10. Way Back To Past (White)

9.7K 1.3K 9
                                    

(Unicode)

2014 / August

"ကြက်ဥတောင် မခေါက်တတ်ပဲနဲ့ ဘာလို့ ကိတ်မုန့်လုပ်ဦးမှာလဲ ...."

"ဟာ .... မွေးနေ့ဆိုတာ ကိတ်မုန့်စားရတယ် ...."

"ကျွန်တော့်မွေးနေ့လေ .... စားချင်မှ စားမှာပေါ့ အကိုက စားချင်နေတာမလား ...."

"အကိုက ရိပေါ်ကို လုပ်ကျွေးမလို့လေ ...."

"တော်ပြီ လုပ်တတ်တာပဲ လုပ်တော့ ...."

"ဘာမှမလုပ်တတ်ဘူး ...."

"အကို ....!"

ဆောင့်အော်လိုက်တော့ သူဘာမှမလုပ်ထားပါဘူးဆိုတဲ့ ပုံစံလေးနဲ့ မျက်လုံးလေး ကလယ်ကလယ်လုပ်ပြတဲ့ အကိုက အသည်းယားစရာ ....

ဖိုးဖိုးနဲ့ product အသစ် concept ဆွေးနွေးရင်း ရိပေါ်မွေးနေ့ဆိုတာ သိသွားတဲ့ အကိုက ရိပေါ်အိမ် မီးဖိုချောင်ထဲမှာ အခန့်သားဝင်ပြီးနေရာယူတယ် ....

မွေးနေ့ဆိုလည်း သာမာန်ရက်လိုပဲ ဖြတ်သန်းတတ်တဲ့ ရိပေါ့်အတွက်တော့ အကိုဟာ တောင်းစရာမလိုပဲရတဲ့ သက်ရှိမွေးနေ့လက်ဆောင်လေးပဲ ....

"ပူတင်းတော့ ကျွန်တော်ဖုတ်တတ်တယ် စားမလား ....?"

"ဒီလိုလုပ်လေ ... ပူတင်းကို ဖုတ်ပြီး ယူခဲ့လိုက် မွေးနေ့ကျွေးတာကို အပြင်မှာစားမယ် ... ပြီးရင် အချိုတည်း မကောင်းဘူးလား ...."

"အကိုက တကယ် ယုန်ငလည်ကြီးပဲ ..."

ရှောင်းကျန့် သွားလှလှလေးတွေကို သုံးပြီး ရယ်ပြတော့ ရိပေါ်က ခေါင်းတခါခါနဲ့ ကြက်ဥတွေ သွားထုတ်လာတယ် ...

တကယ်တော့ ရှောင်းကျန့်ဟာ ရိုက်ကွင်းဆက်တိုက်မလို့ အတော်ပင်ပန်းလွန်းလှပြီ ....

ရိပေါ့်အဖိုးက "ဒီနေ့ ရိပေါ်လေးမွေးနေ့လေ"လို့ စကားစတော့ ပင်ပန်းတဲ့စိတ်တွေနေရာမှာ အားပြည့်ခြင်းတချို့က နေရာယူပြန်တယ် ....

ရိပေါ်ဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းကို ပြည့်ဝထားသူဖြစ်တယ် ...

ရှောင်းကျန့်ရဲ့ အားလပ်ချိန် တစ်စိတ်တစ်ဒေသကို ရိပေါ်ဟာ ငါးလတည်းနဲ့ အပိုင်စီးထားလို့ ...

EPIPHANY  (Completed)Where stories live. Discover now