ep9

12K 1K 11
                                    

Unicode

ရှောင်ကျန့်ကျောင်းဆင်းပြီဖြစ်၍ယူပင်းနှင့်လမ်းခွဲပြီးအိမ်ပြန်ရန်လုပ်လိုက်သည်။ယနေ့တစ်နေ့လုံးရှောင်ကျန့်စိတ်မကြည်နေ။အကြောင်းမှာရိပေါကိုအသစ်ရောက်လာသောယုဖေးဆိုသည့်မိန်းကလေးနှင့်တွဲတွေ့နေရသောကြောင့်ဖြစ်သည်။မနက်က ရိပေါကလည်းသူ့အားအကြောင်းအရင်းမရှိစိတ်ဆိုးသွားသေးသည်။သူ့ကိုရွံတယ်များထင်သွားလို့လားပဲ။ရှောင်ကျန့်ခေါင်းကိုလက်ဖြင့်ထိုးဖွလိုက်ပြီး သက်ပြင်းမောတစ်ချက်ချလိုက်သည်။ဘာလို့သူစိတ်ရှုပ်နေသလဲလည်းမသိပေ။လမ်းတစ်ဝက်လောက် ရောက်တော့မိမိနောက်မှဆိုင်ကယ်သံကြားလိုက်ရပြီးထိုဆိုင်ကယ်ကမိမိနားတွင်ရပ်လိုက်သည်။ကြည့်လိုက်တော့ မိမိ၌ ရှိသမျှအစာတွေပြန်ထွက်အောင်စီးလိုက်ရသည့်ဆိုင်ကယ်။

ဝမ်ရိပေါ??

တက်

နေ နေစမ်းပါဦး ဘာလို့တက်ရမှာလဲ

ငါ့အိမ်သွားမယ်လေ

ဘာလုပ်မို့မင်းအိမ်သွားရမှာလဲ မသွားဘူး အိမ်ပြန်ချိန်ရောက်ပြီ

ရှောင်ကျန့်မိမိလမ်းသာဆက်လျှောက်နေလိုက်သည်။တစ်နေ့လုံးသူ့ကိုလျစ်လျူရှုထားတာ ငါလည်းပြန်လျစ်လျူရှုပြမယ်

ဆိုင်ကယ်ကတစ်ဖန်မိမိနားသို့ရောက်လာပြီး ရိပေါကဆိုင်ကယ်ပေါ်မှဆင်းကာ ရှောင်ကျန့်ရှေ့ရပ်လိုက်သည်။

ဝမ်ရိပေါ မင်းဘာလုပ်တာလဲ

မင်းငါ့အိမ်လိုက်ခဲ့

မလိုက်ဘူး

မင်းအမေ ဆူမှာစိုးရင်တော့ဘာမှမဖြစ်ဘူး ငါနဲ့သာလိုက်ခဲ့

ဟင့်အင့် မင်းခေါ်တိုင်းငါကလိုက်ရအောင် ငါကမင်းကျွန်လည်းမဟုတ်ဘူး

ငါ့ရဲ့ကျွန်လို့လဲမပြောပါဘူး မင်းဘာသာမင်းသတ်မှတ်လိုက်ရင်တော့တစ်မျိုးပေါ့လေ

မင်း.......ရှောင်ကျန့်ကရိပေါကိုလက်ညှိုး ထိုးပြီးပြောလိုက်ရာ ရိပေါကထိုလက်ကိုအသာဆွဲကိုင်ကာဖယ်လိုက်ပြီး

ရှောင်ကျန့် ငါစဥ်းစားပြီးပြီ လုံးဝအဲ့သတင်းငြင်းပေးဖို့ဆိုတာမဖြစ်နိုင်ဘူး

My boyfriend is a mafia boss (Completed)Where stories live. Discover now