26. Everything is clear now ...

10.3K 1.2K 31
                                    

(Unicode)

ဝမ်မိသားစုအိမ်ရဲ့ ခမ်းနားကြီးကျယ်မှုက အပြင်ဘက်က ကြည့်ရုံနဲ့တင် ရမ်းသမ်းတွေးလို့မရဘူးဆိုတာ ရှောင်းကျန့်နားလည်လိုက်ပါတယ် ...

ညစာ ထမင်းစားဖို့ ခေါ်ရုံလေးဆိုပေမယ့် ...
ရိပေါ်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကို နောက်တစ်ခါပြန်ပြီးခြေချရတဲ့အခါ ရင်ထဲမယ် တစ်လှပ်လှပ်ရယ်နဲ့ .....

"ရိပေါ်ကော ...."

"ဟောက်ရွှမ်း ....."

"လာလေ ဒီကို .... အသားတူတူကင်ရအောင် ခဏနေ ကျိရန်ကောပါလာမှာ ....."

"အာ .... လာပြီ .... အကိုရော ...."

"အင်း ... ပြီးရင်လာခဲ့မယ် ... ကိုယ် ဥက္ကဌဝမ်ကို နှုတ်ဆက်မလို့ ...."

အမှန်တော့ ရိပေါမသိအောင် ထွက်လာခဲ့ပါလို့ ဥက္ကဌဝမ်က မှာထားတာမို့ ....

အသင့်စောင့်နေတဲ့ ကြီးကြီးယန် နောက်ကို လိုက်ခဲ့တော့တယ် ....

တစ်ခုခု အရေးတကြီးပြောစရာရှိတယ် ထင်ပါရဲ့ ....

~~~~~~~

"ရိပေါ်ကို သူ့အမေနဲ့ပေးတွေ့တယ်ဆို ...."

မြေသားနဲ့ပြုလုပ်ထားတဲ့ ရေနွေးကြမ်းခွက်ထဲ Sakura ပန်းလေးတွေထည့်ထားပြီး တည်သီးခြောက် လက်ဖက်ရည်ကို လောင်းထည့်ရင်း ရိပေါ်အဖိုးက စကားဆိုတယ် ....

"ဟုတ်ကဲ့ ...."

"ကြည်ဖြူရဲ့လား ....."

"တစ်ခုခုရှိခဲ့တယ်မလား .....?"

ဥာဏ်ပြေးလွန်းတဲ့ရှောင်းကျန့်ဟာ ရိပေါ်နဲ့တုန်းက ဒူပေပေနိုင်ခဲ့တာကလွဲရင် ကျန်တာ အကုန် အကဲခတ်မြန်ပါတယ် .....

"အင်း ...."

"အိမ်တွင်းရေးကိစ္စမဟုတ်ရင် ကျွန်တော့်ကို ပြောပြစေချင်ပါတယ် ...."

"ဘာလို့ ..."

"ကျွန်တော်ကအခုအချိန်မှာ ရိပေါ်နဲ့ တရားဝင်သက်ဆိုင်သူပါ .... ကျွန်တော်သိထားမှသာ ရိပေါ်အတွက် ကောင်းမကောင်းဆုံးဖြတ်နိုင်မှာပေါ့ ...."

ရိပေါ်အဖိုးဟာ တစ်ချက်ပြုံးပါတယ် ....

မသက်မသာဖြစ်နေသလိုအပြုံးမျိုး ....

EPIPHANY  (Completed)Where stories live. Discover now