23. Sweet Kisses ...

12.7K 1.4K 38
                                    

(Unicode)

ရိပေါ့်နှုတ်ခမ်းဟာ တကယ်ဖူးဖူးနွေးနွေးလေး ...
ဖူးငုံကာစပန်းလေးလိုပဲ ....
တရှိုက်မက်မက် စားသုံးချင်စဖွယ် ...

အမူးပါးလေးက လူးလွန့်လာတာ အသက်ရှုကြပ်လို့ထင်ပါရဲ့ ....
ဒါပေမယ့် အင်္ကျီလည်ပင်းစကို ဆွဲထားတာ သူမဟုတ်တဲ့အတိုင်း ...။

"အဆင်ပြေလား ....?"

"....."

မျက်နှာရဲရဲလေးက အခန်းမီးမှိန်မှိန်လေးနဲ့ တွဲဖက်တော့ ရိပေါ်ဟာ တကယ် အရှက်သည်းတဲ့ကောင်လေး ....

"ကိုယ် ..ရှေ့ဆက်တိုးလို့ရမလား .....?"

လေသံဖျော့ဖျော့နဲ့မေးတော့ ရှက်သွေးလေးတွေက နားရွက်ဖျားလေးအထိ ဆန်တက်တယ် ...

အမူးပါးလေးက သိသိသာသာ ခေါင်းငြိမ့်ပြတာကို မြင်လိုက်ရပါတယ် .....

အင်္ကျီအနားစလေးကို ဆွဲကာ ချွတ်ဖို့ပြင်တော့ ...

ရိပေါ်က လက်လှမ်းတားတယ် ....

"အင်္ကျီ ... မချွတ်လို့ရမလား .....?"

ရှောင်းကျန့်တကယ် သနားသွားခဲ့ပါတယ် ...
ဒဏ်ရာဒဏ်ချက်မျိုးစုံရှိခဲ့ဖူးတဲ့ကလေးကို သူ့ဘက်က ငြင်ငြင်သာသာ ထွေးပွေးပေးဖို့သာ တတ်နိုင်တာ ....

"ဟင့်အင်း .... ကိုယ့်ကြောင့်ရခဲ့တဲ့ ဒဏ်ရာတွေကို ကိုယ်ကြည့်ချင်တယ် ရိပေါ် ...."

ရိပေါ့်ပါးစပ်ကလေနွေးနွေးတချို့မှုတ်ထုတ်လိုက်တော့ ရှောင်းကျန့်နှာခေါင်းထဲ ဘီယာအနံ့တချို့ရလိုက်ပါတယ် ...

အဲ့လောက်ထိ နီးကပ်နေတဲ့အခြေအနေမှာ ဘာမှမလုပ်ရင် ရှောင်းကျန့်ဟာ ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ် ....

နှုတ်ခမ်းဖူးဖူးလေးကို ခပ်ဖွဖွပြန်လည်စုပ်ယူရင်း အင်္ကျီကို အသာဖယ်ခွါတော့ မှန်ကွဲရှတဲ့ ဒဏ်ရာတချို့က ညှပ်ရိုးနားမှာနေရာယူပြန်တယ် ...

လက်ကောက်ဝတ်မှာလည်း ဓါးဒဏ်ရာတို့ရဲ့ အကြွင်းအကျန် ....

ရိပေါ်တော့ ဘယ်လိုခံစားခဲ့ရလဲမသိပေမယ့် သူဒီဒဏ်ရာတွေကို မြင်တဲ့အချိန်မှာ ငိုချင်တာပဲ သိလိုက်ပါတယ် ....

EPIPHANY  (Completed)Where stories live. Discover now