25. I've got you , only you ...

10.6K 1.2K 14
                                    

(Unicode)

"အကို .... အကို ထတော့ .... Shooting ရှိတယ်မလား ....."

ရိပေါ် နှိုးနေပေမယ့် အကိုက မထ ...

သုံးယောက်ထိုင် sofa ပေါ်မှာ မနေ့ညကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတွေးမိတော့ ငိုအားထက် ရှက်အားကသန်ပြန်တော့ ဘောင်းဘီကိုသာ အမြန်ကောက်စွတ်ရပြန်တယ် .....

"ထလို့ .... အကိုရေ ....."

"ဘာလဲ ရိပေါ် ...."

အိပ်ချင်မူးတူးနဲ့ ထလာတဲ့အကိုက မနက်ခင်းရဲ့ ပန်းချီကားချပ်လေးပဲ ....

တစ်သက်လုံး နောက်ဆုံးစုတ်ချက်ကို မရေးဆွဲချင်ခဲ့တဲ့ လက်ရာမြောက် ပန်းချီကားလေး ...

"ရုပ်ရှင်ရိုက်ဖို့ ...."

"လိုမှမလိုတော့တာ ...."

အကိုက ခပ်အေးအေးပြောရင်း အင်္ကျီကောက်စွတ်တယ် ....
သူကျ ဘောင်းဘီတောင်မချွတ်ခဲ့ ...
မတရားပါ .... တကယ်ကို မတရားပါ ...

"ဘာလဲ ... ဘာလို့မလိုတော့တာလဲ ..."

"ကိုယ်ပြောတယ်လေ ... ကိုယ် အနုပညာလောကကထွက်မယ်လို့ ...."

"ဟင် ....."

"ဘာလို့လဲ ကိုယ့်အချစ်ရဲ့ .... မကြိုက်ဘူးလား ... အချစ်က ကိုယ့်ကို အဲ့မင်းသားနဲ့ တွဲမြင်ရမှာ အဆင်မပြေဖြစ်မှာပေါ့ ...."

ပြောရင်းနဲ့ အကို့လက်ဖဝါးနုနုက ရိပေါ်ရဲ့ ရှေ့ဆံပင် ဖွာဖွာလေးတွေကို သပ်တင်ပေးနေပါတယ် .....

"အဲ့လိုတော့မဟုတ်ပေမယ့် ... အမှတ်တရတစ်ခုခုတော့ ရှိသွားစေချင်တာ ... ကျွန်တော်ရေးတဲ့ ဇာတ်ညွှန်း ... အကိုက မင်းသားဆိုပြီး ......"

လက််လေးနှစ်ဖက်ကို ဆုပ်ခြေပြီး မဝံ့မရဲပြောနေတဲ့ ရိပေါ်ဟာ တကယ်ကို ငုံထွေးထားချင်စရာလေး ....

ခပ်တင်းတင်းလေး ပွေ့ဖက်လိုက်ရင်း အရေးအကြီးဆုံး အပေးအယူကို လုပ်ဖို့ ရှောင်းကျန့်ဆုံးဖြတ်လိုက်ပါတယ် ....

ရိပေါ့်ကို ဒီအကြောက်တရားတွေကြားထဲက လွန်မြောက်စေချင်တာ ရှောင်းကျန့် သစ္စာအမှန်ပါပဲ ......

~~~~~~~~

"မတွေ့ချင်ဘူး ....."

"ရိပေါ် ....."

EPIPHANY  (Completed)Where stories live. Discover now