3. My Moira

14K 1.5K 11
                                    

(Unicode)

2019 / February

ခေတ်ဟောင်းဓါတ်ပြားတစ်ခုကို ခပ်ဆွေးဆွေးလေးဖွင့်ထားတဲ့ ပြင်သစ်စားသောက်ဆိုင်ဟာ အထက်တန်းလွှာတွေအတွက် သီးသန့်ဖွင့်ထားတာမို့ လူရှင်းလွန်းလှတယ် ....

တစ်ဆိုင်လုံးမှာမှ ရိပေါ်နဲ့ အကိုနှစ်ယောက်တည်း .....

"အဲ့တော့ မင်းက လက်ထပ်ဖို့ ကတိပေးလိုက်တယ်လား ....?"

"အဲ့လိုတော့မဟုတ်ပေမယ့် .... "

"မင်းခေါင်းမခါခဲ့ဘူးဆိုကတည်းက မင်းလက်ခံခဲ့တာနဲ့ တူတူပဲပေါ့....."

အသားကင်ကို လှီးဖြတ်တော့ ဓါးကို အားစိုက်ထားရတဲ့ ညာဘက်လက်က အကြောစိမ်းလေးတွေထောင်လို့ ....

အကိုနဲ့ပတ်သတ်လာရင် ... အရာရာက မြတ်နိုးဖွယ်အတိ ပြီးပါတယ် ....

"အဖိုးကို ကျွန်တော် လွန်ဆန်လို့မရတာ အကိုသိပါတယ် ...."

"သိတာပေါ့ .... အဲ့တော့ ဘယ်တော့လက်ထပ်ပေးမှာတဲ့လဲ ....?"

"အကို့ကိုရွေးခိုင်းပါတဲ့ ...."

"အဟက် .... အဲ့ရွေးချယ်ခွင့်ထဲမှာ ဝမ်မိသားစုရဲ့ မြေးရတနာကို မရွေးချယ်ဖို့ဆိုပြီး မပါလာဘူးလား ....?"

စားပွဲအောက်မှာ ဖွက်ထားတဲ့ လက်အုအုလေးက လက်သီးလေးဆုပ်မိလို့ ....

ရင်နာရပါတယ်လို့ အော်ဟစ်နေရင်တောင်မှ အရှေ့ကလူက သက်သက်သာသာလေး ဖြတ်လျှောက်သွားဦးမှာ ....

"ရက်ရွေးပြီးရင် အကို အဖိုးကိုပဲပြောလိုက်ပါတော့ ... ကျွန်တော် ဒီရက်ပိုင်းသိပ်မအားလို့ ...."

"ငါ့မှာချစ်သူရှိတယ် ..... ရှီးရှီးတဲ့ ...."

"ကျွန်တော် သွားတော့မယ် ...."

ဆောင့်ကနဲ အကို ပစ်ချလိုက်တဲ့ ခက်ရင်းက ကြမ်းပြင်ပေါ်ကို အသံကျယ်ကျယ် မြည်အောင် သက်ဆင်းလေရဲ့ ....

Waiter တွေလှုပ်လှုပ်ရှားရှားဖြစ်သွားတော့ အကိုက လက်သာထောင်ပြလိုက်တယ် ...

"ပြန်ထိုင် ရိပေါ် ..... ငါ့စကားမဆုံးသေးဘူး ..."

မြတ်နိုးမှုနဲ့ တွဲဖက်ရင် အကို့အမိန့်ကလည်း နာခံချင်စရာပါပဲ ....

EPIPHANY  (Completed)Where stories live. Discover now