျန့်ယနေ့ဖြစ်နေသမျှကိုနားမလည်တော့။သူ့အခန်းထဲကြည့်လိုက်တော့လည်းသူတို့ဆီမျက်လုံးများစွာကစူးစမ်းလျက်။

အင်းလေ ဘာဖြစ်လို့လဲ ယူပင်းကရုတ်တရက်ရှောင်ကျန့်အင်္ကျီကိုသတိထားမိသွားပြီး

ရှောင်ကျန့် မင်းဘာလို့အင်္ကျီကကြီးနေတာလဲ ရိပေါကစိတ်မရှည်သလို ယူပင်းကိုတိုက်ကာ အခန်းထဲဝင်ပြီးသွားထိုင်နေသည်။ ရှောင်ကျန့်ကလည်း ရိုးရိုးသားသားပင်

ငါမနေ့ကရိပေါအိမ်သွားအိပ်လိုက်ရလို့ သူ့ဆီကအင်္ကျီငှားဝတ်လာတာ

ယူပင်းခမျာ သူ့ရှိနေသောမျက်လုံးထက်ပိုပြူးသွားသောကြောင့် မိမိအားသရဲခြောက်နေသလားအောက်မေ့ရသည်။

ဘာ ဘာဖြစ်လို့လဲ ယူပင်း

မင်းတို့ကတကယ်ပေါ့အာ့ဆို

My boyfriend is a mafia boss (Completed)Where stories live. Discover now