6. Philophobia

10.7K 1.3K 25
                                    

(Unicode)

2006 / November

"ရိပေါ်လေး ... မုန့်လေးဖြစ်ဖြစ် နည်းနည်းစားလိုက်ပါကွယ် ....."

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကအထိ အငိုမတိတ်ခဲ့တဲ့ကလေးငယ်လေးဟာ အခုတော့ အိပ်ယာထဲကနေပါ မထလာတော့တာ ...

ရိပေါ်ဟာ အားတိုင်းအိပ်နေတယ် ...

သူအိပ်လိုက်တိုင်း အိပ်မက်ထဲမှာ သူ့မားမား ပြန်ရောက်လာတယ်လို့ အိပ်မက်မက်တယ် ...

ဒါပေမယ့် ဒါက ပုံရိပ်ယောင်တွေပဲ ....

တကယ်မှ ရောက်မလာတော့တာ ....

တွေးရင်းနဲ့ မျက်ရည်ဖြိုင်ဖြိုင်ကျတော့ ရင်ဘတ်ကပိုနာတယ် ....

ဒါပေမယ့် ....

သူ့မှာ သူ့ပါးပါးရှိနေသေးတယ်.....

အဲ့စိတ်နဲ့ ရိပေါ်ဟာ ပြန်လည် ထူမတ်လာခဲ့တယ် ....

ဒါပေမယ့် ရိပေါ်ရဲ့ စိတ်ထဲစွဲသွားတာက သူအမေကို သိပ်မုန်းတယ် ... သိပ်ကြောက်တယ် ...

လျန်းဟန်မီဆိုတဲ့ နာမည်ကိုပါ မေ့ပစ်လိုက်ချင်တဲ့အထိ ....

သူ့အမေ လက်ဆောင်ဝယ်ပေးခဲ့တဲ့ Hand chain လေးဝတ်ထားခဲ့တဲ့ နေရာကို ကုတ်ဖဲ့တာအခါခါ ....

ရိပေါ်အဖေက အဲ့ကတည်းက ရိပေါ်ကို ပြန်ဂရုစိုက်လာခဲ့တယ် ...

လူကြီးကိစ္စတွေနားလည်နိုင်တဲ့ အရွယ်ရောက်တော့ ....

ပါးပါးဟာ မားမားကို တစ်ဖက်သက် ချစ်ခဲ့တာလို့ ဖိုးဖိုးဆီက ပြန်ကြားရတယ် ....

ပါးပါးရဲ့ အရွဲ့တိုက်မှု အနည်းအကျဉ်းပါပေမယ့် ပါးပါးဟာ မားမားကို ကွာရှင်းပြီးကတည်းက ပျော်ရွှင်မှုပျောက်ဆုံးနေခဲ့တာ ရိပေါ် ရိပ်မိတယ် ....

~~~~~~~

2013 / April

" ပါးပါး ... အရက်သောက်တာ ကျန်းမာရေးအတွက် မကောင်းဘူး ...."

"ထူးထူးဆန်းဆန်း ညဘက်ကြီး ဘာလို့ဆင်းလာတာလဲ ....."

"အိပ်မရလို့ ....."

ဆယ့်ခြောက်နှစ်အရွယ်ဟာ alcohol သောက်လို့မရသေးလို့ သူမထိပေမယ့် ပါးပါးနဲ့ တူတူ သောက်ပေးချင်တဲ့အတွက် cola ဘူးသာဖောက်ပြီး ဝင်ထိုင်နေလိုက်တယ် ...

EPIPHANY  (Completed)Where stories live. Discover now