9. Way Back To Past (Brown)

10.4K 1.3K 32
                                    

(Unicode)

2014 / April

"ရိပေါ်က စက်ဘီး စီးတတ်တယ်ပေါ့ ...."

အိမ်ရှေ့ကို သုံးလေးခါလောက်ဖြတ်စီးနေတဲ့ ရိပေါ်ကို ရှောင်းကျန့် ရိုက်ကွင်းကပြန်ရောက်ကတည်းက မြင်နေတာအခုထိပါပဲ ...

စက်ဘီး စိမ်းစိမ်းလေးဟာ ....

လေတိုက်ရာဘက်ကို မျက်နှာမူလိုက် ...

နေဝင်ရာဘက်ကို မျက်နှာလှည့်လိုက်နဲ့ ...။

Daffodil key chain လေးရပြီးကတည်းက ဒီကောင်လေးနဲ့ ရှောင်းကျန့်ဟာ ရင်းနှီးသွားကြပြန်တယ် ...

ခြံထဲကနေ အကို့ကိုစောင့်ကြည့်ရတာ အဆင်မပြေလို့ စက်ဘီးစီးရင်း တစ်ချက် တစ်ချက်ချောင်းနေမိတာ အကိုမသိပါစေနဲ့လို့ ရိပေါ်ကတော့ တိတ်တဆိတ် ဆုတောင်းတယ် ...

"အကိုရော .... မစီးချင်ဘူးလား ..."

စက်ဘီးကို ခြံရှေ့မှာ ဒေါက်လေးထောက်ကာ လျှောက်လာတဲ့ ရိပေါ်ကို ရှောင်းကျန့်က ခြံတံခါး အဆင်သင့် ဖွင့်ထားပေးတယ် ...

ရှောင်းကျန့်ဟာ ဆိတ်ငြိမ်တဲ့ ရပ်ကွက်မှာနေတာမို့ ရိုက်ကူးရေးမရှိရင် လမ်းထဲမှာ လူရှင်းနေတတ်တယ် ... paparazi တွေကိုတော့ ထည့်မတွက်နဲ့ပေါ့ ..

တံခါးဖွင့်ပေးတာဟာ မိန်းကလေးဆိုရင်တောင် တစ်မျိုးအထင်ခံရမှာဖြစ်ပေမယ့် ....

ရိပေါ်ဟာ မိန်းကလေးမှ မဟုတ်တာ ..

ပြီးတော့ ရှောင်းကျန့်ဟာ ဒီကောင်လေးကို ခင်တွယ်ပါတယ် ...

"အကို စက်ဘီးမစီးတတ်ဘူး ...ရီရတယ်ဟုတ် ... ဒီအရွယ်ပဲရောက်နေပြီကို ..."

ပြောရင်းနဲ့ အကိုကရယ်တော့ မှဲ့နက်လေးက အပေါ်ကို ကော့တက်သွားပြန်တယ် ....

နောက်ဘဝဆိုတာ တကယ်ရှိရင် ....

ရိပေါ်ဟာ အကို့နှုတ်ခမ်းထက်က မှဲ့လေးကို ထိတွေ့ခွင့်ရနိုင်တဲ့ လေနုအေးလေးပဲ ဖြစ်ချင်ပါတယ် ....

အကို ထိုင်နေကျခုံတန်းလေးရောက်တော့ အကိုဟာ သူဖတ်လက်စ စာအုပ်ကို ဆွဲယူပြီး ရိပေါ်ကိုထိုင်ခိုင်းတယ် ....

ပြီးတော့ သူပါ ရိပေါ့်ဘေးဝင်ထိုင်တယ် ...

"စာအုပ်ဖတ်နေတာလားအကို ...?"

EPIPHANY  (Completed)Where stories live. Discover now