Extra : I Love You At All Cost

9.6K 1K 21
                                    

(Unicode)

ချုံချင်ဘက်ကို ရိုက်ကူးရေးဆင်းရတဲ့ ရှောင်းကျန့်အတွက်စိတ်ထဲမှာ တစ်ရက်ဟာ တစ်ကမ္ဘာလောက် ကြာနေသလိုပါပဲ .....

Internet လိုင်းတွေအပြင် ဖုန်းလိုင်းပါမမိတာမို့ သူ့ဝမ်ငယ်လေးနဲ့ ချစ်ကြိုးသီဖို့တောင် အခွင့်မသာခဲ့ ....

အိမ်ပြန်ရောက်တာနဲ့
သူ့အကြင်နာအစုစုလေးကို ပွေ့ဖက်မယ်....
ချစ်ဆည်းဆာယာစကားလေးတွေကို
တဖွဖွ ဆိုမယ် ....
လွမ်းကြောင်းဂါထာလေးတွေ
တသသရွတ်ရင်း အမှတ်ယူရပါဦးမယ် .....

အိမ်မှာ ရိပေါ်လေးဟာ ဘာများလုပ်နေပါမလဲ ....
ဆွယ်တာ ညိုညိုလေးဝတ်ရင်း အစားအစာချက်ပြုတ်နေမလား ....
Forget me not လေးတွေကိုများ ရေလောင်းနေမလား ..
တွေးရင်းနဲ့တင် လူက စိတ်ထဲ ပျော်လာတာမျိုး ရိပေါ်ကိုရင်ထဲထည့်ပြီးကတည်းက ရှောင်းကျန့် ခဏခဏခံစားရပါတယ် ...

"ရှောင်းကျန့်....."

"အင်း ...."

"လှုပ်ရွနေတာပဲ ငါတအား မူးနောက်နေပြီ ...."

"ရှေ့မှန်ကနေ လှမ်းလှမ်းကြည့်နေတာကို ...
မူးမှာပေါ့ ....."

ကျိရန်က စုတ်တစ်ချက်သပ်ရင်း ခေါင်းကို ခပ်လေးလေးခါတယ် .....

သူများတွေမျက်လုံးထဲမှာတော့ အပိုလုပ်တယ် ထင်ကြတော့မှာပဲ ....

အမှန်တော့ ရှောင်းကျန့်တကယ်လွမ်းနေခဲ့တာ ....

"မင်းကို ဟောက်ရွှမ်းကပြောနေတယ် .... တအားပိုတာပဲတဲ့ နောက်ပိုင်း ပိုပိုဆိုးလာတယ်တဲ့ ...."

မြူးနေတဲ့အပျော်လေးကို ရင်ထဲကိန်းဝပ်ရင်း ရင့်ကျက်မှုလေးတွေကို အပေါ်က ပြန်ကာတယ် .....

"ကျိရန် ... လောကကြီးမှာ အချစ်ရဲ့ အချိန်ကာလကို စကားလုံး နှစ်လုံးနဲ့ပဲ ဖော်ပြလို့ရတယ်တဲ့ ...."

ကျိရန်က ကားကို ဘေးခဏထိုးရပ်ရင်း ပြောလက်စ စကားကို ဆက်နားထောင်တယ် ....

"တစ်လျှောက်လုံး နဲ့ တစ်သက်လုံး ....
ရိပေါ်က ငါ့ကို တစ်လျှောက်လုံးချစ်ပေးခဲ့ရတာ .... ငါဘာလုပ်လုပ်ဘာဖြစ်ဖြစ် ငါ့အခြေအနေအကုန်လုံးကို လက်ခံပေးပြီး ချစ်ပေးခဲ့တာ ....
အဲ့လိုလူအတွက် ငါပြန်ပေးနိုင်တာက တစ်သက်လုံးချစ်သွားပေးဖို့ပဲ ......
သူက စချစ်ခဲ့ပေမယ့် ငါ့ကဆက်ချစ်ဖို့ပဲ တတ်နိုင်တယ် ..... အားနာစိတ်နဲ့ ချစ်နေတယ်လို့မမြင်ပဲ သူမို့လို့ချစ်တယ်လို့ပဲ မြင်စေချင်တာ ...
သူငါ့ကြောင့် တစ်လျှောက်လုံးငိုကြွေးခဲ့ရသမျှ အခုသူ ငါ့ကြောင့် တစ်သက်လုံးပျော်နေစေချင်တာ ...."

EPIPHANY  (Completed)حيث تعيش القصص. اكتشف الآن