ep12

11.1K 923 15
                                    

Unicode

အဖေ သမီးတို့မင်္ဂလာဆောင်မယ့်ကိစ္စကိုမြန်မြန်လေးလုပ်ပေးပါ

မလောပါနဲ့သမီးရဲ့ အေးဆေးပေါ့ ယုကျန်းယာသူ့သမီးယုဖေးကိုဖြေသိမ့်လိုက်သည်။သို့သော်ယုဖေးက တည်ငြိမ်ခြင်းမရှိပဲ

အဖေ အခုရိပေါက ရည်းစားရှိနေပြီ

အထူးအဆန်းလုပ်လို့ အရင်တုန်းကလိုပဲရှင်းလိုက်လေ ဒါကသမီးအတွက်လွယ်တယ်မဟုတ်ဘူးလား

မဟုတ်ဘူးအဖေ အရင်ကလူတွေကရိပေါကသူတို့ကိုသိတောင်မသိဘူး ခုကမတူဘူး ရိပေါကသူ့ကိုအရမ်းအလေးထားတယ်

ဘယ်လိုမိန်းကလေးမျိုးမို့လဲ

မိန်းကလေးမဟုတ်ဘူးအဖေ ယောကျားလေး

Ohတော်တော်လေးစိတ်ဝင်စားစရာကောင်းတာပဲ လူတွေမှာအားနည်းချက်ကိုယ်စီရှိကြတယ် ကိုယ်ကအနိုင်ရဖို့ဆိုရင် ပြိုင်ဘက်ရဲ့အားနည်းချက်ကိုဖမ်းဆုပ်ပြီးထပ်ခါတလဲလဲထိုးနှက်တတ်ရမယ်  အဖေပြောတာသမီးသဘောပေါက်တယ်မလား အဲ့ကောင်လေးနဲ့အကြပ်ကိုင်ပြီး သမီးလိုချင်တဲ့သူကိုရအောင်ယူပါ ကျန်တဲ့ဟာတွေသမီးမစိုးရိမ်နဲ့ အကုန်အဖေရှင်းပေးမယ်

ယုဖေးပြုံးလိုက်ပြီးသူ့အဖေကိုဖက်လိုက်ကာ

အာ့ကြောင့်အဖေ့ကိုချစ်တာ ကျေးဇူးပါပဲအဖေ

မလိုပါဘူးသမီးရဲ့ ယုကျန်းယာသူ့သမီးရဲ့ခေါင်းကိုပွတ်ပေးပြီးပြန်ဖက်လိုက်သည်။ယုဖေးသူ့အဖေအခန်းထဲကထွက်လာပြီးနောက် လူတစ်ယောက်စီသို့ဖုန်းခေါ်လိုက်သည်။

ဝမ်ချောင်ငါပါ ယုဖေး ငါ့မှာနင်စိတ်ဝင်စားမယ့်ကိစ္စတစ်ခုရှိတယ် နင့်ကိုတန်ရာတန်ကြေးလည်းပေးမယ် ဘယ်လိုလဲ

..........

ကောင်းပြီလေ မနက်ဖြန်တွေ့နေကြနေရာမှာတွေ့ကြရအောင်

ယုဖေးဖုန်းချလိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။ဝမ်ချောင်ဆိုသူက အောက်လောကရဲ့ကြေးစားဆိုမလား။သူ့ကိုပိုက်ဆံပေးရင် ဘယ်ကိစ္စဖြစ်ဖြစ်အကုန်လုပ်ပေးတယ်။သူမနဲ့ချိတ်မိတာကလည်း သူမအဖေကြောင့်ပါ။တစ်ခါတုန်းကသူမကိုလိုက်နှောက်ယှက်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။အဲ့တစ်ယောက်ကနည်းနည်းအသိုင်းအဝိုင်းကြီးထဲကဆိုတော့ လွယ်လွယ်နဲ့ရှင်းထုတ်လို့မရဘူး။နောက်ဆုံးဝမ်ချောင်ကိုအကူအညီတောင်းပြီးသူ့ဘဝကိုဖျက်ဆီးခိုင်းလိုက်တယ်လေ။တစ်သက်လုံးမျက်နှာမဖော်ရဲအောင်အရှက်ရသွားရရှာတယ်။ဝမ်ချောင်က အကုန်ဆွဲစားတဲ့သူ။ယောကျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်။သူကဖြူဖြူအုအုလေးတွေကိုဆိုရင်အရမ်းကြိုက်တာ ရှောင်ကျန့်လိုလူမျိုးကိုပေါ့။
ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ငါရိပေါကိုပိုင်အောင်လုပ်မှာ။
======
ရိပေါရဲ့အိမ်ကိုရှောင်ကျန့်မှာတစ်ချက်လွတ်အမိန့်ကြောင့် ချက်ချင်းရွှေ့လိုက်ရသည်။ရှောင်ကျန့်အခန်းကတော့ရိပေါရဲ့ဘေးဘက်ကအခန်းပါ ရှိတာကမှ၂ခန်းထဲရယ်ဆိုတော့လည်း။အခန်းကိုဖတ်ဖတ်မောအောင် ရှောင်ကျန့်ရှင်းလိုက်ရသည်။ရိပေါကတော့ မကူညီပါပေ။ရှောင်ကျန့်ကို အခန်းသော့ဖွင့်ပေးပြီးပြန်မပေါ်လာတော့။အိတ်တွေကိုနေရာတကျထားပြီး ရိပေါပေးခဲ့သောအိပ်ရာခင်းများခင်းလိုက်သည်။ အကုန်နေရာချထားပြီးနောက်တွင်ရှောင်ကျန့် ရေချိုးလိုက်သည်။ပြီးနောက်သံတော်ဦးတင်ရန်အမေ့ဆီဖုန်းဆက်လိုက်သည်။

My boyfriend is a mafia boss (Completed)Where stories live. Discover now