20. Finally , I know my mind ...

11.3K 1.4K 44
                                    

(Unicode)

ဖုန်းပြောရင်းနဲ့ ကြားလိုက်ရတဲ့ အသံတချို့ကြောင့် ဟောက်ရွှမ်းဟာ ဖုန်းကို မချလိုက်ပါပဲနဲ့ ဆက်ကိုင်ထားပြီး နားထောင်နေတယ် ...

ကျကွဲသံတွေလည်း မရှင်းမရှင်းကြားနေရပေမယ့် .... သူဘာဖြစ်လဲ တကယ်မမှန်းဆနိုင်ခဲ့ ...

နောက်ဆုံး သူအိမ်ကထွက်ဖို့ လုပ်တယ် ...

အိမ်တံခါးဝမှာတင် ကျိရန်ကောဆီကဖုန်းဝင်လာတယ် ....

"ဟောက်ရွှမ်း ...."

"အင်း ... ကော ပြော ..."

လိုတာထက်ပိုပြီး အသက်ရှူနှုန်းမြင့်နေတာသိတော့ ကျိရန်ဟာ ညနေ ညစာစားဖို့ကိစ္စဖျက်မှာကို ပြောရနိုးနိုး မပြောရနိုးနိုး စဉ်းစားရပြန်တယ် ....

"ကော ... ? ဒါနဲ့ ကောဘယ်မှာလဲ ..?"

"ရိုက်ကွင်းမှာ .. ညနေ ..."

"ရှောင်းကျန့်ရှိလား ...?"

"ရှိတယ်လေ ... ဘာလို့ ..."

"သူ့ကို ဖုန်းပေးလိုက် ...မြန်မြန် ...!"

လိုတာထက်ပိုကျယ်လောင်တဲ့ အသံကြောင့် ကောစိတ်ဆိုးသွားမှာ စိုးရိမ်ရပေမယ့် ငယ်ငယ်ကတည်းက သူ့အပေါ်ကြင်ကြင်နာနာရှိလှတဲ့ ကိုကို တစ်ခုခုဖြစ်သွားမှာ ပိုစိတ်ပူရပါတယ် ...

"ဟယ်လို ...."

အသံချိုချိုနဲ့ ပြန်ထူးတဲ့ လူဟာ ရှောင်းကျန့် ...

"ကျွန်တော် ဝမ်ဟောက်ရွှမ်း ... သိတယ်မလား ဝမ်မျိုးရိုး ... ခင်ဗျားအိမ်မှာ ကျွန်တော့်အကို တစ်ခုခုဖြစ်နေတယ် အိမ်မြန်မြန်ပြန် ... ခင်ဗျားကို ငါးနှစ်လောက် ကြိတ်ချစ်ခဲ့တဲ့လူရဲ့ အသက်ကိုမှီချင်သေးရင် ခင်ဗျား အိမ်ပြန် ...."

ဟောက်ရွှမ်းဘာတွေပြောလိုက်လဲဆိုတာ ကျိရန်မသိပေမယ့် ရှောင်းကျန့်လက်ထဲကနေ ကျိရန်ဖုန်းက လွတ်ကျသွားခဲ့ပါတယ် ....

"ကျိရန် .... ကျိရန် ... ရိုက်ကွင်းဖျက်ပေး ..... ငါ အိမ်ပြန်မယ် .... အိမ် ....."

ကယောင်ခြောက်ခြားနဲ့ လက်တွေပါတုန်ပြီး ပြောနေတဲ့ ရှောင်းကျန့်ကို ကားပေးမမောင်းနိုင်တာကြောင့် ရိုက်ကွင်းဖျက်ပြီး သူကိုယ်တိုင် အိမ်လိုက်ပို့ရပါတယ် ...

EPIPHANY  (Completed)Where stories live. Discover now